ခတ္တမန္ဒူ၊ဇွန် ၄
ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ပေါ်၌ ယခုနှစ်များအတွင်း လူသေဆုံးမှုအများဆုံးဖြစ်လာခြင်းသည် အတွေ့အကြုံမလုံလောက်သော လမ်းပြများက ဧဝရက်တောင်တက်သူများကို ပို့ဆောင်ခြင်းကြောင့် ယခုကဲ့သို့သော ပြဿနာများဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဝါရင့်လမ်းပြတစ်ဦးကပြောကြားခဲ့သည်။
ယခုနှစ်တောင်တက်ရာသီ၌ တောင်တက်သမား ၁၂ ဦး ထက်မနည်းသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေကြောင်းသိရှိရသည်။အဆိုပါသေဆုံးနှုန်းသည် ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သောငလျင်ဒဏ်ကြောင့် တောင်ပေါ်မှနှင်းထုပြိုကျသဖြင့် ၁၈ ဦးသေဆုံးခဲ့ပြီးနောက် ဒုတိယသေဆုံးမှုအများဆုံးဖြစ်လာခဲ့သည်။
အတွေ့အကြုံမပြည့်ဝသူများက တောင်တက်သမားဧည့်သည်များကို ဦးဆောင်ခေါ်ယူလမ်းပြသဖြင့် ယခုကဲ့သို့ ဖြစ်ရသဖြင့် တောင်တက်မည့်သူများအနေဖြင့် တောင်မတက်မီရှိသင့်ရှိထိုက်သည့် စံချိန်စံနှုန်းများရှိအောင်လေ့ကျင့်သင့်သည်ဟုလည်းဒေသခံတောင်တက်သမားတစ်ဦးကဆိုသည်။
လမ်းပြများအနေဖြင့်လည်း လမ်းပြတစ်ဦး၏ အနိမ့်ဆုံးအရည်အချင်းများပြည့်နေရမည်ဖြစ်ပြီး လိုအပ်သောပစ္စည်းကိရိယာ၊လူအင်အားဖြင့်သာ လမ်းပြလုပ်စေလိုကြောင်း၎င်းကဆက်လက်ပြောကြားသည်။
“လမ်းပြတွေအများကြီးဖြစ်နေပြီး လူတိုင်းကတော့ ဧည့်သည်ကိုတောင်ပေါ်ခေါ်သွားနိုင်ပေမဲ့ အရေးပေါ်အခြေအနေဖြစ်လာရင် ဘယ်လိုရှောင်တိမ်းရမယ်၊ဘယ်လိုဦးဆောင်ရမယ်ဆိုတာ အသေအချာမသိကြလို့ပါ” ဟုလည်းဆိုသည်။
နီပေါသည် ယခုနှစ်တွင် ဧဝရက်တောင်သို့တက်ရန် ခွင့်ပြုမိန့် ၄၇၈ ခု ထုတ်ပေးခဲ့ပြီး ရာနှင့်ချီသော လူများသည် တောင်ထိပ်ရောက်သည်အထိတက်ခဲ့ကြကြောင်းသိရသည်။
Source : Reuters