Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsနောက်ထပ်အိမ်ထောင်ပြုဖို့တော့ မစဉ်းစားတော့ဘူး...

နောက်ထပ်အိမ်ထောင်ပြုဖို့တော့ မစဉ်းစားတော့ဘူး မိုးမိုး

Moe-Moe

မေး- အစ်မအနေနဲ့ တစ်ယောက်တည်း နေသွားတော့မှာလား။ အိမ်ထောင်ထပ်ပြုဖို့ ကော အစီအစဉ်ရှိပါသလား။

ဖြေ- အစ်မရည်ရွယ်ထားပါတယ်။ ရှိပါတယ်။ အခုအချိန်မှာကျတော့ အစ်မတို့ မောင်နှ မလိုပဲပေါ့။ သူလည်း သူ့အလုပ်သူလုပ်တယ်။ ဒါပေမဲ့ အစ်မကို ကူညီပါတယ်။ တရား ဝင်ကြီးတော့ အစ်မတို့ယူလိုက်ကြတာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်ပဲ။ ဒီကလေးတွေရဲ့ ဝေယျာဝစ္စတွေလည်း အကုန်လုပ်ပေးတယ်။ သူ့စီးပွားငါ့စီးပွားကိုတော့ လုပ်ထားကြတာတော့ မဟုတ်ဘူးပေါ့။ အသက်အရွယ် အရမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်တွေ၊ ကြိုက်တယ်တွေ မဟုတ်ဘူး ပေါ့။ အစ်မလည်း ဒီကလေးတွေအတွက် အစ်မ အတွက် တိုးတိုးဖော်တိုင်ပင်ဖက်တစ် ယောက်အနေနဲ့ပဲပေါ့။ အစ်မတို့နှစ် ယောက်ကြားမှာ ဒီလောက်ပါပဲ။ အစ်မ လာတယ်ဆိုရင် သူတို့လာတယ်။ တစ် အိမ်တည်း အတူတူနေကြတယ်။ တရားဝင်ကြီး လက်မှတ်ထိုးပြီး ယူထားတာတော့မဟုတ်ဘူး။ တစ်အိမ် တည်း ပဲတူတူနေကြပါတယ်။ ဒါပေမဲ့ စီးပွားရေးက အတူတူတော့ မဟုတ်ဘူးပေါ့ နော်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတယ်။ ဒီအသက်အရွယ်မှာ တစ်ယောက်နဲ့ တစ်ယောက်အရေးကြီးတာ နား လည်မှု၊ စာနာမှုပေါ့။ တူတူနေ ကြတယ်။ အသက်ကလေးရ လာတော့ မောင်နှမလိုပဲဖြစ် သွားကြတယ်။ သူကလည်း သူ့ တူတွေ၊ တူမတွေကို ဖြစ်စေ ချင်တယ်။ ဦးလေးအရင်း တစ် ယောက်လိုပေါ့။ အစ်မနဲ့သူနဲ့ ကြားမှာဆိုလည်း အစ်မထက် အများကြီးငယ်တဲ့အတွက် အခု ဆိုရင် အစ်မတို့နှစ်ယောက်က တစ်အိမ်တည်းနေပြီး တအားဝေး သွားတယ်။ တော်တော်ကို ဝေးသွား တယ်။ ဘယ်လိုမှကို အိမ်ထောင် ဖက်လိုမျိုး တောင်မဟုတ် တော့ဘူး။ မောင်နှမလို ဘက်ကိုကူးသွား တယ်။ သူကလည်း အစ်မကို တအား နားလည် တယ်။ အခုလိုမျိုးပွဲ တွေလုပ်ရင် သူပဲစီစဉ်ပေးရတာ။ အစ်ကို့ ကိစ္စဆိုလည်း သူပဲ စီစဉ်ပေးတာ။ အလှူလုပ်မယ်ဆိုလည်း အစကနေ အဆုံး လုပ်ပေးတယ်။ အစ်မမှမလာနိုင်တာ။ သူတို့ကလည်း တစ်ချိန် က ကိုသားကြီးရဲ့ပရိသတ်ဖြစ်လို့ ဒီလောက်နားလည်ပေးလို့ ရတာပေါ့။ အစ်မအိမ်မှာဆိုရင် ကိုသားကြီးပုံက အမြဲတမ်း ဘုရားခန်းမှာရှိတယ်။ အစ်မပြောထားတယ်လေ။

