Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeArticlesကျေးစေတမန်(သို့) အဆိုတော်ရုပ်ရှင်မင်းသမီးမေရှင်

ကျေးစေတမန်(သို့) အဆိုတော်ရုပ်ရှင်မင်းသမီးမေရှင်

s

ယခုလို မိုးအေးအေးနှင့် ရှိသည့်အခိုက် ကြည် လင်အေးမြ ပီသသည့် တစ်ခေတ်တစ် ခါက အဆိုကျော် ရုပ်ရှင်မင်းသမီး မေရှင်၏ ကျေးစေတမန်သီချင်းကို ရေဒီယိုမှ ကြားဆင်လိုက်ရသည့်အခါ ဝယ် အဆွေးဓာတ်ခံကလည်းရှိ၊ တပ်မ တော်လေယာဉ် ပျက်ကျသည့် သတင်းနှင့် ကချင်ပြည်နယ်တိုက် ပွဲသတင်းများကိုလည်း ကြားဆင်ရ သဖြင့် စိတ်မကောင်းဖြစ်နေချိန်နှင့် တိုက်ဆိုင်စွာ ခံစားနားဆင်မိရပါ သည်။

…ချစ်သွေးတွေက တဝေဝေ စစ်ရေး ထွက်ခဲ့သူမလေ…ပူနေ …နှင်းမှုန်ချွေ …လေပြေသွေး ချိန်မို့ မယ့်တစ်ကိုယ်တည်း…မျှော် ရင်းမှာလေ…စစ်ခင်းသူရေ…အသည်းရင်တွင်း ထင်မြင်လာမိပေ။ …အသံ၏ဆွဲဆောင်မှု နောက်ပါသွားအောင်ဆိုနိုင်သည့် မေရှင်ပါတကားဟု ဆိုရချေတော့ မည်။

အဆိုရှင်အသံကလည်းကောင်း ဆရာရွှေပြည်အေး၏ စာသားက လည်းကောင်းနှင့် မျက်ရည်များ တောင် ဝဲမိပါသည်။ အဆိုကျော် ရုပ်ရှင်မင်းသမီးမေရှင်ဇာတ်ကား များကို မကြည့်ဖူးပါ။ သို့သော် သူ့ အသံချိုချိုအေးအေးကမူ ယနေ့တိုင် ကြားနေရဆဲပါ။ ဗုဒ္ဓမြတ်စွာ၏အောင်ခြင်းရှစ်ပါး သီချင်းသည် ဘာသာရေးပွဲတိုင်းတွင် ဖွင့်နေကျ ဖြစ်တာကြောင့် ကြားဆင်ရမရိုး ကုသိုလ်များပင် တိုးရပါတော့သည်။

အဆိုကျော် ရုပ်ရှင်မင်းသမီး မေရှင်ကို ၁၂၈၇-ခုနှစ်၊ တပေါင်းလ ဆုတ် ၃ ရက်၊ စနေနေ့တွင် အဖပွဲစား ကြီးဦးခင်လေး ‘ အမိဒေါ်ဖွားယွန် တို့မှ ဖွားမြင်ခဲ့ပေသည်။ အငယ် ဆုံးဖြစ်ပြီးမွေးချင်း (၅)ယောက်ရှိပေ သည်။ မန္တလေးအောင်တော်မူရပ် ကွက်သူဖြစ်ပါသည်။ ငယ်နာမည် မသန်းရှင်ဖြစ်သည်။ ဝက်စလီယံ (အထက-၁၆)ကျောင်း၌နေခဲ့ရသော အခါ ခရစ်ယာန်ဓမ္မတေးများနှင့်သီဆိုရင်းနှီး ကျွမ်းဝင်ခဲ့ရပေသည်။

ရုပ်ရည်ကချော၊ အသံကလည်း ကောင်း၊ ကာယဗလကလည်း ဖွံ့ဖြိုး ဆိုတော့ကာ မသန်းရှင် ကလေးအား လူချစ်လူခင်များလှသည်။ စကားအ ပြောအဆိုကလည်း ညက်ပြန်ဆိုတော့ မသန်းရှင်၏ ဂုဏ်သတင်းသည် မန္တလေးမြို့တွင် ထင်ရှားလူသိများနေ လေတော့သည်။ ကျောင်းသူဘဝက ပင် ရုပ်ရှင်ဘိုင်စကုပ်များ ကြည့်ရှုစွဲ လမ်းရာ ရုပ်ရှင်ဝါသနာပြင်းပြလာ သည်။ အပေါင်းအဖော်မိတ်ဆွေများ ကလည်း မသန်းရှင်လေးအား ရုပ်ရှင် မင်းသမီးလုပ်ရန် တိုက်တွန်းအား ပေးကြသည်။ ထိုအခါ ရုပ်ရှင်ဗီဇပိုး သည်ကြီးမား အားကောင်းလာသည်။

