မြန်မာနိုင်မယ်လို့ သေသေ ချာချာတွေးထားတဲ့ မြန် မာ-မလေးရှား အသင်း ကို ညကကြည့်မိတယ်။ ဘယ်လိုမှ မထင်မှတ်ပါပဲ မြန်မာရှုံးပါတယ်။ ကျွန်မတို့မြန်မာတွေ ခံစားချက်က တော့ ပြင်းထန်တယ်ဆို တာ LED ဘုတ်ကြည့် နေတဲ့ ပြည်သူတွေ မျက် နှာပြင်ကိုသာ ဖတ်ရှုကြည့် ကြပါ တော့လေ။ စာစောင်၊ ဓာတ်ပုံတွေ ထဲက မြန်မာပြည်သားတွေရဲ့ မျက် လုံးတွေဟာ မှိန်ဖျော့နေပါတယ်။ မျက်လုံးတွေထဲမှာ ခံစားချက်တွေ နဲ့ စကားပြောနေပါတယ်။ ရှုံးနိမ့်ရလို့ ခံစားကြေကွဲတဲ့ သင်္ကေတတွေကို ဒီမျက်လုံးတွေ ထဲမှာ မြင်နိုင်ပါတယ်။ အတူတူပါပဲ လေ။ ကျွန်မလည်း ကိုယ့်မြန်မာ အသင်းနိုင်မယ်လို့ပဲ တစ်ထစ်ချတွက် ခဲ့မိပါတယ်။ အထူးသဖြင့် ဒီမလေး ရှားအသင်းနဲ့ပေါ့လေ။ သူတို့လူတွေ နှစ်ယောက်လောက် ကောင်းတာမြင် ပေမယ့် ကိုယ့်နိုင်ငံသား အောင်သူပါ တဲ့ မြန်မာအသင်းကို ပိုတွက်ခဲ့တာ ပါပဲ။
ဟုတ်တယ်လေ။ အောင်သူကို ကစားတဲ့ ပြိုင်ဘက်အသင်း နိုင်ငံတွေ က ဂရုတစိုက် သတိထားကစားကြတာ ဆိုတော့ ဂုဏ်ယူစရာပါပဲ။ အောင် သူကလည်း သူ့ခြေထဲများ ဘောလုံး ရောက်လို့ကတော့ မြန်နှုန်းမြှင့်ပြီး လှစ်လှစ်ပါအောင် သူသွင်းမယ့်ဂိုး ပေါက်ဆီ ဘောလုံးသယ်ပြီး ပြေး တာပါပဲရှင်။ တော်ရုံကစားသမား လောက်တော့ ဖြတ်ထားခဲ့တာပါပဲ။ တခြားကလေးတွေလည်း မြန်မာ ဘောလုံးအသင်းထဲမှာ ရှိပါတယ်။ တော်တယ်ပေါ့နော်။ လှိုင်းဘိုဘိုတို့၊ အောင်ကောင်းမာန်တို့၊ အစုံခြေအင် အားတောင့်ပါတယ်။ နည်းပြချုပ်ကြီး က အသေအချာ မောင်းထားလို့လည်း သက်လုံကောင်းနေပါပြီ။ ဒုတိယပိုင်း ခြေကျသွားတယ်ဆိုတာမျိုး မတွေ့ သလောက်ပါပဲ စာဖတ်သူ။
မလေးရှားနဲ့ ပြိုင်မယ့်ည ၇နာရီ TV ရှေ့မှာ ကျွန်မတို့မိသားစုတွေ၊ မြန်မာနိုင်ငံသားတွေအားလုံး စုဝေး မိကြတယ်။ ကျွန်မတို့ တက်ကြွ သလို အားလုံးလည်း တက်ကြွနေမှာပါ။ စပြီးဘောလုံးလိမ့်ကတည်းက နှစ်ဖက်လုံး လျင်မြန်ဖျတ်လတ်စွာ ပြေးလွှားကစားကြတာပါ။ ဒါပေမဲ့ ဒါပေမဲ့ ကျွန်မပြောချင်တဲ့စကားလုံး တွေ များလာပါပြီရှင်။ အဲဒါကတော့ ကျွန်မတို့ကြည့်နေတဲ့ ဘောလုံးပွဲဟာ တဖြည်းဖြည်း ကြက်ခွပ်တာနဲ့ တူလာ ပါတယ်။ အရမ်းကြမ်းတမ်းတာပါပဲ ရှင်။ ဘောလုံးဥပဒေမှာ ဒီလိုပဲ ကြက်ခွပ်သလို၊ လက်ဝှေ့ထိုးသလို ကစားလို့ရပါသလား။ သူတို့ကစား ရမှာက အဓိကခြေထောက်နှစ် ချောင်းပဲ မဟုတ်ပါလား။ ခြေ ထောက်နှစ်ချောင်းရဲ့ ပညာသားပါ ပါ ကစားတတ်မှု၊ ပေါ့ပါးလျင်မြန်စွာ ပြေးလွှားနိုင်မှုဆိုတာတွေက အရေး ကြီးတာ မဟုတ်ပါလား စာဖတ်သူ။ အခုကျွန်မတို့ မျက်ဝါးထင်ထင် မြင်နေရတဲ့မလေးရှား၊ မြန်မာဘော လုံးပွဲမှာတော့ ဘောလုံးပွဲဟာ သန့် ရှင်းတဲ့ အားကစားနည်းမဟုတ် တော့ပါဘူးရှင်။ တစ်ယောက်နဲ့တစ် ယောက် အသားလွတ်ကို ခွပ်နေကြ တော့တာပါပဲ။ ဒါကလည်း အခု ကစားတဲ့ နှစ်ဖက်အသင်းလုံး မဟုတ် ပါပဲ မလေးရှားအသင်းကသာ ပိုပို သာသာ ကြမ်းတမ်းစွာ ကစားနေ တာပါ။ ဒါကိုမြန်မာပြည်ကကြည့်တဲ့ သူတွေက ပိုပြီးမြင်သာနေပါတယ်။
အခုကစားတာက အတော်လေး တော့ လွန်လွန်းတယ်ပြောရမယ်။ ဥပမာ- အောင်သူကို သူတို့မလေးရှား ကစား သမားတွေက နှစ်ဖက်ညှပ်ပြီး နှစ် ယောက်လောက် အသေထား ကစားတယ်။ အောင်သူဘောလုံးဆွဲ သွားရင် နှစ်ဖက်ညှပ်လိုက်တယ်။ အင်္ကျီကိုဆွဲတယ်။ ကျောကုန်းကို ဆတ်ကနဲ တွန်းတယ်။ ဒီလိုမှမရရင် နောက်တစ်ယောက်က ခြေသလုံး လောက်ကို မှန်းပြီး မြက်ခင်းပေါ် လျှောတိုက်ပြီးကန့်လန့်ခံတယ်။ အောင် သူဘယ်လို မှ မလှုပ်နိုင်တော့ဘူး။
ဒီလိုပါပဲ တခြားမြန်မာကစား သမားတွေကိုလည်း အားနာရမှန်း မသိလောက်အောင် ပေါ်တင်ကြီး ဆောင့်တွန်းတာတို့၊ ခြေထောက်ပိုင်း တာတို့ အခွင့်အရေးရရင်ရသလို လုပ်တတ်တယ်။ မြန်မာဘောလုံး ကစားသမားလေးတွေက တကယ် တော့ သနားစရာတောင် ကောင်းနေ တယ်။ လှိုင်းဘိုဘိုဆိုရင် သူ့ကိုလွန် လွန်ကျွံကျွံဆွဲပြီး ဆောင့်တွန်းတဲ့ မလေးရှားဘောလုံးသမားကို မြေကြီး ပေါ် ဖင်ထိုင်ကျရင်း မကျေမနပ် မော့ကြည့်နေတာများ အင်မတန်၊ အင်မတန်ကို သည်းခံလိုက်ရပုံပေါ်ပါ တယ်။ ဒီနေ့ရာမှာ ဒိုင်လုပ်သူက အတော်စကား ပြောပါတယ်။ မလေးရှားနဲ့ပွဲမှာဆိုရင် ဒိုင်ကလူမြင် လွယ်တဲ့အပြစ်မျိုးကိုသာ လျှော့ပေါ့ လေး အပြစ်ပေးပါတယ်။ တော်ရုံ တန်ရုံကို မမြင်ချင်ယောင်ဆောင် တတ်ပါတယ်။ ပင်နယ်တီပေးသင့်တဲ့ တစ်လုံးလည်းမပေးဘဲ ပြစ်ဒဏ် ဘောပဲပေးတယ် စာဖတ်သူရယ်။ ဘယ်လောက်ဆိုးဝါးသလဲဆိုတာ။
