Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeArticlesတော်လှန်ရေးကောင်စီခေတ်မှာ ၃

တော်လှန်ရေးကောင်စီခေတ်မှာ ၃

mkm

တော်လှန်ရေးကောင်စီတက်ပြီး မကြာမီတွင် ပုဂ္ဂလိက ဘဏ်များကို ပြည်သူပိုင်ပြုလုပ်ကြောင်း သတင်းစာတွေထဲမှာ ဖတ်ရသည်။ ဘဏ်အသီးသီးတွင် အထွေထွေမန်နေဂျာအဖြစ် ကြီးကြပ်အုပ်ချုပ်ရန် တာဝန်ပေးသော တပ်မတော်အရာရှိကြီးများ၏ နာမည်များလည်း တွေ့ရသည်။ ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင် စသည့် သတင်းစာတိုက် များကိုလည်း ပြည်သူပိုင်ပြုလုပ်သည်။ “လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ” သည် အစိုးရ ထုတ်သတင်းစာအဖြစ် အသစ်ပေါ်လာသည်။ အင်္ဂလိပ်လိုထုတ်သည့် Working People’s Daily သတင်းစာလည်း ပေါ်လာသည်။ မြန်မာ “လုပ်သား” သတင်းစာမှာ ဆရာကြီးရွှေဥဒေါင်း အယ်ဒီတာချုပ် ဖြစ်လာသည်။ အင်္ဂလိပ် “လုပ်သား”သတင်းစာမှာတော့ ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ အယ်ဒီတာဝင် လုပ်ကြသည်ဟု ကြားရသည်။ နောက်တော့တစ်နိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းများအပြား ပြည်သူပိုင်သိမ်းသည်။ ရုပ်ရှင်ရုံများ၊ ကုမ္ပဏီများကစ၍ ဆိုင်သေးသေး များအထိပါသည်။ လုပ်ငန်းအကြီးတွေ ရော၊ အသေးတွေရောပါသည်။

ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ပြည်သူပိုင်သိမ်းသည့် လှုပ်ရှားမှုမှာ သူ ကိုယ်တိုင်ပါဝင်ခဲ့ရပုံကို ပြောပြဖူးသည်။ သူက တပ်ကြပ်ကြီးဖြစ်သည်။ ပြည်သူပိုင် သိမ်းမည့်နေ့တွင် ရန်ကုန်မြို့လယ်ကောင်က ဆိုင်တွေကို သိမ်းဖို့သူတို့ကို တစ်ယောက်စီ တာဝန်ပေးထားသည်ဟု ဆိုသည်။ သတ်မှတ် သည့် အချိန်သို့ရောက်သည်နှင့် သူတာ ဝန်ယူရသည့် ဆိုင်ထဲသို့ ဝင်ပြီး ထိုအချိန်မှာ ဆိုင်ကရေးသည့် ငွေရပြေစာပေါ်မှာ လက် မှတ်ထိုး လိုက်သည်။ ပြီးတော့ “ဒီဆိုင်ကို ပြည်သူပိုင်သိမ်းလိုက်ပြီ”ဟု ဆိုင်ရှင်ကို အသိပေးလိုက်သည်တဲ့။ ဤသို့ဖြင့် စီးပွား ရေးလုပ်ငန်းများ၊ ဆိုင်များ ပြည်သူပိုင်ဖြစ် သွားသည်။ မကြာမီ” ပြည်သူ့ဆိုင်”ဆိုသော ဆိုင်းဘုတ်အစိမ်းတွေဆိုင်တွေမှာ တပ်ဆင် သည်။ ပြည်သူ့ပစ္စည်း ကော်ပိုရေးရှင်း (ပပက)ဆိုသော နာမည်အသုံးတွင်ကျယ် လာသည်။ ပြည်သူပိုင် အသိမ်းခံရသူအချို့ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားသည့် သတင်းတွေ သတင်းစာထဲ မှာ ဖတ်ရသည်။ နယ် မြို့တစ်မြို့မှ မိတ်ဆွေ အမျိုးသမီးတစ်ယောက်က “ကျွန်မတို့ ရုပ်ရှင်ရုံရော ကုန်တိုက်ရော ဓားပြအသိမ်းခံ လို့” ဟု နာနာကျည်းကျည်း ပြောသည်ကို မှတ်မိနေသည်။

