ပုထုဇဉ်လူသား ဆိုတာ လောဘ၊ ဒေါသ၊ မောဟနဲ့ မကင်း နိုင်ပါဘူး။ ဒီအထဲမှာ လောဘ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တင်ပြချင်တာပဲ ဖြစ်ပါတယ်။ လူတိုင်း၊ လူတိုင်းမှာ လောဘဆိုတာ ရှိကြတယ်။ တစ်ရာ ရှိတဲ့လူက တစ်ထောင် လိုချင် တယ်။ တစ်ထောင် ရှိတဲ့သူက တစ်သောင်း လိုချင်တယ်။ တစ်သောင်းရှိတဲ့သူက တစ်သိန်းလို ချင်တယ်။ အို … ဖြစ်နိုင်ရင်ပေါ့ လေ။ မိမိမှာရှိတဲ့ အတိုင်းအတာ ပမာဏထက် ပိုမိုမြင့်မားတဲ့ ပမာဏ ကို လိုချင်တပ်မက်နေကြတာ။ ရှေ့မှာပြောခဲ့သလို ပုထုဇဉ် လူသား တွေ ဖြစ်လို့ပါ ဆိုရင် ဒါဟာ အဆန်း တကြယ်၊ ထွေထွေ ထူးထူး ကိစ္စတော့ မဟုတ်လောက်ပါဘူး။
ပင်လယ်ရေဟာ သောက်လေ၊ သောက်လေ ငတ်မပြေသလိုပဲ လောဘဟာလည်း ဘယ်တော့မှ တင်းတိမ် ရောင့်ရဲသွားတယ် လို့ရယ် မရှိပါဘူး။ ဒီတော့ လောဘကို ရှိသင့်တဲ့နေရာ မှာပဲရှိပြီး လွန်ကျွံစွာ နဲ့ လောဘရဲ့ သားကောင် မဖြစ်စေ ဖို့အတွက် မိမိရဲ့ အသိတရားနဲ့ ထိန်းသိမ်း ရပါမယ်။ နို့မို သာဆိုရင် လောဘရဲ့ သားကောင် တွေအဖြစ် နဲ့ အဆုံးမလှ တဲ့ဘဝတွေ အဖြစ် လမ်းဆုံး သွားဖို့ပဲ ရှိပါတော့တယ်။
လက်ရှိအနေအထား မျက် မှောက်ခေတ်ကို သုံးသပ်ကြည့်ပါ စို့။ ဘဝပေး အခြေ အနေကြောင့်၊ မိမိရဲ့ ကြိုးစား အားထုတ်မှု တို့ကြောင့် ငွေကြေးချမ်းသာ ပြည့်စုံသူတွေ၊ ပြည့်စုံကြွယ်ဝနေသူတွေကို ခဏ ထား ပါ။ ရိုးရိုးသာမန်သာ ရှိကြတဲ့ လူလတ်တန်းစားတွေ၊ အခြေခံ လူတန်းစားတွေ၊ အောက်ခြေ လက် လုပ်လက်စားတွေ အနေနဲ့က ငွေရေး၊ ကြေးရေးဟာ သိပ်ကိုအရေး ပါလှပါ တယ်။ လူကုံထံ အသိုင်း အဝိုင်းတွေ အတွက် အသေး အဖွဲ့ ဖြစ်စေ လောက်မယ့် ပစ္စည်းတစ်ခုဟာ ရိုးရိုးသာမန် လူလတ်တန်းစားတွေ အတွက်ကတော့ အကြီးအမားပါ။ သူတို့လို ချင်ကြတယ်။ သုံးစွဲချင်ကြ တယ်။ လိုချင်တောင့်တ စိတ်တွေ များလာတဲ့ အခါ ဖြတ်လမ်းကနေ လိုက်ကြတယ်။ ဖဲ၊ အံစာကြွေပစ်တာ ကစလို့ ၂လုံး၊ ၃လုံး၊ ချဲထီ၊ ဘောလုံး ပွဲကအစ ရှိသဖြင့် လောင်းကစား နည်းအမျိုး မျိုးနဲ့ ငွေရပေါက် ရလမ်း ကို ရှာကြတယ်။ အဆိုပါ လောင်း ကစားနည်းတွေကို အများဆုံး လုပ်ကိုင်ကြတာက လက်လုပ်လက် စားတွေများတဲ့ ဆင်ခြေဖုံး ရပ်ကွက် တွေမှာပါ။
တချို့ကျတော့လည်း လောင်း ကစားနည်း တစ်ခုခုကို လုပ်နေရမှ စားဝင်အိပ်ပျော် တတ်ကြတဲ့ အထုံ ဝါသနာ ပါသူတွေလည်း ရှိတတ်ကြ ပါတယ်။ ဒီတော့ လောင်းကစားကို ဆင်းရဲသားတွေမှ လုပ်ကြတာလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ လူချမ်းသာတွေ လည်း ငွေကိုအိတ်နဲ့ ကိုင်ပြီး လောင်းကစား လုပ်နေကြတာ တွေလည်း ရှိပါတယ်။ ဘယ်လို ကြောင့်ပဲဖြစ်ဖြစ် လောင်းကစား ကြောင့် ချမ်းသာ သွားသူတွေဆိုတာ အရေအတွက် နည်းလှပေမယ့် လောင်းကစားကြောင့် ဘဝပျက် သွားသူတွေကိုတော့ ပတ်ဝန်းကျင် တော်တော်များများ မှာ တွေ့ရှိနိုင်ပါ တယ်။
