Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsမေတ္တာဖွဲ့သီ လှုပ်ရှား အသက်ဝင်...

မေတ္တာဖွဲ့သီ လှုပ်ရှား အသက်ဝင် အနုပညာရှင်တို့ရဲ့ ဝါကျွတ်အစီအစဉ်

ဝါကျွတ်ကာလ ရောက်ပြီဆိုတာနဲ့ ဘယ်လူပျို၊ အပျိုတွေစွံသွားလို့၊ အပျို လူပျိုဘဝ ကျွတ်လွတ်သွားကြ မလဲဆိုတာရော၊ ဘယ်သူတို့ လက်ထပ်မင်္ဂလာပွဲ ဘယ်လိုဆင်နွှဲ ကြမယ်ဆိုတာပါ ရပ်ထဲရွာထဲမှာ အမေးပဟေဠိ၊ အဖြေညှိနေကြတာ ရင်ခုန်ကြည်နူး ဖွယ်ရာ မြန်မာဓလေ့ ဟန်သရုပ်ပါပဲ။ ဒါကြောင့် အနုပညာ လောကထဲက ချစ်သူစုံတွဲများနဲ့ အပျိုလူပျိုများရဲ့ ဝါကျွတ်ကာလမှာ ဘယ်လိုအစီအစဉ်များထားကာ ကျော်ဖြတ်သန်းကြမလဲ ဆိုတာရော၊ ချစ်သူ စုံတွဲများက လက်ထပ်မင်္ဂလာ ပွဲ ဆင်နွှဲဖြစ်ကြမလား၊ အပျိုလူပျို များက အပျိုလူပျိုဘဝ ကျွတ်လွတ်ကြ မလားပါ ဖွင့်ဟဖြေကြားတဲ့ အနုပညာရှင် တို့ရဲ့ စကားသံများ စုစည်းဖော်ပြလိုက်ပါတယ်။ ဝါကျွတ်ကာလရောက်ပြီဆိုတာနဲ့ ဘယ်လူပျို၊ အပျိုတွေစွံသွားလို့၊ အပျို လူပျိုဘဝ ကျွတ်လွတ်သွားကြ မလဲဆိုတာရော၊ ဘယ်သူတို့ လက်ထပ်မင်္ဂလာပွဲ ဘယ်လိုဆင်နွှဲ ကြမယ်ဆိုတာပါ ရပ်ထဲရွာထဲမှာ အမေးပဟေဠိ၊ အဖြေညှိနေကြတာ ရင်ခုန်ကြည်နူး ဖွယ်ရာ မြန်မာဓလေ့ ဟန်သရုပ်ပါပဲ။ ဒါကြောင့် အနုပညာ လောကထဲက ချစ်သူစုံတွဲများနဲ့ အပျိုလူပျိုများရဲ့ ဝါကျွတ်ကာလမှာ ဘယ်လိုအစီအစဉ်များထားကာ ကျော်ဖြတ်သန်းကြမလဲ ဆိုတာရော၊ ချစ်သူ စုံတွဲများက လက်ထပ်မင်္ဂလာ ပွဲ ဆင်နွှဲဖြစ်ကြမလား၊ အပျိုလူပျို များက အပျိုလူပျိုဘဝ ကျွတ်လွတ်ကြ မလားပါ ဖွင့်ဟဖြေကြားတဲ့ အနုပညာရှင် တို့ရဲ့ စကားသံများ စုစည်းဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ အောင်မြတ်

