Friday, May 23, 2025

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...
HomeCelebrities' Newsလောက်ကိုင်စစ်ပွဲကို အခြေခံပြီး ရိုက်ကူးတဲ့...

လောက်ကိုင်စစ်ပွဲကို အခြေခံပြီး ရိုက်ကူးတဲ့ တပ်မတော် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် စိုးပြည့်သဇင်

စိုးပြည့်သဇင်က လောက်ကိုင်စစ်ပွဲကြီးကို အခြေခံပြီး ရိုက် ကူးမယ့် တပ်မတော်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာမို့ ပျော်ရွှင် နေ သလို သူတစ်ခါမှမလုပ်ဖူးသေးတဲ့ ကာရိုက်တာပုံစံမျိုး သရုပ် ဆောင် သွားရမယ့် အကြောင်းကို စိုးပြည့်သဇင်က အခုလို ပြောပါတယ်။စိုးပြည့်သဇင်က လောက်ကိုင်စစ်ပွဲကြီးကို အခြေခံပြီး ရိုက် ကူးမယ့် တပ်မတော်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာမို့ ပျော်ရွှင် နေ သလို သူတစ်ခါမှမလုပ်ဖူးသေးတဲ့ ကာရိုက်တာပုံစံမျိုး သရုပ် ဆောင် သွားရမယ့် အကြောင်းကို စိုးပြည့်သဇင်က အခုလို ပြောပါတယ်။

” အဲဒီဇာတ်ကားမှာ မကြီး (စိုးမြတ်သူဇာ)တို့ မဒါ(စိုးမြတ်နန္ဒာ)တို့ ပါတယ်ဆိုတော့ ကိုယ့်အတွက်ကတော့ အဲဒီဇာတ်ကားက ညီမတွေပါတယ် ဆိုတော့လေ။  ပျော်စရာ လည်း ကောင်းမယ်ပေါ့နော်။ နောက်ပြီးတော့ ဒီဇာတ်ကားမှာ စစ်ရေးလေ့ကျင့်ရမယ်တဲ့။ စိုးပြည့်က စစ်ရေးလေ့ကျင့်တာတွေ မရိုက်ဖူးဘူး။ ဒါပေမဲ့ စိုးပြည့်တို့က သရုပ်ဆောင်လေ။ သရုပ် ဆောင်ဆိုတော့ ဘယ်လို ဇာတ်လမ်းမျိုး ဘယ်လို ကာရိုက်ကူး တာမျိုးမဆို ဆေးစက်ကျရာ အရုပ်ထင်ရအောင် ကြိုးစားရမှာ ပေါ့နော်။ တပ်မတော် ဇာတ်ကားတွေတော့ ရိုက်ကူးဖူးတယ်။ ဆရာမအနေနဲ့ ပါဝင်ပြီးတော့ ရိုက်ကူးခဲ့ဖူးတာ။ ဒါကတော့ ကိုယ် ကိုယ်တိုင် စစ်ရေးလေ့ကျင့်ရမယ်လို့ ပြောတယ်။ ဇာတ်လမ်းကလည်း လောက်ကိုင်မှာဖြစ်တဲ့ တကယ့်စစ်ပွဲကြီးကို အခြေခံပြီး ရိုက်ကူးရမှာ ဆိုတော့ နည်းနည်းတော့ ပင်ပန်းမယ်ပေါ့။ ရိုက်ကူးတာကလည်း အခု ၁၂ လပိုင်းထဲမှာ ဗထူးမှာ သွားရောက် ရိုက်ကူးရမယ် နည်းနည်းတော့ ပင်ပန်းမယ်။ အရင်ရိုက်ကူးနေကျ စစ်ကားတွေလိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိုးပြည့်တို့ ကြိုးစားရမှာပေါ့နော်” လို့ စိုးပြည့်သဇင်က ပြောပြ ပါတယ်။

စိုးပြည့်သဇင်က အဆိုပိုင်းအတွက်မှာဆိုရင်လည်း သူ့ရဲ့တေးသီချင်း တွေကို အွန်လိုင်းကနေ ထုတ်လွှင့်ဖို့နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေ ကြောင်းကိုလည်း …

” စိုးပြည့် အဆိုပိုင်းမှာလည်း ရှိုးပွဲတွေ တော်တော် များများ လက်ခံထားပါတယ်။ အခုလထဲမှာပဲ မဒီး (စန္ဒီမြင့်လွင်)နဲ့ အတူဆိုထားတဲ့ သီချင်း အွန်လိုင်းမှာ လွှင့်နိုင်အောင် လုပ်နေပါတယ်။ လွှင့်မယ် လွှင့်မယ်နဲ့ ကြာနေတယ်။ အခုလထဲတော့ လွှင့်နိုင်တော့မှာပါ။ နောက်ပြီး စိုးပြည့်ရဲ့ တတိယ အယ်လ်ဘမ်ထဲက သီချင်းတွေကတော့  အရင်အသံသွင်းလိုက်မယ်။ နောက်မှ တစ်ပုဒ်စီ အွန်လိုင်းမှာ ထုတ်ဖြစ် မယ်။ အခုလိုလုပ်ဖြစ်တာကလည်း အခုခေတ်က အွန်လိုင်း ခေတ်ဖြစ်နေ တယ်။ သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် အွန်လိုင်းမှာ ရှာရင်တွေ့နေ ရောလေ။ ပိုပြီးတော့ တွင်ကျယ်တယ်လို့ ထင်တယ်။ ကြိုက်ပြီဆို တစ် ယောက်နဲ့ တစ်ယောက် share လိုက်တဲ့ အခါကျတော့ အွန်လိုင်းကတော့ အခုချိန်မှာ နံပါတ်တစ်ပဲပေါ့လေ။ အဲဒါကြောင့် လုပ်ဖြစ်တာပါ”လို့ ပြော ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071