Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsနေမင်း ပြောပြတဲ့ တရုတ်နိုင်ငံမှာ...

နေမင်း ပြောပြတဲ့ တရုတ်နိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့ တိမ်ပြာသောနေ့ ဇာတ်ကားအကြောင်း

Nay-Min

နေမင်းက လတ်တလောမှာ မြန်မာ့ဒီမိုကရေစီ ရက် သတ္တပတ် ရုပ်ရှင်ပွဲတော်အတွက် ‘တိမ်ပြာသောနေ့’ရုပ်ရှင်ဇာတ်ကားကို ကချင်ပြည်နယ်မှာ သွားရောက် ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ နေမင်းက တပ်ကြပ်ကြီး တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

“တကယ်တော့ လူမျိုးရေးခွဲခြားမှုမရှိဘဲနဲ့ ချစ် တတ်တဲ့စစ်သား တစ်ယောက်ရဲ့ စိတ်ရယ်။ စစ်ပွဲတစ်ပွဲ ဖြစ်လာတဲ့အချိန်မှာ ဘယ်သူ့ အတွက်မှ ကောင်းကျိုးမရှိဘဲနဲ့ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်နေတဲ့ ကျေးရွာမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒုက္ခကြုံတွေ့ရပုံတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ စစ်ပွဲတစ်ပွဲ ဖြစ်လာပြီဆိုရင် တကယ်တမ်း လက်တွေ့ ခံစားရတာက အဲဒီမြေမှာ နေတဲ့ လူမျိုးစုတွေပါ။ တိမ်ပြာသောနေ့ရဲ့ ရည်ရွယ်ချက်က ဥပမာ- မြန်မာပြည်ကို အင်ဂျင်တစ်ခု လို့ သတ်မှတ်လိုက် မယ်ဆိုရင် အထဲထဲမှာပါတဲ့ ပင်နီယံ ခွေးသွား စိတ်တွေ အကုန်လုံးက တိုင်းနဲ့ ပြည်နယ် ၁၄ခု ၊၁၃၅မျိုးသော တိုင်း ရင်းသားတွေလို့ သတ်မှတ်လိုက်။ ဘယ်ပင်နီယံပဲ ချို့ယွင်း ချို့ယွင်း ဒီအင်ဂျင်က ဆက်လည်လို့ မရတော့ဘူး။ အဲဒီတိုင်းနဲ့ပြည်နယ်တစ်ခုခုရဲ့ဖောက်ပြန်မှု တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေရော၊ လူမျိုးရေးအခြေအနေ၊ ဘာသာရေး အခြေအနေရော ဘာ မှဆက်ပြီး တိုးတက်လာစရာမရှိဘူး။ အဲဒါကိုပြချင် တာ ပါ”လို့ ပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ခေါင်းဆောင်တစ်ဦး အနေနဲ့ ပါဝင် သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် စိတ်ကို တည်ငြိမ်အောင် ပြင်ဆင်ထားပြီး စိတ်တည်ငြိမ်အောင်လို့ ဘယ်သွားသွား လည်ကတုံးပဲ ဝတ်ဆင်ပြီး သွားဖြစ်တယ်လို့ နေမင်း ကပြောပါတယ်။ နေမင်းပါဝင် သရုပ်ဆောင် ထားတဲ့ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားဖြစ်တဲ့’ပြည် ထောင်စုသစ္စာ’ ဇာတ်ကားကလည်း ပရိသတ်တွေ အားပေးမှုအထူးရရှိခဲ့ပါတယ်။

“ပရိသတ်ကြိုက်စေဆိုတဲ့ ရည်ရွယ်ချက် တော့ မဟုတ်ဘူး။ကိုယ်လုပ်နိုင်သလောက် ကိုယ်တတ် သလောက်နဲ့ အနုပညာကို အကောင်းဆုံးလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့ကြတာချည်းပဲ။ ‘ပြည်ထောင်စု သစ္စာ’ရိုက်ကူးတုန်းကတည်းက ဘယ်နှရက်ပဲအချိန်ရမယ်နော်လို့ ကျွန်တော် မပြောခဲ့ဘူး။ ဇာတ်ကားပြီးတဲ့ထိ ရိုက်ကူးမယ်လို့ ရည်ရွယ်ပြီး ဗိုလ်ကြီးတင်အောင်စိုးနဲ့ တက်ညီ လက်ညီ ရိုက်ကူးခဲ့ကြတယ်။ အားလုံး ၄၅ ရက် ကြာတယ်။ ဗထူးမှာချည်းပဲ။ အခုဒီ ဇာတ်ကား အတွက်ကိုလည်း ရိုက်ကူးရက်ကိုငာငအ မထားဘူး။ ဒေါင်လွဏ်းကြိုက်သလောက်ရိုက်ဆိုပြီး ရိုက်ကူး ရက်ပေးခဲ့တယ်။ ကျွန်တော်တို့ ကုမ္ပဏီက ရိုက်မယ့် ဇာတ်ကားတွေကိုတောင်မှ နောင်လ ၈ လပိုင်းထဲမှာပဲ ရိုက်မယ်လို့ ပြောထားတယ်။ စစ်ကားလည်း ဖြစ်တယ်။ တကယ်တမ်းရိုက်ကူးရမှာက တရုတ်ပြည်နယ်စပ် ပန်ဝါ ဘက်သွားရမှာဆိုတော့ သွားရလာရတအားခက်ခဲ တယ်။ လမ်းပန်းဆက်သွယ်ရေးကအစအကုန်ပြင် ဆင် ရတယ်”လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071