နောက်တော့ “ပြည်သူ့ဆိုင်”များ၏ သတင်းတွေ ကြားရသည်။ ဆက်ဆံရေး မပြေပြစ်မှုများ၊ ဝယ်သူကို ကြိမ်းမောင်း ဟိန်းဟောက်မှုများ စသည်တို့ဖြစ်သည်။ သတင်းစာထဲမှာ “လူထုအော်သံ”အခန်းက အယ်ဒီ တာ ထံပေးစာတစ်စောင်ကို မှတ်မိနေပါသည်။ ခေါင်းစဉ်က “ဗိုလ်မှူးကြီးကို မီးစာ ရောင်းပြီး နောက်’ဟူ၍ဖြစ်သည်။ ထိုစာရေးသူက ပြည်သူဆိုင်တစ်ဆိုင်သို့ သွားပြီး မီးအိမ်မှာ တပ်ရ သော မီးစာဝယ်ဖို့ တန်းစီသည်။ သူ့ရှေ့က ဗိုလ်မှူး ကြီးတစ်ယောက်ကို မီးစာရောင်းလိုက်သည်။ သူ့ အလှည့်ကျတော့ “သီးသန့်ပစ္စည်းဖြစ် လို့ မရောင်းနိုင်ပါ”ဟု ရောင်းသူက ပြောသည့်အတွက် မကျေမနပ်ဖြစ်ပြီး သတင်းစာထဲက အော်ခြင်းဖြစ်သည်။

ပြည်သူ့ဆိုင်တွေက ပစ္စည်းတစ်ခု ထုတ်ပေးပြီဆိုလျှင် အလုအယက် တန်းစီကြရသည်။ တိုးကြဝှေ့ကြရသည်။ “တန်းစီ တိုးစား”ဆိုသော ဝေါဟာရလည်း ပေါ် လာသည်။ ပြည်သူ့ဆိုင်မှ ဆန်၊ ဆီ စသည့် စားသုံးကုန်များကို ခွဲတမ်းနှင့် ပေးသည်။ “ဆီစာအုပ်”များ သွားထပ်ရသည်။ ဘယ် ပစ္စည်းမှ အလွယ်တကူ ဝယ်မရ။ ဈေးကြီး ကြီးပေးပြီး တိုးတိုးတိတ်တိတ်ဝယ်ရသော “မှောင်ခိုပစ္စည်း”တို့ “မှောင်ခိုဈေး”တို့ ဆိုတာတွေ ပေါ်လာသည်။

ရပ်ကွက်ထဲမှာ ချပေးလိုက်သော အသုံးအဆောင်တွေကို ကော်မတီဝင်တွေ က ဦးဆောင်ပြီး ခွဲတမ်းချပေးသည်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက အစည်း အဝေးဖိတ်ပြီး ညှိနှိုင်းပေးရသည်လည်း ရှိသည်။ ရေဒီယိုတို့၊ မီးပူတို့ ပိုးလုံချည်တို့လို တန်ဖိုးရှိသည့် ပစ္စည်းများကို သူယူမယ်၊ ငါယူမယ် အပြိုင်ဖြစ်နေ၍ ကော်မတီဝင်က ဖျောင်းဖျောင်းဖျဖျလုပ် ရတာမျိုးလည်း ရှိသည်။ လူရွှင်တော်တွေက “အစကောင်းမှ အနှောင်းသေချာ” ဆို သော စကားပုံကို ဖျက်ပြီး “အစ ကောင်းတော့ ကော်မတီယူ”ဟု စကားပုံသစ်ထွင်၍ ပြက် လုံးထုတ်ကြသည်။ ထိုကာလမှာ ပေါ်ထွက်လာသော နိုင်ဝင်းဆွေ၏ “မသိန်းရှင်ဆီ ပို့ပေးပါ”လို ဝတ္ထုကောင်းတွေက ခေတ်သရုပ်ကို ပီပီပြင်ပြင် ထင်ဟပ်ပြထားသည်။ နောက်မှဖတ်ရသော အချက်တစ်ချက်ကို သတိရနေသည်။ ထိုစဉ်က ပြည်သူပိုင် မသိမ်းမီ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးကို ဆိုဗီယက် ဝန်ကြီးချုပ် ခရုရှော့က ပြည်သူပိုင် သိမ်းသည့်အစီအစဉ်ကို အလျင်စလို မလုပ် ဖို့၊ အသေးအဖွဲတွေကစပြီး သိမ်းတာမျိုး မလုပ်ဖို့ အကြံပေးသေးသည်ဆိုလား။ ဆီ စာအုပ် ထပ်ကြရသောခေတ်၊ တန်းစီတိုးစား ကြရသော ခေတ်၊ မှောင်ခိုပစ္စည်း တိုးတိုးဝယ် ကြရသောခေတ်မှာ တော်တော်ဒုက္ခခံကြရ ပါသည်။