“သီတင်းကျွတ်ကတော့ တစ် နှစ်တာ အလုပ်တွေလုပ်ပြီးတဲ့ အချိန် မှာ မိသားစုတွေ ပြန်ဆုံတဲ့ ပုံစံလို့ ကျွန်တော်ကတော့ ခံစားရ တယ်။ ငယ်ငယ်တုန်းကဆို ကျွန်တော်က တောင်ကြီးမှာနေတာ ဆိုတော့ သီ တင်းကျွတ်ဆိုရင် အနွေး ထည်ဝတ် တာများတယ်။ နေရတာကိုက အေး အေးချမ်းချမ်းလေး နဲ့ပေါ့။ အခု ရန်ကုန်မှာကျတော့ အနွေးထည် ဝတ်ချင်တယ် ဆိုလို့တောင် ဝတ်လို့ မရဘူး။ မိုးကလည်း နောက်ကျတဲ့ အတွက် မီးထွန်းတဲ့အချိန်တွေမှာ အခက်အခဲတွေ ရှိတယ်။ ပွဲလမ်း သဘင် သွားလာတဲ့အခါမှာလည်း အခက်အခဲလေးတွေ ရှိတာတွေရ တယ်။ ဒီနှစ်သီတင်းကျွတ်မှာ ကျွန်တော် ကတော့ ရာသီဥတုအေး အေးချမ်းချမ်း၊ ကောင်းကောင်းမွန် မွန်လေးနဲ့ ကိုယ်ချစ်တဲ့သူတွေ အကုန်လုံး ပြန်ဆုံပြီးတော့ အတူတူ နေထိုင်ရတဲ့ အခွင့်အခါကောင်း လေးဖြစ်ပါစေလို့ ကျွန်တော်ဆု တောင်းပေးပါတယ်။ ဒီနှစ်ဝါကျွတ် မှာ မင်္ဂလာဆောင်ကြမယ့် အနုပညာ ရှင် ညီအစ်ကို မောင်နှမတွေ အတွက် ကို အရမ်းလည်း ဂုဏ်ယူတယ်။ သူတို့အတွက် လက်ဖွဲ့ကြီးကြီးမားမား ရှာဖွေဖို့အတွက် ပြင်ဆင်နေရတယ်။ ဒီနှစ်ကတော့ သူ များကို လက်ဖွဲ့ ပေး ဖို့အတွက်ကို စဉ်းစားနေရ တဲ့နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့် အတွက်ကတော့ လိုပါ သေးတယ်။

ဖြိုးပြည့်စုံ

ဒီနှစ် သီတင်းကျွတ်မှာ ပရိသတ် တွေအနေနဲ့ စိတ်ကျန်းမာခြင်း၊ ကိုယ်ကျန်းမာခြင်းတွေနဲ့ ဖြတ် သန်းနိုင်ပါစေ။ ဆရာသမား၊ လူကြီး မိဘတွေကို ကန်တော့ကြပြီး အပြစ် တွေရှိခဲ့လို့ရှိရင် ဆေးကြောကြပါ။ မုန့်ဖိုးတွေလည်း များများရ နိုင်ကြ ပါစေ။ ပြီးတော့ ဝါကျွတ်မှာ ချစ်သူ တွေအနေ နဲ့လည်း ကိုယ် ရည်မှန်း ထားတဲ့အတိုင်း ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။ ကျွန်တော့် အနေနဲ့ကတော့ ဒီနှစ် ဝါကျွတ်မှာ လည်း သီချင်းတွေဆိုရင်း၊ သီချင်း အသစ်တွေ ပရိသတ် နားဆင်နိုင်ဖို့ ဖန်တီးကြိုးစားရင်း ဖြတ်သန်းဖြစ် ဦးမှာပါ။

ဖြူဖြူကျော်သိန်း

ဖြူဖြူ့အနေနဲ့ ဒီနှစ်ဝါကျွတ် လည်းအရင်အတိုင်းပါပဲ။ ဖြူဖြူ့ အနေနဲ့က ခုနောက်ပိုင်းမှာ ချစ်ခြင်း မေတ္တာ ဆိုတဲ့နေရာမှာ သူများဆီက အချစ်ခံရမှ ဆိုတာထက် ကိုယ်တိုင်က အေးချမ်း အောင်နေတယ်။ ကိုယ့် ကိုယ်ကိုယ် ပိုပြီးချစ်မြတ်နိုးတတ် လာတယ်။ ပြီးတော့ ပတ်ဝန်းကျင် အပေါ်မှာလည်း ပိုပီးမေတ္တာထား တတ်လာတယ်။ အဲ့ဒီအခါမှာ ဖြူဖြူကိုယ်တိုင်လည်း အေးချမ်းတယ်။ ဖြူဖြူ့ပတ်ဝန်းကျင် ဟာလည်းအေး ချမ်းသွားတယ်။ ဖြူဖြူ့အနေ နဲ့ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကွယ်ဝှက် ထားစရာ မရှိပါဘူး။ အိမ်ထောင်ပြုဖို့ ရှိလာတဲ့ အခါ ကျရင်လည်း ပရိတ်သတ် အားလုံးကို လူသိရှင်ကြားပြောပြမှာပါ။