မသန်းရှင် ၈ တန်းအောင်သည့် အခါ အေဝမ်းရုပ်ရှင် ကုမ္ပဏီက ရုပ်ရှင်မင်းသမီး အလိုရှိကြောင်း ကြေညာသည်။ အပေါင်းအဖော်မိတ် ဆွေများက အားပေးတိုက်တွန်းကြ သည်။ မသန်းရှင်လည်း ရုပ်ရှင်မင်း သမီးလုပ်လိုကြောင်း လျှောက်လွှာ တင်လိုက်တော့သည်။ အေဝမ်းရုပ်ရှင် ကုမ္ပဏီက မသန်းရှင်၏ လျှောက် လွှာကို လက်ခံကာ ရန်ကုန်ဆင်းလာ ရန် အကြောင်းပြန်သည်။ မသန်းရှင် မိဘများထံ ခွင့်ပန်ရာသဘောမတူ ချေ။ နောက်ဆုံးသမီးကို ချစ်သော မိဘများပီပီ ခွင့်ပြုလိုက်ရတော့သည်။

 အေဝမ်းရုပ်ရှင်ကုမ္ပဏီသို့ ရောက်ရှိသည့်အခါ မသန်းရှင်မှ မေရှင် ဖြစ်လာရတော့သည်။ရုပ်ရှင်မင်းသားများနှင့် ဇာတ် လမ်းအရ တွဲဖက်သရုပ်ဆောင်ရ သော်လည်း လော်လီဖောက်ပြားမှု ကင်း၍ အိေâန္ဒသိက္ခာကို လေးစားပြီး မထိပါးဝံ့ခဲ့ကြပေ။

‘တကယ်တော့ အလုပ်နဲ့ စိတ် ဓာတ် တစ်ခြားစီပါ’ဟု (ဒေါ်)မေရှင်က ပြောသည်။ သူသီချင်း အားလုံးကို ကြိုက်သည်။ သဟာယ ဆရာတင်ရေးသော အောင်ခြင်း ရှစ်ပါးသီချင်းနှင့် ဆရာရွှေပြည်အေး ၏ ကျေးစေတမန်သီချင်းကိုမူ အကြိုက်ဆုံးဟု ဆိုပါသည်။

 (ဒေါ်)မေရှင်စကားပြောလျှင် အပြင်နှင့်ရုပ်ရှင်ထပ်တူနီးပါးပြော ဆိုသည်ဟုလည်း ဆိုကြသည်။  သူ့ သဘာဝအတိုင်း ပြောဆိုခြင်းသာ ဖြစ်၍ ထို့ကြောင့်သူ့ကိုစွဲလမ်းနှစ် ခြိုက်ကြခြင်းလည်း ဖြစ်ပေသည်။ ခေတ်ဆန်ဆန်၊ ဗိုလ်ဆန်ဆန် သီချင်း များဆိုခဲ့လင့်ကစား ရွှေမန်းအညာ သူပုံနှင့်သာ အမြဲမြင်တွေ့ရပြီး ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး ပီသ စွာ နေထိုင်၍ မြေးအရွယ် ရုပ်ရှင်မင်း သား တေးသံရှင်များနှင့်လည်း လိုက်ဖက်ညီစွာ သီချင်းဆိုပြခဲ့သေး သည်။

 မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ နာယကရုပ်ရှင်မင်းသမီး အဆိုတော် တေးသံရှင် ဝဏ္ဏကျော် ထင်ဘွဲ့ရ (ဒေါ်)မေရှင်သည် အသက် ၉၃နှစ်အရွယ် ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့ ၌ မန္တလေးမြို့နေအိမ်၌ ကွယ်လွန် သွားလေသည်။

နေဦးမောင်(ပခုက္ကူ)

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071