ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ အရေး ပါတဲ့ မိုင်းရှင်းခွေးတစ် ကောင် သေသွားပြီ ဆိုတာ စာစောင်တွေနဲ့ fb မှာဖတ် ရတော့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ စာတွေထဲမှာ ဖတ် ရတာက ဒီခွေးဟာ အင်မတန်တော် တဲ့၊ ပြည်သူ့ အသက် အန္တရာယ်ကာ ကွယ်ပေးနိုင်တဲ့ ခွေး တစ်ကောင်ဖြစ် နေပါတယ်။ နိုင်ငံခြားသား ခွေးမျိုး ဖြစ်ပေမယ့် သူ့ကိုကျွေး မွေးစောင့် ရှောက်ခဲ့တဲ့ အမိ မြန် မာနိုင်ငံတော် အတွက်ကို သစ္စာရှိရှိ အမှုထမ်းခဲ့ပါ တယ်။ ရာထူးကလည်း တပ်ကြပ်ကြီး အဆင့်ထိတောင် ရောက်နေခဲ့ပြီ။ ပြီးတော့ သူတို့လို အမျိုးအစား တွေက သခင့်မျက်နှာ တစ်ခုပဲ ကြည့်တာပါ။ သခင်ကများ မာန်လိုက်ရင် အလိုလို ညှိုးငယ်သွားတာပါပဲ စာဖတ်သူ။ သူတို့လခက တစ်နေ့ တစ်ထောင်နှုန်း ဆိုပေမယ့် နောက်ပိုင်း တင်ပြတော့ တိုးပေးတယ် ဆိုလားပါပဲ။
အားရှိတဲ့ အသားနဲ့ဥနဲ့ အား ဆေးအာဟာရတွေ နဲ့ဆိုရင် မျိုး ကောင်းခွေးတစ်ကောင် အဖို့ တစ်လ ခြောက်သောင်း နဲ့အထက် လောက် အထိတော့ ပေးသင့်တယ် ထင်တာ ပါပဲ။ စဉ်းစားကြည့်တော့ လူတွေရဲ့ အသက်ကို သူတို့အသက်နဲ့ ရင်းပြီး မိုင်းအန္တရာယ်က ကာကွယ်ပေးနေရ တာလေ။ သူလည်းစစ်သည် တော် တစ်ယောက်ပေပဲကိုး။
သူတို့အကြောင်း ဖတ်ရတော့ လည်း အတော်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူတို့ခမျာ မိုင်း ရှင်းနိုင်ဖို့အတွက် သင်တန်းစက တည်းက ယမ်းမှုန့်တွေကို ကျင့်သား ရအောင် အထူးတလည် ထပ်တလဲလဲ ရှူရတာပါတဲ့။ ဒီယမ်းနံ့တွေရှူပါ များတော့ သက်တမ်း တိုပြီပေါ့ရှင်။ သာမာန်ခွေးတစ်ကောင် အသက် ကိုးနှစ်ကနေ ဆယ့်နှစ်နှစ်လောက် အထိ ရှည်နိုင်ပေမယ့် အရေးကြီး မိုင်းရှင်း ခွေး တစ်ကောင်ရဲ့ သက် တမ်းက ၇နှစ်တောင် လွန်ရော ကျွန်ရော အသက်ရှည်တာပါတဲ့။ တိုင်းပြည်အတွက် အသက်နဲ့ ရင်းပြီး စစ်မှုထမ်းရာမှာ ဒီမိုင်းရှင်း ခွေး တွေရဲ့ အသက်နဲ့ရင်းပြီး အတိ အကျ တာဝန်ထမ်းဆောင်မှုကိုလည်း မေ့လို့မဖြစ်ဘူးပေါ့ရှင်။