အားကစားဆိုတာ အနိုင်အရှုံး နှစ်မျိုးပဲရှိတာမို့ ရှုံးတဲ့ဒဏ်ကို ခံစား ရပေမယ့် ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ ပွဲတစ်ပွဲမှာ ဒိုင်တွေကအစ အသင်းသားအားလုံး တစ်ဖက် အသင်းကို အနိုင်ကျင့်တဲ့အမြင်တော့ အဖြစ်မခံကြစေချင်ပါဘူး။ ဒီနေရာ မှာ နိုင်ငံနဲ့ချီပြီး စကားပြောချင်ပါ တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပွဲတော်ကြီးဟာ အခုတခြားနိုင်ငံတွေမှာ ကျင်းပသမျှ ဆီးဂိမ်းပွဲတွေထက် အပြတ်အသတ် သာပါတယ်။ မြန်မာ့ယဉ်ကျေးမှုအနု ပညာတွေကိုပါ တထောကြီးထည့် သွင်းပြသခဲ့လို့ အောင်မြင်မှုရရှိတဲ့ ပွဲတစ်ပွဲပါ။
အဲဒီပွဲတော်ကြီးမှာ တာဝန်ရှိ သူ၊ လုပ်အားပေးသူအားလုံးဟာ ဧည့်သည်တွေအပေါ် ဧည့်ဝတ်ကျေ ပွန်အောင် အထပ်ထပ်အခါခါ လေ့ကျင့်ထားကြတာပါ။ စားတာ သောက်တာကအစ တည်းခိုရေး၊ လုံခြုံရေး၊ သွားလာရေးအတွက် ယာဉ်တွေကအစ လိုလေးသေးမရှိတဲ့ အပြင် ပိုလျှံတောင်နေပါသေးတယ်။ ဒါကိုလာပြိုင်ဖူးတဲ့ နိုင်ငံတိုင်းသိပါ တယ်။ ကိုင်း ဘာလစ်ဟာမှု ရှိသလဲ။ ဘာအပြစ်ပြောစရာရှိပါသလဲ။ အား ကစားသမားတွေဆိုတာလည်း သက် ဆိုင်ရာ အုပ်ချုပ်သူတွေက ကိုယ့်လူ တွေကို အိမ်ရှင်စိတ်နဲ့ယှဉ် ပြိုင်ရေး မှာ အစစသည်းခံခိုင်းကြမှာလည်း ယုံကြည်ပါတယ်။ အခုလုပ်တဲ့ မလေး ရှားဘောလုံးပွဲမှာတော့ ခန္တီစ၊သည်း ခံခြင်းတရားကိုလည်းသူတို့မသိဘူး လေ။
ကြားလည်း မကြားဖူးဘူးလေ။ အိမ်ရှင်ရဲ့ယဉ်ကျေးမှု စံနှုန်းကိုလည်း သူတို့မသိတာလား၊ မသိချင်ယောင် ဆောင်သလားတော့ မသိတတ်နိုင်အောင်ပါပဲ။
