ဥက္ကာမင်းမောင်က အနုပညာအလုပ်တွေ နဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့ ၇ နှစ်လောက် အဆက် အသွယ်ပြတ်သွားခဲ့ပေမယ့် ၇ နှစ် ကြာပြီးနောက် ပရိသတ် တွေ ပြန်လည်ထိတွေ့ ခံစားခွင့်ရမယ့် သူ့ရဲ့ ရုပ်ရှင်ဇာတ် ကား ‘မေထုန် ရာသီဖွား’ ကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မှာမို့ သူကိုယ်တိုင်လည်း ရင်ခုန် နေတယ်လို့ ဆိုပါတယ်။
‘မေထုန် ရာသီဖွား’ ဇာတ်ကားဟာ ယောက်ျား နှစ်ဦးရဲ့ချစ်ခြင်းကို အခြေခံပြီး ပုံဖော်ထားတာ ကြောင့်လည်း ရိုက်ကူးစဉ်အခါကတည်း က ပရိ သတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ခံထားရပေမယ့် လည်း သူကိုယ်တိုင်ကတော့ ဝေဖန်မှုဒဏ်ကို ခံနိုင်ရည် ရှိတဲ့အတွက် ဒီဇာတ်ကား ကို လက်ခံ ရိုက်ကူးခဲ့တာပါလို့လည်း ဆိုပါတယ်။
“ဝေဖန်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက်လည်း ဒီဇာတ် ကားကို ကျွန်တော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဝေဖန်တာကို လည်း ကျွန်တော် မကြောက်ဘူး။ အဲဒါကြောင့်လည်း ကျွန်တော် ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကျွန် တော် ကိုယ်တိုင်လည်း ဝေဖန်သံတွေ အကုန်လုံးကို နား ထောင်ပါတယ်။ အပြုသဘော ဝေဖန်မှုမျိုးကိုတော့ နာခံ လိုက်တယ်။Negative ဘက်ကနေပြီး တစ်ယူသန်ကြီးနဲ့ အပြင်း အထန် ဝေဖန်နေပြီဆိုရင်လည်း လျစ်လျူရှုပြီးတော့ မသိချင်ဟန် ဆောင်လိုက်တယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာ ပြသမှာ ဖြစ်တဲ့ အတွက်လည်း ပိုပြီးတော့ ရင်တုန်နေရတယ်။ ကျွန်တော်က နာမည်ကြီးမင်းသား တစ်ယောက် မဟုတ်ပေ မယ့် တအား ကြိုးစားထား ခဲ့ပါတယ်။ သရုပ်ဆောင် ခဲ့ရတာ တွေကိုလည်း အားရကျေနပ်ပါတယ်။ စကားလုံးနဲ့ စကားပြော တွေက သေချာကြိုးစားခဲ့ပါတယ်။ မကြည့်ဖူးသေးတဲ့ ပရိသတ် တွေ အနေနဲ့ ‘မေထုန်ရာသီဖွား’ ဆိုပြီးတော့ ကြားထား သိထားရတော့ ယောက်ျားချင်းချစ်ကြိုက်တဲ့ ဇာတ် ကားကို ရုပ်ရှင်ရုံမှာတင်ပြီးပြသမယ်ဆိုတဲ့အပေါ် ဝေဖန်တာမျိုးရှိ တယ်။ အဲဒီတော့ လာရောက်ကြည့်စေချင်ပါတယ်။ တကယ် တော့ အဲဒီလိုမျိုးကို အဓိကထားပြတာမျိုး မဟုတ်ပါဘူး။ လူတိုင်း ကြည့်ရှုဖို့ သင့်လျော်တဲ့ ဇာတ်လမ်းတစ်ခုပါ။ လူသားတစ်ဦး အပေါ်ကို ကိုယ် ချင်းစာတတ်လာ အောင် ပြသတဲ့သဘောလည်း ဖြစ်ပါတယ်။ အပြင်မှာ ဒီလို ဇာတ်လမ်းတွေကလည်း အများကြီးရှိပါတယ်” လို့ ဥက္ကာ မင်းမောင်က ပြောခဲ့ပါတယ်။
ထက်လူ၊
ဓာတ်ပုံ-မင်းမင်းထွန်း