Sunday, May 24, 2026

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး...

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊...

ပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri Foods...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co., Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့နေမှုလုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsဧရာဝတီတိုင်းတွင် AFCI-Port Sharing...

ဧရာဝတီတိုင်းတွင် AFCI-Port Sharing စီမံကိန်း စတင်အကောင်အထည်ဖော်5G နှင့် Smart City ဖော်ဆောင်ရေးအတွက် BOT စနစ်ဖြင့် သဘောတူစာချုပ်ချုပ်ဆို

ဧရာဝတီဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ (AFCI-Port Sharing) စီမံကိန်းကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (B.O.T) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Horizon Telecom International Co., Ltd တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

သဘောတူစာချုပ်ချုပ်ဆိုပွဲကို မေ ၂၂ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Horizon Telecom International Co., Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးအေးကျော်က Horizon Telecom International Co., Ltd အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများရှိ ပြည်သူများအတွက် လက်လှမ်းမီပြီး ဈေးနှုန်းသက်သာသော အင်တာနက်ဝန်ဆောင်မှုများ ရရှိနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ Right of Way စီမံခန့်ခွဲမှုများကိုလည်း စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ ပိုမိုထိရောက်လျင်မြန်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အတူ 5G စနစ် အကောင်အထည်ဖော်ရာတွင် အဆင်သင့်ဖြစ်စေရန်နှင့် ဖိုက်ဘာကေဘယ်လ်လမ်းကြောင်းတစ်လျှောက် တိုင်များ၊ ကြိုးများ ရှုပ်ထွေးစွာ တပ်ဆင်ထားမှုများကို စနစ်တကျ ပြုပြင်နိုင်မည်ဖြစ်ကာ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်သည့် Smart City များ ဖော်ဆောင်ရာတွင် အထောက်အကူပြုမည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများအနေဖြင့် Horizon Telecom International Co., Ltd ၏ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို စာချုပ်ပါအချက်များနှင့်အညီ စဉ်ဆက်မပြတ် ကြီးကြပ်ပေါင်းစပ် ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း မြို့ တော်အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အနီးတစ်ဝိုက်ရှိ လူ ရှစ်ဦးကို ကယ်တင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖိုမင် အပါအဝင် အခြား ၁၁ ဦးသည် အဆောက်အအုံတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အိန်ဂျလိစ်စီးတီး ပြန်ကြားရေးအရာရှိ ဂျေးပီလာယိုက DZBB ရေဒီယိုကို ပြောကြားခဲ့သည်။ လုပ်ငန်းခွင် ဖိုမင် ထံမှ ရရှိသော အချက်အလက်များအရ လူ...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး ၃ ဦး စေလွှတ်မည်

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းတွင် စံချိန်တင်ကာလရှည်ကြာမည့် မစ်ရှင်တစ်ခုဖြစ်လာနိုင်ပြီး အာကာသအတွင်း လူသားဇီဝကမ္မဗေဒဆိုင်ရာ ရေရှည်လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ Shenzhou-23 အာကာသယာဉ်ကို တရုတ်အနောက်မြောက်ပိုင်း ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F Y23 ဒုံးပျံဖြင့် ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းမစ်ရှင်တွင်...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ” ဟု မိန့်ကြားခဲ့သည်။ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။ ဆက်လက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071