တပ်ကြပ်ကြီး မိုက်ကယ်ဆိုရင် သခင် လင်မယားကြားမှာ ကလေးလို ဝင်အိပ်ချင်တာ ဆိုတော့ သနားစရာ၊ ချစ်စရာလေးပါရှင်။ သူတို့ဘဝက ကြမ်းတမ်းပေမယ့် အသည်းနုနုလေး တွေပေါ့ စာဖတ်သူ။ ပြီးတော့လည်း သူတို့ရဲ့ ကျင့်သားရ နေတဲ့ ခန္ဓာကိုယ် တုတ်ခိုင်ခိုင်တွေနဲ့ အသား ၁၅ကျပ် သားကလည်း ဝလင်ပါ့မလားလို့ တွေးမိပါတယ်။ တစ်လုပ်စာ လောက် ပဲ ရှိပါလိမ့်မယ်။ ထမင်းပါ၊ မပါ တော့ မသိဘူးပေါ့ရှင်။ အရိုးပြုတ်ရေ တိုက်တာကတော့ ကောင်းပါတယ် ရှင်။ ဒီလိုတွေးမိတော့ အိမ်မှာ မွေးခဲ့ တဲ့ ခွေးကြီးတွေကို သတိရမိတယ်။
ကျွန်မသားမောင်မောင်က လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက် က အိမ်ကိုခွေးတစ်ကောင် သယ်လာ ပါတယ်။ နားရွက်နှစ် ဖက် ဖြတ်ပြီးစ မေ့ဆေးငွေ့ မပြယ်တပြယ်၊ ခြေမခိုင့် တခိုင် ခွေးလေးဟာ အစာကျွေး တော့စားတာပါပဲ။ ကျွန်မက ခွေးနဲ့ ကလေး အတူမထားချင်သူမို့ တစ်ခါမှ ခွေးမမွေးခဲ့ပါဘူး။ ခွေး ကိုက်ခံရမှာလည်း ကြောက်တာပါ တယ်လေ။ ကျွန်မအဖေ ခွေးကိုက် တစ်ခါ ခံရဖူးပြီးနောက်ပိုင်း ကျွန်မတို့ သားသမီးလေးတွေ လက်ထက်မှာ ခွေးနဲ့ အနေဝေးခဲ့ပါတယ် စာဖတ်သူ ရှင်။
ခွေးက မျိုးကောင်းတယ်ရှင့်။ ဒိုဘာမင်ခွေးမျိုးပါ။ ခြေထောက်တွေ များ အကြီးကြီးတွေပါပဲ။ သူ့ကို အမြီး မပါဘဲ ထားရခြင်း အကြောင်း ကတော့ အမြဲ လှုပ်ရှားနေတဲ့ သူတို့ရဲ့ အမြီး ရှည်ရှည်ကြီးတွေနဲ့ မြေကြီးနဲ့ ဆက်တိုက်ထိတွေ့ပါများရင် အမြီး တွေပုတ် လာပြီး သေတတ် ပါတယ်တဲ့ ရှင်။ ဒီခွေးလေးရဲ့ ခြေလက်တွေက ကြီးလွန်းလို့ အတော် ထွားမယ်လို့ ခန့်မှန်းလို့ ရပါတယ်။ အုန်းခွံရောင် အမွှေးတွေက လည်း သိပ်လှတာပါပဲ။ အထူးသဖြင့် သူ့ကိုလေးစားတာက သူ့မျက်လုံးတွေပါပဲ။ နီရဲစူးရှတဲ့ မျက်လုံးစိမ်းကြီးတွေက သူစိမ်းဆို ရင် လည်မျိုမှ လှမ်းဟတ်သတဲ့ရှင့်။ အရပ်ကြီးတွေကလည်း ရှည်လျား တာကိုးလေ။
