Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' Newsကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့...

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

ကျောင်းကပွဲတွေကနေ ပရိသတ်အားပေးမှုရရှိလာသူကတော့ သရုပ် ဆောင်ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ အနုပညာလောကထဲ ဝင်ရောက်လာချိန်မှာ အားပေးတဲ့ပရိသတ်တွေထက် ဝေဖန်တဲ့သူတွေပိုများနေတဲ့အပေါ် ဖြူဖြူထွေးက…

“အမှန်ဆို ဝေဖန်ပေးတဲ့သူတွေကို ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လမ်းကြောင်းမှန်ကို ရောက်သွားသလိုပဲ။ လူတစ်ယောက်က သူ့ကို နာကြည်းစရာတစ်ခုခုပြောလိုက်ရင် စိတ်ထဲမှာမှတ်ပြီးတော့ အဲဒီထက် ငါ ပိုကြိုးစားနိုင်တယ်ဆိုပြီးပြချင်တယ်။ ဝေဖန်တဲ့သူတွေက ခွန်အားတစ်ခု ထပ်ပေး လိုက်သလိုပါပဲ။ ပိုပြီးပြင်ဆင်နိုင်ပါတယ်။ အဲဒီလိုဝေဖန်တဲ့သူတွေအတွက် ကျေးဇူး လည်းတင်ပါတယ်”လို့ ပြောပါတယ်။

မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဖြစ်တဲ့အတွက် မိဘအပေါ် ဂရုစိုက်မှုတွေ၊ ထောက်ပံ့ပေးမှုတွေကောရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ ဖြူဖြူထွေးက…

“ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ (ရယ်လျက်)။ ဒါပေမဲ့ မိဘတွေကိုတော့ စိတ်ညစ်အောင် မလုပ်ပါဘူး။ ညီမ ၁ဝ တန်းကတည်းက ရန်ကုန်ကိုပြောင်းလာတာ။ ၁ဝ တန်းဖြေပြီးတာနဲ့ သင်တန်းတွေလိုက်တက်တယ်။ သူနာ ပြုသင်တန်းလည်းတက်ခဲ့တယ်။ သူနာပြုအလုပ်လုပ်ရင်းနဲ့ပဲ ပထမနှစ်ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ကျောင်းတက်တယ်။ ပြီးတော့MMDC မှာ TV Presenter ထပ်တက် တယ်။ ပြီးတော့ တခြားမှာ Presenter အလုပ်ရတယ်။ တစ်လကို ၂ သိန်းရတယ်။ အဲဒီကနေစပြီးတော့ ဖေ့စ်ဘုတ်ခ်မှာအကောင့်ဖွင့်ပြီး စသုံးရင်းနဲ့ အကဗီဒီယိုဖိုင်တင် လိုက်တာ။ ကျောင်းဆရာကန်တော့ပွဲမှာတင်လိုက်တဲ့ ဗီဒီယိုဖိုင်လေးကနေ ဒီနေရာ အထိရောက်လာခဲ့တာပါ။ ဒါပေမဲ့ လူသိများတာက ကောင်းသောလူသိများခြင်းနဲ့ မဟုတ်တော့ တော်တော်စိတ်ဓာတ်ကျခဲ့ရပါတယ်။ ဒါပေမဲ့လည်း မိဘကိုတော့ ညီ မအလုပ်လုပ်လို့ရတဲ့အနုပညာကြေးနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ညီမငယ်ငယ်ကတည်းက ဘယ်သွားသွားဘာပဲလုပ်လုပ် ပိုက်ဆံတစ်ကျပ်တစ်ပြားမှ မကိုင်ရဘူး။ တစ်ခါမှလည်း ပေးမကိုင်ဘူး။ အိမ်ကအစ်မတွေကပဲ Control လုပ်တယ်။ မိသားစုစားဝတ်နေရေး အတွက်ပေါ့။ ကိုယ်ရတဲ့ပိုက်ဆံကို ကိုယ်ဘယ်လောက် ပင်ပင်ပန်းပန်း နယ်ဘက်မှာ သီချင်းတွေသွားဆိုတာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ် အိပ်ရေးတွေလည်းပျက်တယ်လေ။ ဒါပေမဲ့ ကိုယ်က မိသားစုကိုထောက်ပံ့ရတဲ့အတွက် ပင်ပန်းရကျိုးလည်းနပ်တယ်။ ကိုယ့်ရဲ့ မိဘကို ကိုယ်စောင့်ရှောက်ခွင့်ရတဲ့အတွက် အရမ်းလည်းပျော်မိတယ်။ ဒါက ဘာနဲ့မှလည်း အစားထိုးမရတဲ့အတွက် ကိုယ့်ကိုယ် ကိုယ်လည်း ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

သစ်ပင်ရဲ့ အနာထိတ်ဝပေါ်ကငှက်

ကဗျာဆရာကြီးဟာ သူ့တပည့် လေးတွေကိုတော့၊ ဒီလိုမေးခွန်း ထုတ် သတဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071