ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိကျောင်းတရာကျေးရွာအုပ်စု၊ ဘဲဂရက်ကြီးကျေးရွာ ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းကျေးရွာကို ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ၁၁ ကေဗွီဓါတ်အားလိုင်း ၀.၀၃၈ မိုင်နှင့် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျေးရွာအတွင်း မီတာ တပ်ဆင်ထားမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း လည်း သိရသည်။
