Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeCelebrities' Newsမေတ္တာရိပ်ဆင် ကျေးဇူးရှင်သားသမီးတိုင်း ဂုဏ်တင်မမေ့...

မေတ္တာရိပ်ဆင် ကျေးဇူးရှင်သားသမီးတိုင်း ဂုဏ်တင်မမေ့ ‘အဖေများနေ့’

pyaytioo

မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းမှာ ဖခင်ကို ‘အိမ်ဦးနတ်’လို့ရော ‘အိမ်ထောင်ဦးစီး’လို့ပါ ညွှန်းဆို ခေါ်ဝေါ်ကြလေ့ ရှိသလို မိသားစု တစ်ခုရဲ့ လူမှုဘဝရပ်တည်ရှင်သန် စေဖို့ ဦးဆောင် ရှာဖွေကျွေးမွေး ပြုစုပျိုးထောင်ပေးတဲ့ ကျွေးသဖခင် ကျေးဇူးရှင်လို့လည်း ဂုဏ်တင် ခေါ်ဆိုကြပါတယ်။ ဖခင်တိုင်းလိုလို မိမိသား သမီးအပေါ် ချစ်မေတ္တာ ကြီးမားစွာထားပုံချင်း တူညီကြပြီး ချစ်ပုံချစ်နည်း အသွင်သဏ္ဌာန်မှာ တော့ ကွဲပြားခြားနား ကြပေမယ့်လည်း ချစ်မေတ္တာ အနှစ်သာရ ပြည့်ဝပုံချင်းတူညီကြပါတယ်။ ဒီလိုဖခင်တိုင်းရဲ့ သားသမီးများ အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာဂုဏ်အင် မြင့်မြတ်ကြီးမားလှပုံကို’အဖေများနေ့’ဆိုပြီးတော့ ညွှန်းဆိုဂုဏ်တင်သတ်မှတ်ကာ ဖခင်ကျေးဇူးဆပ်တဲ့ ဝိသေသ ထူးမြတ်သော နေ့ရက်အဖြစ် တည်ရှိခဲ့ကာ နှစ်တိုင်းဇွန်လ ၁၈ ရက်နေ့ ကျရောက်တိုင်း တစ်ကမ္ဘာလုံးမှာ သားသမီးတိုင်းက ဂုဏ်ပြုကျင်းပပြီး ကြည်နူးပီတိ စိတ်အပြည့်နဲ့ ဆင်နွှဲကြလေ့ ရှိတာမို့ အဖေ့ချစ် မေတ္တာဂုဏ်ရည်များနဲ့ ကျေးဇူးတရားများအကြောင်း အနုပညာရှင်များရဲ့ ဖွင့်ဟဆိုတဲ့ စကားသံများကို စုစည်း ဖော်ပြလိုက်ရပါတယ်။

ပြေတီဦး

အဖေဆိုတာလည်း ဘဝမှာ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ ကျေးဇူးရှင်ပါပဲ။ အဖေတွေ ရဲ့ဘဝကို ကြီးလာလေလေ ပိုပြီးနားလည်လာ လေလေ ပါပဲ။ အဖေတွေရဲ့ ခံစားချက်ကို အ သက်ကြီးလာလေလေ ပိုပြီးသိလာလေလေပါပဲ။ အစ်ကို့ရဲ့ အဖေက သားသမီးကို အရမ်းချစ်တယ်။ ဒါပေမဲ့ ချစ်ကြောင်း တစ်စက်မှ မပြတဲ့အဖေ။ စိတ်ထဲကနေ ကြိတ်ပြီး ချစ်ပြီးကြိတ်ပြီး ခံစားတဲ့အဖေ။ အစ်ကိုကကျတော့ အဖေ့လောက် မထိန်းချုပ် နိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေးနဲ့ လုံးထွေးပြီးနေတယ်။ အဲဒီတော့ အဖေ့လောက်တော့သားသမီးတွေ အပေါ်မှာ သြဇာညောင်းမယ်မထင်ဘူး။ ဒါပေမဲ့ သြဇာညောင်းအောင်လို့တော့ တတ်နိုင်သမျှ နေရမှာပေါ့။

Thar Nyi

ဒါရိုက်တာ သားညီ

ကျွန်တော်ကိုယ်တိုင်လည်း အဖေတစ်ယောက်ဖြစ်နေပြီ။ ကျွန်တော့်အဖေဖြစ်လာတဲ့အချိန်မှာ ကျွန်တော့်သားကို ကျွန်တော်တအားချစ်တယ်။ အဲဒီလိုပဲကျွန်တော်အဖေလည်း ကျွန်တော့်ကိုတအားချစ်မှာပဲဆိုတဲ့ အသိတရားက အခုကျမှရတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့်အဖေမရှိ တော့ဘူး။ အဖေ့ကို ကျွန်တော် တအားလွမ်းတယ်။

