Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' Newsကော်ဖီဆိုင် ဖွင့်လှစ်ဦးမယ့် မိုးဟေကို

ကော်ဖီဆိုင် ဖွင့်လှစ်ဦးမယ့် မိုးဟေကို

Moe-Hay-Koအခုလတ်တလောမှာ မိုးဟေကိုက စီးပွားရေး အလုပ်တွေပဲ လုပ်ဖြစ်နေပြီး ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတာကိုတွေ့ရပါတယ်။ သူရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ မိုး ရုပ်ရှင် ထုတ်လုပ်ရေးက ၉လပိုင်းကျရင် ဒါရိုက်တာ စတီးလ်နဲ့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ရှိကြောင်း မိုးဟေကိုကပြောပါတယ်။

“၉လပိုင်းမှာ မိုးထုတ်လုပ်ရေးက ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ရှိပါတယ်။ ဒါရိုက် တာစတီးလ်နဲ့ပါ။ ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ နီးကပ် လာမှ ကြော်ငြာပေးပါ့မယ်။  ဇာတ်လမ်းက လျှို့ဝှက်ထားပါတယ်။ မိုးပါလား၊ မ ပါလား ဆိုတာလည်း နီးရင်ပြောပါ မယ်။ ဇာတ်လမ်း ကို မိုးကိုယ် တိုင် ရွေးချယ်ထားတာပါ။ ထူးခြားမှာပါ။  ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ပရိသတ်ကြိုက်နိုင်မယ့် အရာလေး တွေ ကိုတော့ အကောင်းဆုံး စဉ်းစားတယ်။ အဲဒီလိုထဲမှာမှ ဘယ်လို ဇာတ်လမ်းဖြစ် မလဲဆိုတာ နီး ကပ် ရင် ကြေညာ ပေးပါမယ်” လို့ ပြောပါ တယ်။

စီးပွားရေး လုပ်ငန်း များဖြစ်တဲ့ ရုပ်ရှင် ထုတ် လုပ်ရေး၊ ပိုးထည်တိုက်၊  မကြာခင် မှာလည်း စကော့ဈေးမှာ ကော်ဖီဆိုင်ဖွင့်လှစ်ဖို့ရှိတဲ့ မိုးဟေကို က ဘယ်အလုပ်ကိုမဆို ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့သူ တစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ် ထား ကြောင်းပြော ပါတယ်။

“မိုး အနုပညာအလုပ်မှာ မိုးအောင်မြင်တယ်လို့ ဘယ်တော့မှ သဘောမထားသလို၊ စီးပွားရေးလုပ် တဲ့အချိန်မှာလည်း မိုး ပိုပြီးအောင် မြင်တယ်လို့ သဘောမထားပါဘူး။  ဘာကြောင့်လဲဆိုရင် မိုး ဒီနယ် ပယ်ကို လှမ်းလာတာ အရမ်းကိုသက်တမ်းနုသေးတဲ့ အတွက် ကြောင့် မိုးမှာအများကြီး လေ့လာစရာတွေရှိသေးတယ်။  မိုးကိုယ်မိုး အောင်မြင်တဲ့သူတစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ် ထားဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတဲ့ သူတစ်ယောက်လို့ပဲ ခံယူထားပါတယ်” လို့ ပြောပါတယ်။

မိခင်ကျန်မားရေးကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေ တဲ့ မိုးဟေကိုက သူ့အတွက် အရင် ကထက် အချိန်တွေ ပိုရှား သွား ကြောင်းလည်း ပြောပါတယ်။

“အမှန်အတိုင်း ပြောရလို့ရှိရင် မိုးအမေကျန်းမာရေး သိပ်မကောင်းတဲ့ အတွက်ကြောင့် အမေ့ကို အချိန် ပေးရ တယ်။ မိုးရဲ့အပြင် လုပ်ငန်းတွေကိုလည်း အချိန်ပေးရတယ်။ မိုးရဲ့ ပရိသတ် အတွက်လည်း လုံးဝပျောက် သွားလို့မဖြစ်ဘူး။ အဲဒီ အတွက်လည်း သရုပ်ဆောင် အလုပ်တွေကို ရံဖန်ရံခါ ရိုက်ကူးဖြစ်တယ်။ အဲဒီ၃ခုကို အချိန်မျှအောင် လုပ်နေတဲ့ အတွက် မိုးအတွက် အချိန် အရမ်းရှား နေသေးတယ်။ မိုးအလုပ်နဲ့ပတ်သက် တဲ့ သင်တန်းတွေလည်း ခု တက်နေတာကြောင့် မိုးအတွက်အချိန်တွေ ပိုရှား သွားတယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071