ယခု ဧပြီ (၂၉) ရက်မှစတင်ပြီး ရန်ကုန် – ဒွန်းမောင်းလေ ကြောင်းလိုင်းဖြင့် MOU လုပ်သားများကို စတင်စေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ် (MOEAF) မှ သိရသည်။
အဆိုပါ လုပ်သားစေလွှတ်မှုကို နှစ်နိုင်ငံသဘောတူညီမှုစာ ချုပ် (MoU) အရ စေလွှတ်ခြင်းဖြစ်ပြီး လေကြောင်းလိုင်းဖြင့် လုပ်သားစေလွှတ်ခွင့်ရရှိရန် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း သည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ယခင်က MOU လုပ်သားများကို နယ်စပ်လမ်းကြောင်းများဖြစ်သည့် မြဝတီ၊ ကော့သောင်း မှတဆင့် စေလွှတ်ခြင်းဖြစ်ပြီး ယခုအခါ နယ်မြေလမ်းကြောင်းမတည်ငြိမ်မှုများကြော င့် လေကြောင်းလိုင်းဖြင့် စေလွှတ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် လုပ်သားစေလွှတ်မည့် အေဂျင်စီများအနေဖြင့် အ လုပ်သမားများကို ပုဂ္ဂလိကလေကြောင်း (သို့မဟုတ်) Char ter လေကြောင်းလိုင်းဖြင့် စေလွှတ်နိုင်ပြီး MoU လုပ်သား များအနဖြင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွင် ဗီဇာတော င်းခံရမည်ဖြစ်ကြောင်း သိရသည်။
” ကုန်ကျစရိတ်ကတော့ နည်းနည်းပိုကုန်သွားမှာပေါ့။ ကုန်း ကြောင်းကတော့ သက်သာတာပေါ့ ” ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ လေကြောင်းလိုင်းဖြင့် MoU လုပ် သား ၁၀၀၀ ကျော်စေလွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
