Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsကျောင်းပြီးရင် သီချင်းခွေထွက်မယ့် စံထိပ်ထားဦး

ကျောင်းပြီးရင် သီချင်းခွေထွက်မယ့် စံထိပ်ထားဦး

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးက အသက် ၁၅နှစ် ပြည့်တော့မှာ ဖြစ်ပြီး  MISY  ကျောင်းမှာ year 10 ရောက်ပြီလို့သိရပါတယ်။ အခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သမီးလေး စံထိပ်ထားဦးက မိခင်ဖြစ်သူက ပြင်ဦးလွင်မှာ ဇာတ်ကားတွေရိုက်ကူးနေတာမို့ ရှုတင်မလိုက်နိုင်ပေမယ့် သူ့မိခင်သင်ပေးထားတဲ့အတိုင်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 “မေမေကတော့ သဘာဝ ကျကျလေးပဲလုပ်၊ ကင်မရာရှေ့မှာ မရှက်ဖို့ ပြောပါတယ်။ မေမေ့ကြော်ငြာဆိုရင် အရင်တုန်းကကြော်ငြာသိပ်မလာတော့ဘူး။ အခုကျတော့ မေမေက ကြော်ငြာသိပ်မရိုက်တော့ဘူး။ ဇာတ် ကားတွေပဲ ရိုက်တော့တယ်။ ကြော်ငြာက သိပ်မသိဘူး။ ဇာတ်ကားဆိုရင် ဟာသကားတွေဆို တအားရယ်ရတယ်။ ငယ်ငယ်ကတည်းက ကြည့်လာခဲ့တာဆိုတော့ မေမေ့ရဲ့ အိုက်တင်တွေကို အလွတ်ရနေပြီ” လို့ စံထိပ်ထားဦးက ပြောပါတယ်။ သရုပ်ဆောင်လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူး လားဆိုတာ မသေချာသေးပေမယ့် အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားပါမယ်ဆိုတဲ့ စံထိပ်ထားဦးက သီချင်းဆိုရတာ ဝါသနာပါတဲ့အတွက် ကျောင်းပြီး ရင်တော့ သီချင်းခွေ ထုတ်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ “ဂီတပိုင်းကိုတော့ငယ်ငယ်လေး ကတည်းက ဝါသနာပါတယ်။

သီချင်း တွေဆိုရင်းဆိုရင်းနဲ့ ငါဝါ သနာပါပါလား ဆိုပြီး သိလာတယ်။ သီချင်းဆိုတာ ဆက်ကျင့်ရင်းနဲ့ cover song လေး တွေ အွန်လိုင်းတင်ဖြစ်တယ်။ သူများ တွေက ကလေးဆိုတော့ သိပ်မဆိုတတ် ဘူး ထင်တာ ဆိုတာနားထောင်ပြီးတော့ အသံကောင်းတယ်ပြောပါတယ်။ ကျောင်းပြီးရင်တော့ စီးရီးထုတ်ဖို့ စီစဉ် ထားပါတယ်။ သမီးကတော့ အကုန်ဆိုချင် ပါတယ်။ ဒါပေမဲ့ pop ကိုတော့ ပိုအားသန်တယ် လို့သမီးကိုယ်သမီးသိတယ်”လို့စံထိပ်ထားဦး က ပြောပါတယ်။ ကျောင်းပြီးဆုံးဖို့ ၂ နှစ်လောက်လိုသေးပြီး နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ မသေချာသေး ဘူးလို့ ဆိုပါတယ်။ ကြော်ငြာတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ကား ရိုက်ကူးဖို့ အတွက်ကိုတော့ ငယ်သေးတဲ့အတွက် မိခင် က ခွင့်မပြု သေးဘူးလို့သိ ရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071