အခုလည်း စာမျက်နှာပေါ် ပြဿနာတစ်ခုတက်လာ တာ ဖတ်ရပါတယ်။ မလေးရှားမှာပြိုင်တဲ့ အင်ဒိုနီးရှားနဲ့ပွဲ တစ်ပွဲမှာ ဒိုင်က မလေးရှားအသင်းဘက်ကို ပင်းပါတယ်။သိသိသာသာချည်း ပင်းတဲ့အခါမှာ အင်ဒိုနီးရှားအသင်းက မခံမရပ်နိုင်ဖြစ်ပြီး ပြိုင်ပွဲကနေထွက်သွားကြတယ်။ ဆက် မကစားကြတော့ဘူး။ ကျွန်မတော့ သိပ်ကြိုက်တာပဲ။ ဒီလိုပဲ ဆန္ဒပြသင့်တယ်။ ငါ့နိုင်ငံမှာ ငါလုပ်ချင်တာလုပ်မယ်။ ဂရုမစိုက်ဘူးဆိုတဲ့ အပေါက်ချိုးတဲ့ မလေးရှားအသင်းကို ဂရုမစိုက်ဘူးဆိုတဲ့အချိုးနဲ့ တန်ပြန်ချိုးပြတာ အကောင်း ဆုံးပါပဲ။ ဒါပေမဲ့ သူတို့မှာရှက်တတ်တဲ့ နှလုံးသားရှိမှ သိမှာပါလေ။
ကြားနေရတာတွေလည်း နားမသက်သာပါဘူး စာဖတ်သူရယ်။ ဘောလုံးပြိုင်မယ့် မြန်မာဘောလုံး အဖွဲ့ နာရီဝက်ဆိုလား နောက်ကျပြီးမှ ရောက်တယ်တဲ့။ သူတို့ ဆီက ကားသမား အဖမ်းခံရလို့၊ မလာလို့ဆိုလား။ ဒါဆို ရင် သူတို့နိုင်ငံမှာ ဘော်လံတီယာတွေ မရှိကြတော့ဘူး လား။ တခြားမောင်းတတ်သူတွေ မရှိကြတော့ဘူးလား ပဲနော်။ မြန်မာဘောလုံးအသင်းရှုံးတဲ့နေ့ကလည်း သူတို့ အသင်းညစ်ပတ်ပြီး နိုင်မှန်းသိရက်နဲ့ အိမ်ပြန်သွားနေကြ တဲ့ လာအားပေးကြတဲ့ မြန်မာအလုပ်သမား တချို့တ လေကို အုပ်စုဖွဲ့ပြီး ရိုက်ကြသတဲ့။ အင်တာနက်မှာ တက် လာတဲ့ပုံတွေမှာ သနားစရာ မြန်မာလူငယ်လေးတွေ အရိုက်ခံထားရလို့ ဖူးယောင်ပေါက်ပြဲဒဏ်ရာ ဒဏ်ချက် တွေနဲ့ပါ။
တကယ်တော့ ဝမ်းရေးအတွက်သွားပြီး ခမျာများ အလုပ်လုပ်နေကြရရှာတာပါ။ အသက်ကိုဖက်နဲ့ထုပ် ထားရမယ့် အနေအထားမှာဆိုရင်တော့ ပြန်လာကြပါ လားကလေးတို့ရေ။ အခုပဲ အင်တာနက်မှာ တက်လာတဲ့ Live ရိုက်ထားတဲ့ မလေးရှားနဲ့ မြန်မာဘောလုံးပွဲပုံတက် လာပါတယ်။ ဘောလုံးကန်တာလား၊ လူတွေကို အတင်း ဆွဲဖက် ဖမ်းထားပုံတွေ၊အင်္ကျီတွေလန်ပျံနေအောင် အတင်းဆွဲထားတာတွေ၊ ခြေထောက်တွေကို ပိုင်း တာတွေ၊ အောင်သူတို့ခမျာ မြက်ခင်းပေါ်မှာ ကျန်ခဲ့ရ ရော။ ပြီးရင် သူတို့မလုပ်ပါဘူးဆိုတဲ့ အချိုးမျိုး သူတို့ကပဲ ဦးအောင် လက်နှစ်ဖက်ထောင်ပြခါပြကြတယ်။ ဒါက ညစ် ပတ်မှု တစ်ခုပါပဲရှင်။ ဒိုင်ကလည်း စုံလုံးကန်းသမှ။
