Monday, December 8, 2025

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...
HomeCelebrities' Newsချောကို ချစ်ပေးပါ '...

ချောကို ချစ်ပေးပါ ‘ ဆိုတဲ့ သရုပ်ဆောင်သစ် ချောကလျာ

သရုပ်ဆောင်သစ်  ချောကလျာ က ဒါရိုက်တာ သီဟကျော်စိုး ရိုက်ကူးနေတဲ့ ‘ မ ရဲ့ အေးခဲသွားကြသူများ ‘ ရုပ်ရှင်ဇာတ် ကားမှာ  အောင်မင်းခန့်၊ ဥက္ကာမင်းမောင်၊ ထူးအောင်၊ ကောင်းစစ်သွေးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။  ချောကလျာက ဗီဒီယိုဇာတ်ကားများ ကိုသာ ခေါင်းဆောင်မင်းသမီး နေရာက ရိုက်ကူးထားပေမယ့် ရုပ်ရှင်ဇာတ်ကား အနေနဲ့တော့ ဒါကသူ့အတွက် ပထမဆုံး စတင်ရိုက်ကူးရတဲ့ဇာတ်ကားလို့ ဆိုပါတယ်။

“ချောလို အသစ်တစ်ယောက်ကို ဒီလို ခေါင်းဆောင်တစ်ယောက်အဖြစ် လာကမ်းလှမ်းပေးလို့ ချောက တအား ကျေးဇူးတင်ပါတယ်။ ချောကရှေ့မှာ ရိုက် ဖူးထားတယ် ဆိုပေမယ့် ဗီဒီယို ဇာတ်ကား တွေလောက်ပဲ ခေါင်းဆောင် အဖြစ်ရိုက် ကူးဖူးတာလေ။ ရုပ်ရှင်မှာကျတော့ မရိုက် ဖူးသေးဘူး။ အပြိုင်ဇာတ်ရုပ်တွေပဲရိုက် ကူးဖူးသေးတယ်။ အခုလို ခေါင်ဆောင် နေရာကရိုက်တော့ တာဝန်ကြီးသလို ခံစားရတယ်။ ကာရိုက်တာကလည်း ၃ မျိုး တောင် ချိန်းပြီးရိုက်ရမှာဆိုတော့ တကယ် ကို စိတ်နစ်ပြီးတော့ ကြိုးစားရိုက်ရမှာပေါ့ နော်။ ၁ဝဝ ရာခိုင်နှုန်းလုံးဝကို စိတ်နစ်ထားပါတယ်။ ပြင် ဆင်ထားတာ တွေတော့ အများကြီးပါ။ တအားကြီး လုပ် ယူထားတဲ့ ပြင် ဆင်မှုမျိုး မဟုတ်ဘဲနဲ့ သဘာဝ ပုံစံ မျိုးလေးနဲ့ အ ပြင်မှာ တကယ် ဖြစ်ပျက်နေတဲ့ ပုံစံမျိုးလေးနဲ့ သဘာဝကျကျ သရုပ်ဆောင်သွားမှာပါ” လို့ ချောကလျာက ပြောပါတယ်။ ဒီ့အပြင် အခုရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားကတော့  သူ့ဘဝရဲ့  အောင်မြင်မှုကို သတ်မှတ်ပေးသွား မယ့် ဇာတ်ကားတစ်ကား ဖြစ် ကြောင်းကို ချောကလျာက…

” ဒါက ချောဘဝအတွက် စိန်ခေါ်မှု ဆိုလည်း ဟုတ်တယ်။ ချော ဘဝရဲ့ အောင် မြင်မှုကိုလည်း ဒီဇာတ်ကားလေးက သတ် မှတ်ပေးသွားမှာပေါ့နော်။ အဲဒီတော့ ပရိ သတ်ကပေးတဲ့ အဖြေကလည်း ဘယ်လိုရှိ မလဲဆိုတာ တော်တော်လေးကို ရင်ခုန်ရ ပါတယ်” လို့ ထပ်မံပြောပြခဲ့ပါတယ်။  သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်တဲ့ အတွက် အနုပညာဝမ်းစာ ပြည့်ဝအောင် အမြဲလေ့လာ သင်ယူသွားမှာ ဖြစ်သလို သူရှေ့ဆက် လျှောက်လှမ်းမယ့် အနုပညာ လမ်းခရီးမှာလည်း ပရိသတ်တွေရဲ့ ချစ် ခြင်းမေတ္တာတွေ အများကြီးလိုအပ် ကြောင်းကို ချောကလျာက အခုလို ပြော ပြခဲ့ပါတယ်။ “ချောကတော့ ကိုယ့်ကိုယ်ကို လူချစ်အောင်ပဲ နေပါတယ်။ အဲဒါ ကြောင့် ဒီလမ်းမှာ ချောဆက်လျှောက် မယ်ဆိုရင် လည်း သူတို့အချစ်တွေ အများကြီးလိုအပ် တာပေါ့နော်။ အဲဒါကြောင့် ချော ကတော့ ပရိသတ် ချစ်အောင် နေမှာပါ။ ချောကို ချစ်ပေး ပါ။ အသစ်တစ်ယောက် မို့လည်း ပရိသတ်တွေရဲ့ အချစ်တွေက အများ ကြီး လိုအပ်တယ်လေ။ ဒါကြောင့် ချောကို ချစ် ပေးပါ။ ပြီးတော့ ချော ကိုဝေဖန်ပေးကြပါ” လို့ ချောကလျာက ပြော ခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071