တစ်ခုသတိရသေးသည်။ ပြည်သူပိုင် မသိမ်းမီက ကျောင်း၂မျိုးရှိသည်။ အစိုးရ ကျောင်းများနှင့် ခရစ်ယာန်သာသနာပြု ကျောင်းများ ဖြစ်သည်။ အစိုးရကျောင်း တွေက အင်္ဂလိပ်အက္ခရာ E ပုံဏ္ဌာန် တည် ဆောက်ထားသော ကျောင်းများ ဖြစ်သည်။ သာသနာပြုကျောင်းတွေကတော့ အနီရောင် အုတ်များဖြင့် ဆောက်ထားသော ကျောင်း များဖြစ် သည်။ ထိုကျောင်းတွေကို “စိန့်” ကျောင်းဟုလည်းခေါ်ကြသည်။ ထိုကျောင်း တွေမှာ “ဖာသာ” တွေ “မာသာ”တွေက သင် ကြားပေးကြသည်။ ပြည်သူပိုင်သိမ်းလိုက် တော့ ထိုကျောင်းတွေအားလုံး အစိုးရ ကျောင်းတွေ ဖြစ်ကုန်သည်။ ယခုပြန် စဉ်း စားကြည့်တော့ အချို့နာမည်တွေ သတိရနေ ပါသေးသည်။ အင်းလျား လမ်းက ကမာရွက် အ.ထ.က ၂ က စိန့်အော်ဂတ်စတင်း၊ ပြည်လမ်းက စမ်းချောင်း အ.ထ.က ၂ က “စိန့်ဖီလိုမီးနားစ်”၊ ဒဂုံ အ.ထ.က ၁ က “မက်သဒစ်စ်”၊ ပန်းပဲတန်း အ.ထ.က ၁ က စိန်မေရီ ဒိုင်ဟိုဆီဇင်+၊ လသာ အ.ထ.က ၂ က “စိန့် ဂျွန်းကွန်ဗင့်၊ ဗိုလ်တထောင် အ.ထ.က ၆ က စိန့်ပေါ စသည် စသည် ဖြင့်။ နောက်ပိုင်းလူငယ်တွေ ထိုနာမည်တွေ ကို မသိကြတော့ပါ။

နောက်အမှတ်တရတစ်ခုက ကျိုက္ကဆံ ကွင်းမှာ ကျင်းပသော အလုပ်သမားညီလာခံ ကိုယ်စားလှယ်ကြီးတွေကို ရန်ကုန်တက္ကသိုလ် ပရိဝုဏ်ထဲက ကျောင်းဆောင်တွေမှာ တည်းခိုစေပြီး တက္ကသိုလ် ဆရာ၊ ဆရာမ များက ကျွေးမွေးဧည့်ခံရခြင်း ဖြစ်သည်။ ကျွန်တော်လည်း ထိုစဉ်က ရန်ကုန်တက္ကသိုလ် မှာ တာဝန်ထမ်းဆောင်နေသည်မို့ ပါဝင်လုပ် အားပေးရသည်။ မနက် ၇နာရီ မထိုးခင် အိမ်ကထွက်ပြီး လာကြိုသောကားနှင့် လိုက်ရသည်။ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံ၊ အင်းဝဆိုသော အဆောင်တွေမှာ တာဝန်ကျ သည်။ အဆောင်အလုပ်သမားများ ချက် ပြုတ်စီမံထားသော ထမင်း၊ ဟင်းများကို ဆရာ၊ ဆရာမများက ခူးခပ်ပြင်ဆင်ပြီး အလုပ်သမားကြီးတွေ သူတို့အခန်းများမှ ထမင်းစားခန်းသို့ ဆင်းလာသောအခါ ကျွေး မွေးဧည့်ခံရသည်။ နေ့လယ်ပိုင်းမှာ ခဏနား ရသည်။ ညနေပိုင်းကျတော့ အစည်းအဝေးမှ ပြန်လာသည့် အလုပ်သမားတွေကို ကျွေး မွေးဧည့်ခံရပြန်သည်။ ဘွဲ့နှင်းသဘင် ခန်းမထဲမှာ အားလုံးစုပြီး ကျွေးမွေးရသည်လည်း ရှိသည်။ အားလုံးပြီးတော့ မိုးချုပ်နေပါပြီ။ အိမ်ပြန်ရောက်တော့ တစ်နေ့လုံး လှုပ်ရှားရ သည့်အတွက် မလှုပ်နိုင်တော့ဘဲ အိပ်ရာဝင်ရ တော့သည်။ နောက်နေ့မနက် အစောကြီး ပြန်ထရပြန်သည်။ နေ့စဉ်ရက်ဆက် ဤ ပုံစံအတိုင်း သံသရာလည်နေသည့်အတွက် ဘယ်လောက်စိတ်ထဲမှာ စွဲနေသလဲဆိုလျှင် အိပ်ရာဝင်ခါနီး မျက်စိမှိတ်လိုက်သောအခါ မျက်စိထဲမှာ ထမင်းပန်းကန်၊ ဟင်းပန်းကန် တွေ ပတ်ချာလည်ပြီး ပေါ်လာသည်အထိပင် ဖြစ်ပါသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာများ လည်းရှိသည်။ ကျွေးမွေးဧည့်ခံရသည့် ဆရာ၊ ဆရာမတွေကို ဗိုလ်ကြီးတွေက လာကြီးကြပ်ပြီး ဟိုလိုလုပ်ပါ ဒီလိုမလုပ်ပါနဲ့ စသည်ဖြင့် ညွှန်ကြားချက်တွေပေးနေခြင်း ဖြစ်သည်။ ပန်းကန်းတွေချလျှင် “မချနဲ့ဦး၊ စောပါသေးတယ်”ဟု တားမြစ်တာမျိုး၊ နောက်ကျနေလျင်လည်း “ပန်းကန်တွေ ချတော့လေ၊ နောက်ကျနေပြီ”ဟု လာပြော တာမျိုးတွေလုပ်သည်။ “ပညာမတတ်တဲ့ အလုပ်သမားကြီးတွေကို ဧည့်ခံကျွေးမွေးဖို့ ဆိုပြီး တက္ကသိုလ် ဆရာ၊ ဆရာမတွေကို ခိုင်းတာက ရိုးရိုးသားသား မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်နဲ့လုပ်တာ”ဆိုသော အသံတွေလည်း မကျေမနပ်ထွက်လာသည်။ ဆရာ၊ ဆရာမများကတော့ တာဝန်ကျေကျေ ဆောင်ရွက်ကြပါသည်။