ဒါပေမဲ့ ဒီခွေးလေး မကြီးခင် မှာ သားမောင်မောင် နိုင်ငံခြားမှာ စာသွားသင်ရတော့ ခွေးလေးကို သင်ကြားပေးမယ့်သူ ဝေးရောပေါ့ ရှင်။ ဒိုဘာမင်လေးလည်း နေချင် သလိုနေ၊ စည်းလွတ် ဝါးလွတ်ပေါ့ စာဖတ်သူ။ ကျွန်မတို့ကလည်း ကျွေး ချင်သလို ကျွေးပါတယ် စာဖတ်သူ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကဆို တော့ ကျွန်မ ကိုယ်တိုင် အမဲဒိုင်ကို သွားပါတယ်။ ပြီးတော့ အမဲသား ဖြတ်စတွေကို မှာပါတယ်။ ဖြတ်စလို့ သာပြောတာ အဆီတွေ မပါ အရိုးမပါ တဲ့ အသားစတွေပါပဲ။ ဒိုင်က ကောင် လေးက ကျွန်မတို့အိမ်ကို ပုံမှန်လာ ပို့ပါတယ်။ တစ်ခါပို့ရင် သုံးလေး ပိဿာလောက် ပို့ပါတယ်။ ကျွန်မက ခွေးလေးကို ကျွေးဖို့ အမဲသားတွေကို လိုသလောက် ထက်ပိုပြီး အရသာ ရှိရှိ ပြုတ်ပါတယ်။ ငန်ပြာရည်၊ အချိုမှုန့် လေးတောင် နည်းနည်းစီ ထည့်ပါ တယ်။ ကျက်ပြီ ဆိုရင်တော့ မွှေးနေ ရောပဲ။ အဲဒါဆိုရင် အိမ်ကမွေးစား သားတွေက ခွေးက မကုန်နိုင်ပါဘူး ဆိုပြီး ခပ်စားကြတာပဲ။ ကျွန်မက လည်း လူစားလို့ရအောင် ချက်တာဆို တော့ အပေါ့၊ အငန်လည်း ကိုယ်တိုင် မြည်းပါတယ်။ ခွေးလေးကလည်း ဟပ်ထိုးဟပ်ထိုး စားလိုက်သမှ နေ့ချင်းညချင်း ထွားတက်လာတာပါ ပဲ။ အဲဒီဒိုဘာမင်လေးဟာ အိမ်မှာ ကိုးနှစ်သားအထိ နေသွားပါတယ်။ သခင်တွေကို သိတယ်။ အိမ်လုံတယ်။ အနေတည်တယ်။ သူကလေး မရှိရှာ တော့ ကျွန်မမျက်ရည်ထွက်မိ ပြန်ပါ တယ်။ သံယောဇဉ်ဆိုတာ မကောင်း မှန်းသိလို့ လက်ပွန်းတတီး မနေဖြစ် ပေမယ့် သံယောဇဉ်က တွယ်သေး တာပါပဲ။
အဲဒီ ဒိုဘာမင်လေးနဲ့ သားလာ စပ်ဖို့ တဖက် မိန်းကလေး ခွေးမလေး ရှင်က ကျွန်မကိုကြောင်းလမ်းပါ တယ်။ ခွေးလေး တစ်ကောင် ပေးမယ် ဆိုတော့ အိုကေဆိုပြီး လက်ခံလိုက် တော့ ခွေးမချောချောလေး တစ်ကောင်ခြံ ထဲ ရောက်လာ ပါတယ်။ ခွေးမလေး ကလည်း ခပ်ချေချေပါ ရှင်။ ထမင်းမစားဘူး။ အမဲသား မစားဘူး။ ဂွတ်မောနင်းပေါင်မုန့် တွေပဲ အထုပ်လိုက် စားပါတယ်ရှင်။ ဒီလိုနဲ့ “ဂွတ်မောနင်းမမ” ပြန်သွား တော့ ခွေးလေး တစ်ကောင် ရလိုက် ပါတယ်။ အဲဒီခွေးလေး က မဋ္ဌေး အချစ်တော် ဖြစ်လာခဲ့ပြီး သူ့ခွေး လေးသေတော့ လွမ်းရတဲ့ ဖြစ်အင် လေးတွေ စာတစ်ပုဒ်အဖြစ် ရေးခဲ့ပါ သေးတယ်။