မြန်မာတွေပါတဲ့ ဘတ်စ်ကားကို ခပ်ပြင်းပြင်းဝင် တိုက်ခံရတာတော့ စဉ်းစားစရာပဲ။ ဘယ်လို အမုန်းစိတ် တွေနဲ့ လုပ်လေသလားပဲ။ မြန်မာအားစကားသမား တချို့ တော့ ဒဏ်ရာနည်းနည်းရကြတယ်လို့ သိရပါတယ်။ မြန်မာအားကစားမယ်တစ်ဦးတော့ ပြိုင်ပွဲမဝင်နိုင်တော့ ဘူးလို့ သိရပါတယ်။ ခမျာလေး ဘယ်လောက်ဝမ်းနည်းလိုက် လေမလဲ။ ဒီပွဲဆီးဂိမ်းကိုနွှဲဖို့ သူ့ခမျာ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရတာလေ။
အိမ်ရှင်ဆိုတာ ဦးစားပေးတစ်အဆင့်မှာရှိတော့ တခြားနိုင်ငံတွေထက် ရွှေဆုများများရနိုင်တာ လူတိုင်း သိပြီး ခွင့်လွှတ်ပြီးသားပါ။ အားကစားပြိုင်ပွဲတွေအားလုံး လိုလိုမှာ နိုင်ခြေရှိမယ့်၊ ပိုင်မယ့်၊ ကစားပွဲတွေကိုပဲ အိမ်ရှင်က ရွေးချယ်တယ်ပေါ့နော်။ မသေချာရင် နိုင်ခြေ နည်းရင် ပြိုင်ပွဲမလုပ်ဘဲ ဖြုတ်လိုက်တာ အိမ်ရှင်ပေါ့နော်။ ဥပမာ- လှေလှော်ပြိုင်ပွဲတွေ အခုကျင်းပတဲ့ ဆီးဂိမ်းမှာ မတွေ့ရဘူးရှင့်။ သြော်…တော်တော်လေးလည်း အတ္တ များတဲ့ နိုင်ငံပါ။
ပွဲတော်တစ်ခုကို လုပ်ခွင့်ရတဲ့ နိုင်ငံဟာ နိုင်ငံခြားဝင် ငွေတွေ ကိုယ့်တိုင်းပြည်ထဲ ဒလဟောစီးဆင်းလာတာကို ပိုင်ဆိုင်ရတာပါရှင်။ ဒီတော့ နိုင်ငံတိုင်းကလည်း ကိုယ့် တိုင်းပြည်မှာ ကျင်းပခွင့်ရဖို့ကြိုးစားကြတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ image ကိုလည်း နိုင်ငံတကာအလယ်မှာ ပြသခွင့်၊ ကြော်ငြာခွင့်လည်း ရတာသေချာပါတယ် စာဖတ်သူ။ ဒီတော့ အားကစားပွဲတော်ကြီး ကျင်းပခွင့် ရတဲ့နိုင်ငံဟာ ကိုယ့်သမိုင်းကိုယ်ရေးရတဲ့ နိုင်ငံလည်း ဖြစ် ပါတယ်။ မိမိနိုင်ငံမှာ လုပ်ကြတဲ့အလုပ်သည် မိမိသမိုင်း ကို ရေးသားနေခြင်းပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ကိုယ့်နိုင်ငံ မှာ ပြိုင်တဲ့အားကစားသမားတွေကို မတော်တဆလို့ပဲ ပြောပြော၊ ထိခိုက်ဒဏ်ရာတွေရ၊ ဘောလုံးပွဲတွေမှာ ကြမ်းတမ်းယုတ်မာမှုတွေ သိသိသာသာကြီး အားကစား သမားတွေ ခံစားရစေတဲ့နိုင်ငံကို အိမ်ရှင်ဖြစ်ခွင့်ပေးရေး ဟာ စဉ်းစားစရာတွေ များလာပါတယ်။ အခုဟာက မြန်မာအလုပ်သမားလေးတွေ မြန်မာဘောလုံးပွဲ ကြည့်ပြီး ပြန်တော့လည်း မိသလောက်ကို ရိုက်နှက်ရန် လုပ်တာ နိုင်ငံကြီးသားအလုပ်မဟုတ်ပေဘူး။ မြန်မာအပေါ်ကို မတရားမှုတွေလုပ်တယ် ပြောရအောင်လည်း အင်ဒိုနီးရှား ကိုပါ ဒိုင်နဲ့ပင်းပြီး လုပ်တယ်ဆိုသော သတင်း ထွက်လာပြီ။ အင်ဒိုကတော့ ပြတ်တယ်။ ဒိုင်ကိုပါ ဆန္ဒပြတဲ့အနေနဲ့ ထွက်သွားတာပဲ။ ဘာအရေးလည်း မပြိုင်ရလို့ လာသွားစို့။ အဲဒါအင်ဒိုနီးရှားပါ။
မြန်မာနိုင်ငံကတော့ နိုင်ငံတကာမှာ အင်မတန် ယဉ် ကျေးပြီး သည်းခံမှုမှာ ဗုဒ္ဓတရားတော်နဲ့အညီ ဘုရား စကားနားထောင်တဲ့ နိုင်ငံပါ။ အခုလည်း သက်ဆိုင်ရာ အုပ်ချုပ်သူအဆင့်ဆင့်က ယှဉ်ပြိုင်မယ့် အားကစားသမား တွေကို အထပ်ထပ်အခါခါ ဆုံးမစကားပြောထားခဲ့ပုံရပါ တယ်။ သည်းညည်းခံကစားဖို့၊ မကြမ်းတမ်းဖို့ အကုန်မှာ ခဲ့ပါလိမ့်မယ်။ ကျွန်မတို့ ဘောလုံးသမားလေးတွေဆိုရင် လူကြီးတွေ၊ ဆရာတွေရဲ့စကားကို ဘယ်လောက်နား ထောင်သလဲဆိုတာ သိသာပါတယ်။ မတရားကြီး ဆွဲဖက် ခါရမ်းပြီး လဲကျသွားတော့၊ လုပ်တဲ့ မလေးရှားအားကစား သမားကို ဖျတ်ခနဲ ယောကျာ်းမာန်နဲ့ စူးစူးရဲရဲကြည့်ပေမယ့် လက်ဖျားနဲ့တောင် မရွယ်ခဲ့တာတီဗွီစခရင်ပေါ်မှာ အထင် အရှား ဖြစ်ပါတယ်။လူပဲရှင်။ ထိုးပစ်ချင်မှာပေါ့နော်။
ကိုယ်ကလည်း လုပ်သေး၊ မလုပ်ရပါဘူးလို့ ခေါင်း ခါခါလည် ခါခါလှုပ်ရမ်းပြတဲ့ လူမျိုးခုတော့ မြင်ဖူးပြီ။ ကျွန်မ အခုရေးနေတာ ကိုယ့်အားကစားသမားတွေကို အမျိုးမျိုး စော်ကားခံရလို့ ခံပြင်းမိတာပါ။ မိမဆုံးမ၊ ဖမ ဆုံးမ၊ ဘယ်သူ မှမဆုံးမဘဲ ငါတို့ဆုရဖို့ အရေး၊တို့အရေး လို့ ထောက်ပံ့အားမြှောက်မှုတွေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေ လုပ်သင့်ကြပါသလား။ ကိုယ့်လုပ်ရပ်က ကိုယ့်နိုင်ငံကို ထိခိုက်စေတယ်ဆိုတာကော သိကြပါမလား။ လက်ခုပ်သံ တွေရဖို့အရေး တရားနည်းလမ်းနဲ့ ဘောလုံးကို ဆူမိုနပန်း ပွဲနဲ့ မှားကစားကြမှာလား။ သက်ဆိုင်ရာတွေက ကြည့်နေ ကြမှာလားဆိုတာ တွေးရင်းတွေးရင်း ညနှစ်နာရီ ထိုးသွား တာပဲလေ။
စိုးကြည်ဖြူ