ဘွဲ့နှင်းသဘင်ခန်းမမှာ နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပသည်။ အလုပ်သမား ကြီးများရော၊ လုပ်အားပေး ဆရာ၊ ဆရာမ များရောဖိတ်ကြားထားသည်။ ခါတိုင်း ထမင်းပန်ကန်များ ဇွန်းခက်ရင်းများ၊ ချပေးပြီးပြီဆိုလျှင် ကြီးကြပ်သည့်ဗိုလ်ကြီးက ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်ကို တက်ပြီး စားပွဲတွေကိုငုံ့ကြည့်၍ ပန်းကန်များ ချထား ပုံညီမညီ စစ်ဆေးလေ့ရှိသည်။ မညီလျှင် မျဉ်းဖြောင့် မကျဘူး။ ဘယ်ပန်းကန် ကိုရှေ့ တိုးပါ၊ နောက်ဆုတ်ပါ စသည်ဖြင့် ညွှန်ကြား လေ့ရှိသည်။ နှုတ်ဆက်ပွဲနေ့တွင် ပျော်တတ် သော ဆရာမကြီးတစ်ယောက်က ဘွဲ့နှင်း သဘင် ခန်းမအပေါ်ထပ်တက်ပြီး ထို ဗိုလ်ကြီး၏ စတိုင်မျိုးဖြင့် “သကြားလုံးတွေ အစိမ်းနဲ့ အနီနဲ့ခွဲပါ။ အစိမ်းကို ဘယ်ဘက် မှာချပါ။ အနီကို ညာဘက်မှာချပါ။ မရောစေနဲ့”ဟု ခပ်တည်တည် အမိန့်ပေးပြီး ပြန် ဆင်းလာသည်။ ထိုဗိုလ်ကြီး မျက်နှာကြီး နီနေသည်ကိုကြည့်ပြီး တိုးတိုးတိတ်တိတ် ပြောကြသည်။ နှုတ်ဆက်ပွဲကျင်းပတော့ တာဝန်ရှိသည့် ဗိုလ်မှူးကြီး တက်ရောက်ပြီး ကျေးဇူးတင် စကား ပြောသည်။ ဆရာ၊ ဆရာမများ ပင်ပင်ပန်းပန်း လုပ်အားပေးကြသည့် အတွက် ဂုဏ်ပြုပါကြောင်း ပြောသည်။ ပြီးတော့ “ကျွန်တော် တို့ဘက်က ဆက်ဆံရေး မပြေပြစ်တာတွေရှိရင် လည်း ကျွန်တော်က တောင်းပန်ပါတယ်”ဟု ထည့်ပြော သွားပါသည်။ သကြားလုံးအနီနှင့် အစိမ်းခွဲဖို့ ညွှန် ကြားသော ဆရာမကြီးကို ထိုဗိုလ်ကြီးက နှုတ်ဆက်ရင်း “ကျွန်တော်တို့လည်း ဆရာမကြီးတို့လိုပဲ။ အဆင်ပြေပြေ ပြီးသွားအောင် တာဝန်အရ လုပ်ကြရတာပါ”ဟု ပြောသွား ကြောင်း ကြားရပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071