အဲဒီနောက်ပိုင်း သံယောဇဉ် များလွန်းလို့ ခွေးဆက် မမွေးတော့ဘဲ ဆွေးဆက်ပြတ် သွားလိုက်တာ အခု နှစ်နှစ်လောက် အ တွင်း ခွေးလေး နှစ်ကောင် ရောက်လာပြန်ပါရော။ ကျွန်မတို့ မိသားစုမှာ လူလေး နှစ်ယောက်တိုးလာသလို သူတို့ အတွက် ခွေးလေးနှစ်ကောင် လည်း တိုးလာပါတယ်။ ခွေးမချစ်တော့ဘူး လို့ ကြွေးကြော်တဲ့ မဋ္ဌေးပဲ ခွေးလေး တွေရဲ့ အနွံအတာ ခံရ ပြန်ပါတယ်။ ခွေးလေးတွေ ကလည်း ချောချော လေးတွေဆိုတော့ ချစ်စရာကောင်း လှပါတယ်။ သူတို့နှစ်ကောင်က မျိုးကောင်း ခွေးတွေ ဆိုတော့ လမ်း ပေါ်က ခွေးတွေ ညဘက် အူသံကြား ရင် သူတို့က မအူတတ်တော့ ငြိမ်နားထောင်နေတတ်တယ်။ ပြီးရင် အော်ပြီ။ ဥ ..ဥနဲ့ ဘာဥမှန်း လည်း မသိ။ တကယ် ရယ်ရပါတယ်။ ဒါတောင် သမီးငယ်က ဧရာမဆူမို ပေါက်စ ခွေးတစ်ကောင် ဝယ်လာ သေးတယ်။ ဒါပေမဲ့ ဒဏ်မခံနိုင်ဖူး။ ဘယ့်နှယ် ခွေးထဲမှာ လက်ပတ်စော် နံတဲ့ခွေး အဲဒီတစ်ကောင် တွေ့ဘူး ပါတယ်။ သူပါတဲ့ အီအီးကကို မုန့်လက်ကောက်အကြီးစား တစ်ကွင်းလောက် ရှိတယ်။ ကြာတော့ ခွေးလည်း ဒုက္ခ၊ လူလည်း ဒုက္ခဆို တော့ တိရိစ္ဆာန် ဆရာဝန် တစ်ယောက် ဆီ ရောက်သွားတယ်လေ။ ပေးပစ် လိုက်တာပါ။ ဈေးကြီးပေးဝယ်လည်း မနှမြောတော့ပါဘူး။ သဗ္ဗေသတ္တာ ကမ္မသကာပါရှင်။ အိမ်က ခွေးမလေး ကတော့ သန္ဓေတားဆေး ထိုးထားလို့ သားမပေါက်တော့ ဝလုံးနေတာပါ ပဲရှင်။
အိမ်မှာက ခွေးနဲ့ ကလေးတွေနဲ့ အရောတဝင် မနေခိုင်းပါဘူး။ ခွေး မွှေးပါးစပ်ထဲ ဝင်မလားက အစ ပူပန်နေရတာနဲ့လေ။ fb ပေါ်မှာ လူနဲ့ခွေးတွေ ဖက်လှဲတကင်း ဖက်အိပ် (တစ်အိပ်ရာထဲမှာနော်) ဖက်အိပ်ဖက် နမ်းနေတာတွေ့တော့ လည်း အင်းချစ်တတ် လိုက်ကြတာလို့ တွေးမိတယ်။ တိရိစ္ဆာန်ဘုံနဲ့ လူ့ဘုံ ဆိုတာ နီးနီးလေးတင် မကတော့ဘူး။ အိပ်ရာပေါ် ရောက်ကုန်ကြပြီ စာဖတ်သူရှင်။ အင်္ကျီချုပ်ဆိုင် တစ်ဆိုင်သွားတာ သူ့တိုက်ခန်းကျဉ်း လေးထဲမှာ ခွေးခြောက်ကောင် လောက်မွေးထားတယ်။ ကျွန်မ ထိုင်နေရင်း အသက်ရှူကြပ်လာ တယ်။ အသက်ရှူမယ် ကြံရင်း ခွေးနံ့ ကြီးတွေ ဝင်လာရင်းနဲ့ အခန်းပြင် ရောက်မှ အသက်ဝအောင် ရှူရ တယ်။ အိမ်ရှင်တွေ ဘယ်လို အသက် ရှူလဲမသိဘူး။ တကယ်ပါ။ ခွေးရှိ တဲ့အိမ်မှာ ခွေးသေးကို ရေမဆေးဘဲ အဝတ်နဲ့ သုတ်ကြည့်ပါ။ နံတဲ့အနံ့ မပျောက်ပါဘူး။ ခွေးသေး ကို ရေဆေးပြီး ဒက်တောဖြန်း အဝတ်နဲ့ သုတ်မှ အနံ့မကျန်တာပါ။ ခွေးသေး ပေါ်လောင်း တဲ့ ဆေး ပုလင်း လေး တွေ ရှိပေမယ့် ဒက်တောကိုပဲ ကြိုက် ပါတယ်။
ခွေးတွေကို ထူးထူးခြားခြား အလွန်အကျွံ မချစ်တတ်ပေမယ့် အခု တပ်ကြပ်ကြီး မိုက်ကယ်လို ခွေး မျိုး အကြောင်း ကြားရတော့ ပီတိဖြစ် မိပြန်ပါရော။ ဒီလိုခွေးမျိုးက သာမာန် လူထက်တောင် လူသား အကျိုးပြုလုပ်ငန်းကို လုပ်ကိုင်တတ် နေတာကိုးလေ။ ခုတော့ မိုက်ကယ် သေသွားရှာပြီ ဆိုတော့ စိတ်မကောင်း ဘဲ မျက်ရည်ဝဲမိတယ်။ ဒီခွေးတွေက ကျတော့ တိုင်းပြည်အတွက် အသက်သေတဲ့ အထိ သစ္စာရှိရှိ လုပ် သွားကြတာပါရှင်။
ကျွန်မစာမရေးခင်လေးမှာပဲ BBC Earth ကလာတဲ့ အစီအစဉ် မှာ အနောက် နိုင်ငံသားနဲ့ သူ့ရဲ့ခွေး သင်ကြားနေ တာကို မြင်ရပါ တယ်ရှင်။ သခင်နဲ့ခွေး အတူ Sky Ryder လေဟုန်စီး လေ့ကျင့်ခန်း ဆင်းနေကြတာလေ။ တပ်ကြပ်ကြီး မိုက်ကယ် လို ခွေးမျိုး ပဲ။ ဝေဟင်မှာ စီးနေတာကို ပတ်ဝန်းကျင်တစ်ခို မှန်းမျှော်ကြည့်ရင်း ခွေးလေးမျက်နှာ မှာ ကြောက်စိတ် တစ်စွန်းတစ်စမှ မတွေ့ရပါဘူး။ အာဂခွေးကလေးပါ။
နောက်တစ်ကောင် ကျတော့ လည်း အင်မတန်မြင့်တဲ့ ကမ်းပါး ပေါ်ကနေ ပင်လယ်ထဲကို သခင်နဲ့ အတူ ဒိုင်ဗင် ထိုးဆင်းနေ တာပါ။ ခွေးလေးမျက်နှာမှာ ကြောက်ရွံ့မှု မရှိပါ။ သခင်တွေက စွမ်းစွမ်းတမံ သင်ကြားသလို ခွေးအတွက် ကုန်ကျ စရိတ် ကိုလည်း သူတို့လူမျိုးတွေက ငဲ့ ကွက်ကြမယ် မထင်ဘူး။ ခွေးတွေက လုံးကျစ် သန်မာနေတာပဲ။ သခင်မျက် နှာကို အရိပ် တကြည့်ကြည့်နဲ့ပါ။ သူတို့လို မလုပ်နိုင်သည့် တိုင်အောင် ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ တပ်ကြပ်ကြီး မိုက်ကယ်ဟာ ကျည်ဆန် နှစ်ဆယ့်ရှစ် တောင့် ဝှက်ထားတာကို ရအောင် ရှာဖွေပေးနိုင်တာ နည်းတဲ့စွမ်းအား မဟုတ်ပါဘူး စာဖတ်သူ။ ဒီလိုခွေးမျိုး တွေ မြန်မာပြည်တစ်ပြည်လုံး အကောင် လေး ဆယ်ကျော်လောက် ရှိတယ် ဆိုတော့ ဝမ်းသာမိတယ်။ အသက်နဲ့ရင်းပြီး ယမ်းဆိပ်တွေ ရှူ ရင်း ဒီခွေးလေးတွေ တိုင်းပြည် တာဝန် ထမ်းဆောင်နိုင်ခဲ့ ပုံကလည်း ခွေးပေမယ့် လေးစားဂုဏ်ယူထိုက်ပါ တယ်။
