တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ စဉ်းစားလာ တာ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းကပါလို့ဆိုတဲ့ ဟစ်ဟော့ပ် အဆိုတော် လွှမ်းပိုင်ကို သေချာတာကတော့ ၂ဝ၁၈ခုနှစ် ထဲမှာလားလို့ မေးတဲ့အခါ…..
”One Man Show လုပ်ဖို့အတွက် ကျွန်တော်ကြိုး စားနေတာ ကြာပြီဗျ။ တော်တော်လေးကို ကြာနေ ပြီ။ ၃နှစ်၊ ၄နှစ်လောက်တောင်ရှိပြီ။One Man Show လုပ်မယ် စဉ်းစားလိုက်၊ အဆင်သင့်မဖြစ် သေးဘူး။Ready မဖြစ်သေးဘူးဆိုပြီး ဖြုတ် လိုက်နဲ့ ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီနှစ်တော့ One Man Show လုပ်ကြည့်ရင် ကောင်းမလားဆိုပြီးတော့ စဉ်းစားနေတာပေါ့။ ကျွန်တော်ကတော့ မတ်လထဲလောက် လုပ်ရင် ကောင်းမလားစဉ်းစားထားတာပေါ့။ ကျွန်တော့် မွေးနေ့၊ မွေးလလေး လည်းဖြစ်တော့လေ”လို့ လွှမ်းပိုင်က ပြောပြပါတယ်။ သီချင်းတွေအတွက်ကိုရော လွှမ်းပိုင် ဘယ်လို Plan ချထားသလဲဆိုတော့… ”ကျွန်တော့်သီချင်းမှာ Band နဲ့ ဆိုချင်တဲ့ သီချင်းလေးတွေ ရှိတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ အိုင်ဒီယာက ထွက်လာမှာပဲ။ အဲဒါလေးတွေကို ကျွန်တော် အရင်ဆုံး သီချင်း လေးတွေဘာတွေ တိုက်ကြည့်ပြီးတော့မှလုပ်ကြည့်ချင်ပါတယ်” လို့ သူကဆိုပါတယ်။
‘င့ါကို နမ်းတဲ့မုန်တိုင်း’တို့၊ ‘ကြွေ’တို့၊ ‘ကိုယ်စောင့် နတ်’ တို့ စသဖြင့် လွှမ်းပိုင်တို့ ရိုက်ကူးထားတဲ့ ဇာတ်ကား တွေက ရိုက်ကူးထားပေမယ့် ထွက်မလာဖြစ်သေးဘူးနော်၊ ၂ဝ၁၈ ခုနှစ်ထဲမှာ ဘယ်ဇာတ်ကားအရင် ထွက်ရှိလာမလဲလို့ဆို တော့….
”ကျွန်တော်တို့ ‘ငါ့ကို နမ်းတဲ့မုန်တိုင်း’ ကို တစ်လ ပိုင်းလောက် ရုံတင်မယ်ပြောပါတယ်။ တကယ်လို့ အဲဒီ ဇာတ်ကားလေး တစ်လပိုင်းရုံတင်ခဲ့ရင်တော့ ကျွန်တော်တို့ လည်း ကြည့်ရမယ်။ ပရိသတ်တွေလည်း ကြည့်ရမယ်။ကျွန်တော်လည်း အဲဒီဇာတ်ကားလေးကို အချောသတ်၊ နောက်ခံ တေးဂီတတွေရော၊ ဘာတွေရော မကြည့်ရသေးဘူး။ အဲဒီဇာတ်ကားလေးကို ကျွန်တော်လည်း တအားကြည့်ချင်နေပါပြီ” လို့ လွှမ်းပိုင်က ပြောပြခဲ့ပါတယ်။
မျိုးမောင်