Wednesday, April 23, 2025

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...
HomeNewsLocal Newsဦးအောင်ကြည်ညွန့် ဦးဆောင်သည့် NLD...

ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် NLD ပါတီ ဗဟိုအလုပ်အဖွဲ့သည် တရားမဝင်အဖွဲ့ဟု ဦးတိုးလွင် ပြန်လည်တုန့်ပြန်

ဦးဖြိုးမင်းသိန်း အပါအဝင် (၄) ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယမန်နေ့ မတ်လ (၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် NLD ပါတီ ဗဟိုအလုပ်အဖွဲ့၏ ထုတ်ပြန်ချက်သည် တရားမဝင်ကြောင်းနှင့် အဆိုပါ CWC အဖွဲ့သည်ပင် တရားဝင်မဟုတ်ကြောင်း ပါတီမှ ထုတ်ပယ်​ကြောင်း​ကြေငြာခံခဲ့ရသည့် ဦးတိုးလွင်က ပြောသည်။

ပါတီမူဝါဒများနှင့် ပြည်သူလူထု၏ဆန္ဒကို ဆန့်ကျင်ကာ စစ်တပ်နှင့်ပူးပေါင်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် (၄) ဦးကို ပါတီတာဝန်များရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အဖွဲ့မှ စာထုတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်၍ NLD ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးတိုးလွင်က၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တုန့်ပြန်ရေးသားလာခြင်းဖြစ်သည်။

“NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့အစည်းအဝေးကို မကျင်းပနိုင်ပဲနဲ့ NLD ဗဟိုကော်မတီ အစည်းအဝေးကို မကျင်းပနိုင်ပဲနဲ့ So-called NLD CWC ကနေ ကျနော်တို့ကို ထုတ်ပယ်လို့ မရပါဘူး။ ပြည်ပအခြေစိုက်တရားမဝင်တဲ့ So- called NLD CWC အဖွဲ့ကနေ ပါတီရဲ့အမြင့်ဆုံးတာဝန်ရှိသူတွေဖြစ်တဲ့ တရားဝင်တည်ရှိနေကြတဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ထုတ်ပယ်လို့ လုံးဝမရပါဘူး” ဟု ဦးတိုးလွင်က ပြောသည်။

NLD ပါတီ ဗဟိုအလုပ်အဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအဖွဲ့အား တရားမဝင်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၈)ရက်က သူမ၏ရှေ့နေများမှတဆင့် ပြောကြားထားပြီးကြောင်းလည်း ဦးတိုးလွင်က ဆိုသည်။

ထို့အပြင် NLD ပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများအရ CWC အဖွဲ့တွင် ပါဝင်သူ (၇)ဦးနှင့် ဒေါ်မေဝင်းမြင့်တို့သည် NLD ပါတီဝင်အဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးသားသူများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နေ့က ထုတ်ပြန်သည့် ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန် သက်သေထွက်ဆိုသူနှင့် ပြည်သူလူထု၏ ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများ၊ စစ်တပ်အလိုကျ ကိုယ်ကျိုးရှာဆောင်ရွက်နေသူများကို အရေးယူပေးရန် တောင်းဆိုမှုများရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

“သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဖက်မှာ ဖွဲ့ထားကြတဲ့အဖွဲ့မှာ ပါဝင်တဲ့သူ အားလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်းပါပဲ။ NLD ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဖက် ထွက်သွားကြသူတွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့တွေဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး” ဟု ဦးတိုးလွင်က ဗဟိုအလုပ်အမူ​ဆောင်အဖွဲ့အား ရည်ညွှန်းပြောဆိုထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း NLD ပါတီ၏ အကွဲအပြဲများနှင့် အဖြစ်အပျက်များ အားလုံးကို အပိုင်းလိုက် ထပ်မံရေးသား ဖော်ပြသွားမည်ဟုလည်း ၎င်းကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071