မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့စက်တင်ဘာလ ၂ရက်နေ့တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ကမ်းအနီးရှိမြို့ ၃မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆိပ်သာမြို့ရဲ့ဧရာဝတီမြစ်ရေ အခြေအနေဟာ စိုးရိမ်ရေမှတ်ကို ပေဝက်ခန့်ကျော်လွန်နေပြီး ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့ရဲ့ ဧရာဝတီ မြစ်ရေ အခြေအနေဟာတော့ လက်ရှိမှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။
အဆိုပါမြို့ ၃မြို့ရဲ့ဧရာဝတီမြစ်ရေဟာ နောက် ၃ရက်အတွင်းမှာ ပေဝက်ခန့်ဆက်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ဒါကြောင့် အဲဒီမြို့ ၃မြို့ရဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်တစ်ရပ်ထုတ်ပြန်ထားပါတယ်။