တောင်ကြီးမြို့မှာ လူငယ်လေး ယောက် ပေါင်းစပ်ပြီး ပထမအကြိမ် “နှစ်ချို့”ကိုယ်ပိုင်သံစဉ် တေးစီးရီးကို နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။တောင်ကြီးမြို့မှာ လူငယ်လေး ယောက် ပေါင်းစပ်ပြီး ပထမအကြိမ် “နှစ်ချို့”ကိုယ်ပိုင်သံစဉ် တေးစီးရီးကို နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
နှစ်ချို့တေးစီးရီးခွေကို ကိုရှိန်း၊ ရန်ပိုင်၊ ညအောင်တို့က ကိုယ်ပိုင် သံစဉ်များ တီးခတ်၍ သီဆိုထားပြီး သီချင်းအပုဒ်ရေ စုစုပေါင်း ၁၃ ပုဒ် ပါဝင်ထားကြောင်း သိရပါတယ်။ ပထမဆုံးအကြိမ် တေးစီးရီးထုတ်ရာ တွင် အခက်အခဲ များရှိပုံကိုလည်း ကိုရှိန်းက…
“ကျွန်တော်တို့ ၄ ယောက် ပေါင်းပြီးတော့ နှစ်ချို့ခွေလေး ထွက်ဖို့ ကြိုးစားခံတာ ၂ဝ၁၄ ကတည်းကပါ။ The End Band အဖွဲ့က ကိုအောင် ခန့်နဲ့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်တယ်။ ကိုအောင်ခန့် ဆုံးသွားတော့ ကျွန် တော်တို့မှာ တိုင်ပင်စရာ လူမရှိတော့ အချိန်တွေ ကြာသွားပြီး သူငယ်ချင်း တွေ တိုင်ပင်ပြီးတော့ ပြန်လုပ်ဖြစ် တော့ ဒီအချိန်ထိ ရောက်သွားတာ ပေါ့” လို့ ပြောခဲ့ပါတယ်။ “နှစ်ချို့ ” ကိုယ်ပိုင်တေးစီးရီး Audio CD ကို The Sun Music Production မှ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
သဲစုလှိုင်