Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsခေတ်ရှေ့လည်း မပြေးနဲ့ နောက်လည်း...

ခေတ်ရှေ့လည်း မပြေးနဲ့ နောက်လည်း မကျန်ခဲ့စေနဲ့  မင်းသမီးကြီး ဒေါ်ခင်လေးဆွေ

အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်း သမီးကြီး ဒေါ်ခင်လေးဆွေက အခုလက်ရှိ အချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု တွေ မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ အရင် တုန်းက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေ ကတော့ ထွက်ရှိဖို့ ကျန်နေသေးတယ်လို့ သိရ ပါတယ်။

“ပရိသတ်တွေကတော့ အမေနဲ့ တွေ့ တာနဲ့ ပြောကြတယ်။ အမေက ကျန်းမာရေး ကောင်းတာပဲ။ အမေ့မြင်ရတာ စိတ်ချမ်းသာ လိုက်တာ။ အမေကားရိုက်ဦးနော်။ အဲဒီတော့ ပြန်ပြောရတယ်။ အမေက ကျန်းမာရေးချို့ တဲ့လာပြီ။ ပရိသတ်တွေကလည်း ပြောပြန် တယ်။ အမေကလည်း ဇာတ်ကားတွေရိုက်ပါ။ ကျန်းမာရေးကောင်းနေတာပဲဟာဆိုပြီး ပြော ကြတယ်။ အေးဒါဆိုငါလည်း ရိုက်ကူးဖို့ ကြိုး စားဦးမယ်ဆိုပြီး ပြန်ပြောရတယ်။ ပရိသတ် တွေကတော့ ဇာတ်ကား တွေရိုက်ကူးစေချင် ကြတာကိုး။ အမေတို့လို အမေတွေကို အား လုံးက အားပေးကြပါတယ်။ ဒါပေမဲ့ ကျန်းမာ ရင်တော့လည်း ရိုက်ဖြစ်ရင်လည်း ရိုက်ဖြစ် ဦးမှာပေါ့လေ။ အနု ပညာစိတ်လေးကတော့ ရှိနေတာပဲလေ” လို့ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးစေချင်ကြတဲ့ ပရိသတ်တွေရဲ့အကြောင်းကို  ဒေါ်ခင်လေးဆွေက ပြန်လည်ပြောပြပါတယ်။ မင်းသမီးကြီး ဒေါ်ခင်လေးဆွေက အသက်၁၈နှစ် အရွယ်ကတည်းက အသံတိတ်ခေတ်ကာလမှာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ တော်တော်များများကလည်း ပရိသတ်ရင်ထဲကို ငြိတွယ်စေတဲ့ ဇာတ်ကားတွေကြီးပါပဲ။ အခု အချိန်မှာတော့ သူအနေနဲ့ အိမ်မှာပဲအနားယူနေ လျက်ရှိနေပါတယ်။ အခုခေတ် လူငယ်တွေအပေါ် သူ့ရဲ့ အကြံပြုချက်ကတော့..

“ပရိသတ်တွေက ထမင်းရှင်ဖြစ်တဲ့အတွက် ပရိသတ်တွေကို လေးစားပါ။ ဂါရဝတရားထားပါ။ သူ့အခန်းနဲ့သူ အံဝင်ခွင်ကျ လုပ်ဆောင်ပါ။ ခေတ်လည်းရှေ့မပြေးနဲ့ နောက်လည်း မကျန် ခဲ့စေနဲ့” လို့ ပြောပြပါတယ်။  အသက်၈၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း မေးတဲ့အခါမှာတော့”ကျန်းမာရေးအခြေ အနေကတော့ နား နည်းနည်းလေးလာတယ်။ ဒူးမကောင်းဘူး။ တစ်ခြားတော့ ကောင်းပါ တယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071