မေပန်းချီ 

ဒီဝါကျွတ်မှာ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ တစ်ယောက် တည်းပါပဲ။ ပန်းချီကိုလည်း သူ ငယ်ချင်းတွေက ခဏ ခဏ စကြ တယ်။ တစ်ချို့ သူငယ်ချင်း တွေဆို ကလေးတွေတောင် ရနေကြပြီ။ နောက်ပြီး ပန်းချီက အခု အသက် ၂၆ နှစ်ကို ဒီဇင်ဘာလထဲမှာ ပြည့်မယ် ဆိုပေမယ့် လူကောင်ကြီး တော့ အပျိုကြီးစာရင်း သွင်းကြ တယ်။ ၃ဝ ဝန်းကျင်လို့ ထင်ကြတယ်။ အပျိုကြီး ဘာလုပ်မှာလဲဆိုပြီး Comnent တွေမှာ ဝင်ဝင်ရေးကြ တယ်။ ပန်းချီ ကလည်း ဒီလထဲမှာ ဘာဖြစ်ချင် နေမှန်းကို မသိဘူး။ သူငယ်ချင်းတွေ က ဝိုင်းစကြပေမယ့် ကိုယ်က အချစ်ရေး သိပ်ကံမကောင်း တော့ အပျိုကြီး ဇာတာ ပါတယ်လို့ဆို ရမှာပါ။ ဒါ ကြောင့် အစီ အစဉ်မရှိသေးပါဘူး။ အရင် ကဆို ကိုယ်ပိုင် မိသားစု ဘဝ လေးဆိုပြီး တောင့်တခဲ့ ရတာမျိုးတွေ ရှိတယ်။ ကိုယ်ကလည်း မိသားစုရှိ ပေမယ့် အဖေနဲ့ အမေ စုံစုံလင်လင် မနေရဘူးလေ။ တစ်နေ ရာစီ ဝေးနေ တာဆိုတော့ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်တာ မျိုးရှိ တယ်။ ဘယ် အသက် အရွယ်မှာ အိမ်ထောင်ပြု မယ်။ ဘယ်လို မိသားစုလေးစုပြီး Plan ဆွဲခဲ့တာမျိုးတွေ လည်း ရှိတယ်။ ၂၈ နှစ်လောက်ကျမှ အိမ်ထောင် ပြုမယ်ပေါ့။ ချစ်သူရှိ တုန်းကလေ။ အခု တော့ အစီအစဉ် လေး ပျက်သွား တာပေါ့။ အောင်မြင်မှုအတွက် ကြိုး စားနေတယ်ဆိုတော့ ဒါမျိုးတွေ သိပ် လည်း မမက်မောတော့ပါဘူး။ အေး ချမ်းတဲ့ ဘဝလေး ရှိရင် တော်ပါပြီ။

ခိုင်သဇင်ငုဝါ

ဒီနှစ်ဝါကျွတ်တော့ ငုဝါ အတွက် ထူးထူးခြားခြား တစ် ခုခုမရှိ သေးပါဘူး။ ငုဝါအလုပ် တွေ၊ အနုပညာ အလုပ်တွေ လုပ်ချင် ပါသေးတယ်။ ဒီအရွယ်နဲ့ညီမ အိမ် ထောင် မပြုချင်သေးဘူး။ ကိုယ်လုပ် ချင်တာ ကိုယ်ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ပြီးမှပဲ အိမ် ထောင်ပြုဖို့ကို စဉ်းစားမယ်ပေါ့။ ညီမ ရဲ့ Relationship ကတော့ တစ်နှစ် ကျော်ရှိပါပြီ။ အခြေအနေကလည်း အေးအေးဆေးဆေးပါပဲ။ ခရီးက လည်း ပြန်လာတာ သိပ်မကြာသေး တော့ အခုနှစ် သီတင်းကျွတ်အိမ်မှာပဲ နားမှာပါ။

ဓာတ်ပုံ- မင်းမင်းထွန်း 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071