ဒီဘုရားခန်းက ငါ့ရဲ့ယောက်ျားပုံဖယ်တဲ့နေ့က သူနဲ့အစ်မ နဲ့ ပြဿနာအကြီးအကျယ်တက်တဲ့နေ့ပဲ။ အဲဒီလို နားလည်တဲ့ လူတစ်ယောက်ကိုပဲ အစ်မကလည်း လိုချင်တာလေ။ အစ်မရဲ့ တိုင်ပင်ဖက်လေးပေါ့။ မောင်နှမလိုလည်း တိုင်ပင်လို့ရတယ်။ ကိုယ့်ရဲ့ အနီးစပ်ဆုံးလူတစ်ယောက် အနေနဲ့ပေါ့။ သူကလည်း အစ်မကို အများကြီးနားလည်တယ်။ တခြားတစ်ယောက်ဆို ဒီဓာတ်ပုံ ဖယ်ကောင်းဖယ်ချင် ဖယ်လိုက်မယ်။ အစ်မသားသမီး မွေးထားတာ မဟုတ်တဲ့အတွက် သူနားလည်ပေးချင်မှ ပေးနိုင် မယ်။ အစ်မလိုချင်တဲ့ တစ်ချက်ရတဲ့အတွက် အစ်မနားမှာ သူက အခုအချိန်ထိတော့ ရှိနေတယ်။ ဒါပေမဲ့ အားလုံးကိုတော့ အစ်မက တွဲပြတာတို့ ဘာတို့တော့မလုပ်ဘူးပေါ့။ သူလည်း သူစည်းလေးနဲ့သူနေတယ်။ အစ်မလည်း အစ်မစည်းကမ်းလေးနဲ့ အစ်မနေတယ်။ လူကြားထဲမှာ အစ်မတို့နှစ်ယောက် တစ်ခါမှ ဒီနေ့ထိ တွဲမသွားဘူး။ သိသာသိစေမမြင်စေနဲ့။ ဘာလို့လဲဆို ကလေးတွေရဲ့ဘဝရှိသေးတယ်။ အစ်မကလည်း ကိုယ့်ရဲ့မောင် လေးတစ်ယောက်လို၊ သူကလည်း သူ့ရဲ့အစ်မတစ်ယောက်လို အလုပ်လုပ်ရင် တိုင်ပင်ကြတယ်။ ဒီလောက်ပါပဲ။ အစ်မလည်း နောက်ထပ်အိမ်ထောင်ပြုဖို့တော့ မစဉ်းစားတော့ဘူး။ အစ တုန်းကတော့ လက်မှတ်မထိုးထားဘူး။ တစ်အိမ်တည်းနေ တယ်။ ယူထားသလိုပဲ။ ဒါပရိသတ်ကိုလည်း အသိပေးတာပါ။ အခုအချိန်မှာ အစ်မရဲ့အသက်က ကြီးလာပြီ။ ငယ်မသွားဘူး။ ဒီလိုနေနေတဲ့အတွက်လည်း အစ်မက အစ်ကို့ကိုမေ့သွားတာ မဟုတ်ဘူး။ ဟိုဘက်က တစ်ခြမ်းကလည်း အစ်မကို ဒါတွေ မလုပ်ရဘူးလို့ လုံးဝမပြောဘူး။ သူတအားနားလည်ပေးတဲ့ အတွက် အစ်မကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့်လူတွေ ထဲမှာ သူလည်းပါပါတယ်။ အစ်မ အစ်ကို့အတွက် ဘာလုပ်လုပ် သူက အရှေ့က ဦးဆောင်ပြီး လုပ်ပေးပါတယ်။

မေး- အစ်မအခုလက်ရှိမှာ ဘာစီးပွားရေးလုပ်ဖြစ်လဲ။
ဖြေ- အစ်မအခု အင်္ကျီပြန်ချုပ်တယ်။ စင်ကာပူမှာ အကျီချုပ် သင်တန်းလေးဖွင့်ထားတယ်။ အခု ဒီမြန်မာပြည်ကို အပြီးပြန် လာတော့မယ်။ သားသားကလည်း အသက်၂၁နှစ် ဖြစ်သွားပြီ။ ဘွဲ့ရတော့မှာဆိုတော့ အခုအစ်မတစ်လကို တစ်ခါလောက် ပဲပြန်တော့တယ်။ အစ်မသင်နေတဲ့ ဟိုဘက်က သင်တန်းက သင်ခန်းစာမပြီးသေးဘူး။ ခဏပြန်နေရတယ်။ အဲဒီဘက်က ပြတ်သွားတာနဲ့ လုံးဝမသွားတော့ဘူး။ သား သားကို သွားကြည့်ရုံလောက်လေးပဲ တစ်လတစ်ခေါက်ပဲ သွားတော့ မယ်။ အစ်မဒီမှာပဲ အင်္ကျီချုပ်တဲ့လုပ်ငန်းကို အခြေချလိုက်ပြီ။ ပြီးရင် ကျောင်းလေး ဆက်ဖွင့်မယ်။ အစ်မတက်ချင်တဲ့ ကျောင်းလည်း ရှိသေးတယ်။ အစ်မကိုယ်တိုင်လည်း ကျောင်း ပြန်တက်ချင်တယ်။ အဲဒါကြောင့် မြန်မာပြည်မှာ ပြန်လာ နေတော့မယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071