လောင်းကစားနဲ့ ပတ်သက်လို့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံကို ပရိသတ်တွေ အတွက် ပညာပေး စကားတစ်ခုခု ပြောပေးပါလို့ မေးဖြစ်တဲ့အခါ
“လူသားတွေ အနေနဲ့ ဘဝခရီး လမ်းကို လျှောက်လှမ်းတဲ့ အခါမှာ လူမှုရေးအကြောင်း အချက်တွေ၊ ဘဝ ရဲ့ ပင်ပန်းမှုတွေ ရှိကြတယ်။ အဲဒီ ပင်ပန်းမှုတွေကို ဖြေရှင်းတဲ့ အခါမှာ တချို့ ကျတော့လည်း သမာရိုးကျ အတိုင်းပဲသွားတယ်။ တချို့ကျတော့ လည်း နှေးလွန်း တဲ့အခါမှာ အလွယ် လမ်းတွေလိုက်တယ်။ အဲဒီအပေါ်မှာ ကံကောင်းတာထက်စာရင် ကံဆိုး တာ များပါတယ်။ ကျွန်တော် တို့ ပတ်ဝန်းကျင်မှာ ဆိုရင်လည်း လောင်းကစားကို ဖြတ်လမ်းနည်း လိုက်လို့ ဘဝပျက် ဆုံးရှုံးသွားတာတွေ လည်းရှိပါတယ်။ ဘယ်အရာ ပဲဖြစ် ဖြစ်ပါ၊ ကိုယ်ကပေးသလောက် ပဲ ပြန်ယူမယ်ဆိုတဲ့ စိတ်ကလေးထား တတ်မယ်ဆိုရင် ကိုယ်လည်း ငြိမ်း ချမ်းတယ်။ ရတာလေးနဲ့လည်း ကျေ နပ်တယ်။ ပင်ပန်းခက်ခဲတယ်။ အချိန်ကြာတယ် ဆိုပေမယ့်လည်း အချိန်တစ်ခု ရောက်လာတဲ့အခါမှာ ဒီအသီးအပွင့်ကို ခံစားရတဲ့အခါ ဘာနဲ့မှမတူဘူး။ လိပ်ပြာ လုံတယ်ပေါ့ နော်။ ဖြတ်လမ်း လိုက်လိုက်လို့ ဘဝ ပျက်သွားတယ်ဆိုရင် ကိုယ်အပါ အဝင် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်း ကျင်၊ ကိုယ့် အသိုင်းအဝိုင်းပါ စိတ်ဆင်းရဲရတယ်။ အဓိကကတော့ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုအတိုင်း ရလာတဲ့ အသီးအပွင့်ကို ခံစားစေ ချင်တယ်။ ဒါဟာ မွန်မြတ်တဲ့ အလုပ် ပါ။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ လုပ် အားကြောင့် ရလာတဲ့ ငွေဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာပေါ့။ အဲဒီတော့ ဖြတ် လမ်းလိုက်လို့ ကောင်းတာထက်စာရင် ဘဝပျက် သွားတာများပါတယ်။ ကျွန်တော် ပြောမှလည်း မဟုတ်ဘူး။ သူတို့လည်း သိမှာပါ။ မသိဘူးဆို တာ မသိချင်ယောင်ဆောင် တာမျိုး လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ဒါတွေ အတွက် အဖြေက ရှင်းရှင်း လေးပါ။ ဖြတ်လမ်း လိုက်လို့ရှိရင် လွယ်တာ ထက်ပိုခက် သွားတတ်ပါ တယ်။ ပုံမှန်လေးပေါ့။ ကိုယ့်လုပ် အားလေးနဲ့ ရတဲ့ အသီးအပွင့်လေးပဲ မျှော်လင့်စေချင်တယ်။ ကျွန်တော် တို့လည်း အဲဒီလိုမျိုးပဲပေါ့။ ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း နှလုံး သွင်း တယ်။ ကိုယ်ကြိုးစား သလောက် ပဲ ပြန်ရမယ်။ အဲဒီအပေါ်မှာ ဒီထက် ပိုတဲ့ မျှော်လင့်ချက်မျိုး မရှိရဘူး။ အကယ်၍ ရှိခဲ့မယ်ဆိုရင် ပြန်ပြီး ပူလောင်တယ် ဆိုတာကို အမြဲတမ်း နှလုံးသွင်းစေချင်တယ်။ ဒီသဘော လေးပေါ့။ ဒါလေးကိုပဲ ပြောပြစေ ချင်ပါတယ်”လို့ သူကဆိုပါတယ်။
ကဲ .. ဘဝကို အလျော်အစား ကြီးကြီး တွက်ချက်ကာ လောင်းကစား ဆန်ဆန် ကစားပွဲတစ်ခုစီ ဦးတည် မှာလား။ ဒါမှမဟုတ် လောဘကို ထိန်းချုပ်ပြီး ခြေလှမ်း မှန်မှန်နဲ့ ဒီ အတိုင်းလေး ရွေ့မှာလား။ သင် ကြိုက်တာ ရွေးနိုင်ပါတယ်။
မျိုးမောင်