အခုတလော ကြားပါတယ်။ စေတနာရှင် တစ်ဦးက မြို့ပြင် ပတ္တမြားမြို့ ကွက်သစ်အစွန်မှာ ခွေး လေ ခွေးလွင့်တွေကို ကျွေးမွေးပြုစု ထားတယ်တဲ့။ နေစရာကျယ်ကျယ် ဝန်းဝန်းနဲ့ ကာကွယ်ဆေးတွေထိုးပြီး သန္ဓေ တားဆေးတွေထိုးပြီး စနစ်တကျ မွေးထားတာ သာဓုခေါ် စရာပါရှင်။ ဒီလိုခွေးတွေ အများကြီး ထဲမှာမှ တပ်ကြပ်ကြီး မိုက်ကယ်လို အခု အသစ်ရောက်လာတဲ့ ရမ်ဘိုလို အရည်အချင်း ရှိတဲ့ ခွေးမျိုးတွေ မရှိ ဘူးလို့ မပြောနိုင်ပါဘူး။ နောက်တစ် ခုက လူထု အကျိုးပြု၊ နိုင်ငံခေါင်း ဆောင်တွေ အတွက် ကာကွယ်ပေး နေတဲ့ မိုက်ကယ် တို့လို ခွေးမျိုးတွေ ကို လေ့ကျင့်ခန်းတွေ ဆင်းခိုင်းရင်း အသက် ရှည်ရှည်နေရအောင် စနစ် တကျ အပတ်စဉ် ဆေးစစ်ပေးရင် ကောင်းပါမယ်။ လုပ်လည်းလုပ်ကြ မယ် ထင်ပါတယ်။ သင်တန်းခွေးတွေ ကို အမဲသားကျွေး၊ မကျွေးတော့ မသိပါဘူး။ အမဲသားက အားရှိသလို အမဲရိုးတွေ ချထားပေးရင်လည်း သွားတွေခိုင်မာစေမှာပါ။ ပေးတဲ့ ပိုက်ဆံ မလောက်ရင် သခင်လုပ်တဲ့ သူကဈေးထဲမှာ ဒိုင်မှာကြက်ခြေ ထောက်၊ လည်ချောင်းရိုးခေါင်းတွေ ပျစ်ပျစ်လေး ပြုတ်ကျွေးရင်လည်း အားရှိပါတယ်။ အသားကသပ်သပ် ကျွေးပေါ့လေ။
နောက်ဆုံး တွေးမိတာကတော့ တိုင်းပြည်အတွက် အကျိုးပြုနေတဲ့ ခွေးတွေက တချို့သော သုံးစားမရ တဲ့လူတွေ ထက်စာရင် သူရဲကောင်း တွေပါပဲ။ တန်ဖိုးရှိပါတယ်။ တချို့ မလိုသူ၊ တချို့က စစ်ခွေးတွေ၊ စစ်ခွေးတွေနဲ့ ပြောချင်သူကို မနိုင်တိုင်း စောင်းမြောင်းပြောချင် သေးတယ်။ အဲဒီလူတွေပဲ အခုစစ် ခွေးတွေနဲ့ မြေတလင်းမှာ တစ်ယောက်ချင်း ချမလား။ ဟင်း ဟင်း၊ ပုဆိုးတောင်မပါဘဲ ပြေးလိုက် ကြမှာကို မြင်ယောင်သေးတယ်။ ဟိုက တိုင်းပြည်အတွက် သေတဲ့အထိ တာဝန်ကျေဖို့ ရယ်ဒီဖြစ်ပြီး သားတွေ ပါ။
စိုးကြည်ဖြူ