Kyaw Kyaw Bo

ကျော်ကျော်ဗို

“အဖေများနေ့”တို့ “အမေများနေ့” တို့လို နေ့မျိုးလေးတွေ သတ်မှတ်တာက ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအတွက် အားလုံးစုစုစည်းစည်းနဲ့ ဂါရဝပြုလို့ရအောင် သတ်မှတ်ထားတယ်လို့ပဲ ကိုကြံ့ထင်ပါတယ်။ မိဘဆိုတာကတော့ နေ့တွေ ဘာတွေသတ်မှတ်စရာမလိုဘဲနဲ့ တစ်ဘဝလုံးစာ ခေါင်းပေါ် တင်ထားရမယ့် အနန္တောအနန္တဂိုဏ်းဝင်ပါပဲ။ ကိုကြံ့တို့ ငယ်ငယ်က ဖေဖေက ပြုစုပျိုးထောင်ခဲ့ပေးသလိုပဲ သမီးလေး IKE ကို ကိုကြံ့တို့တွေ ပြု စုပျိုးထောင်ပေးကြမယ်။ အခုတော့ ကလေးက နည်းနည်းငယ်သေးတယ်။ အသက် ၇ နှစ်ပဲရှိသေးတယ်။ ဒါကြောင့် ကလေးရဲ့ကျန်းမာရေးနဲ့ ပညာရေးကိုပဲ အဓိကထား ဦးစားပေးနေတယ်။ နောက်ပြီး IKE လေး ရှင်သန်ကြီးပြင်းလာမယ့် ပတ်ဝန်းကျင်အနေအထား၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ လိုက်လျောညီ ထွေနေတတ် ထိုင်တတ်ဖို့လည်း သင် ကြားပေးရမယ်။ ကိုကြံ့တို့ မိသားစုကတော့ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ကြသူတွေ ဖြစ်တယ်။ သမီးကို ဘုရားစာလေးတွေ သင်ပေးတယ်။ ကျက်ခိုင်းတယ်။ ကလေးရဲ့ အသိလေးတွေ တိုးလာတဲ့အခါ နောက်ထပ်နောက်ထပ် သင်ပေးမယ်ပေါ့။ အနုပညာပိုင်းနဲ့ ပတ်သက်လို့တော့ သမီးကရုပ်ရှင်တွေ ကြည့်တယ်။ သီချင်းလည်း ဆိုတာပဲ။ ခန့်မှန်းလို့ တော့ မရသေး ဘူး။ သူ့ရဲ့ဝါသနာရယ်၊ ဗီဇရယ်ပေါ် မူတည်ပြီးကိုကြံ့ တို့က ကန့်သတ်ထားတာမျိုးတွေ မထားဘူး။ သူဝါသနာပါရင် ကိုကြံ့တို့ပံ့ပိုးဖို့ အဆင်သင့်ပဲ။ မိဘတိုင်းကတော့သားသမီးတိုင်းကို အကောင်းဆုံးမျှော်လင့်ကြတယ်။ ကိုကြံ့လည်းသမီးလေးကို အကောင်းဆုံး မျှော်လင့်ပါတယ်။

Ko Friday 2

ဖိုးသောကြာ

ကျွန်တော့်အတွက်တော့ အဖေများနေ့ အမေများနေ့ ဆိုတာနေ့တိုင်းပါပဲ။ သမီးလေး မရွှေသုအတွက်လည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်။ မိဘတိုင်းက သားသမီးတိုင်းကို အကောင်း ဆုံးဖြစ်စေချင်ကြတာပါပဲ။ ကျွန်တော်ကတော့ကံလို့ ပဲ ယုံကြည်ပါတယ်။ လူတစ်ယောက်မှာ သူမွေးကတည်းက ကံဆိုတာပါလာပြီးသားပဲ။ ဒီအပေါ်မှာပဲ ကျွန်တော်က ဖခင် တစ်ယောက်အနေနဲ့ ထိန်းကျောင်းပေးသွားဖို့ပဲ ရှိပါတယ်။

Yoon Yoon

ယွန်းယွန်း

အဖေများနေ့မှာ အဖေတွေအကုန်လုံး ပျော်ရွှင်နိုင်ကြပါစေ။ တချို့ ဆို ဝေးကွာနေတဲ့ သူတွေရှိကြတယ်။ ဘယ်လောက်ပဲ ဝေးဝေးစိတ်ချင်းမဝေးဘဲနဲ့ သားသမီးတွေနဲ့အတူ ပျော်ရွှင် ကြပါစေ။ အဖေတွေရဲ့ ချစ်ပုံချစ်နည်းနဲ့ ဂရုစိုက်ပုံ စိုက်နည်းတွေ၊ စိတ်ပူပုံပူနည်းတွေက အမေတွေနဲ့ မတူဘူးဆိုတာညီမ အသက်ကြီးလေလေ တဖြည်းဖြည်းနဲ့ ပိုပိုပြီး သိလာရတယ်။ သူတို့ထုတ်မပြရင် သူတို့အဲဒီလို မခံစားရဘူးလို့ အရင်တုန်းက ထင်ခဲ့တယ်။ ဒါပေမဲ့ အခုကိုယ်တိုင်အသက် ကြီး လာတာနဲ့ အမျှသူတို့ထုတ်မပြပေမယ့် သူတို့ ရင်ထဲမှာ ဘာရှိတယ်ဆိုတာ မြင်အောင်ကြည့်တတ်လာတယ်။ အဲဒီတော့ ပိုပြီးတော့မှ ကျေးဇူးတင်တတ်လာတယ်။ ပိုပြီးတော့မှလည်း တန်ဖိုးထားတတ်လာပါတယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071