Saturday, April 19, 2025

ပျက်စီးခဲ့သည့် ဝန်ကြီးရုံးများပြန်လည်ဆောက်ရာတွင် ငလျင်နှင့်ဆောက်လုပ်ရေးပညာရှင်များ၏အကြံဥာဏ်များရယူမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၈ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က...

ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်–တရုတ်

ပေကျင်း၊ဧပြီ ၁၈ ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။ လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက...

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို သတိပြုကြရန်လို

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေခြင်း ၊ ထပ်ဆင့်ကူးယူဖော်ပြခြင်းများ လုပ်ဆောင်နေကြသည့်အတွက် သတိပြုကြရန်လိုအပ်လာကြောင်း မိုး/ဇလက အသိပေးထားသည်။ ငလျင်သည် မည်သည့်အချိန်၊...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက်...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက်...
HomeNewsLocal Newsဦးမိုးမြင့် မှ ထိုင်းနိုင်ငံရောက်...

ဦးမိုးမြင့် မှ ထိုင်းနိုင်ငံရောက် ကယန်း အမျိုးသမီး လက်ဝှေ့သမား ကို ဆုချီးမြှင့်

ထိုင်းနိုင်ငံရောက် ကယန်း အမျိုးသမီး လက်ဝှေ့သမား ဘရော်နီကာ ကို စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ ဦးမိုးမြင့် က ထိုင်းဘတ်ငွေ ၅၅၀၀၀ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့ ထိုင်းနိုင်ငံဆာလာဘူရီလုံဖောလွေီ မှာကျင်းပသော ထိုင်းဖိုက်ပြိုင်ပွဲကို လာရောက်အားပေးဖို့ Vero Nika နဲ့ဘရာဇီးလက်ဝှေ့မယ် YULY ALVES တို့ ယှဉ်ပြိုင်ခဲ့ပြီး Vera က အနိုင်ရရှိခဲ့တဲ့အတွက် ယခုလို ချီးမြှင့်တာလို့သိရပါတယ်။

“ပြိုင်ပွဲကို အနိုင်ယူပေးလို့ အန်ကယ်ဦးမိုးမြင့်မှ Veroကို ဘတ်ငွေ၅၅၀၀၀Bဆုချီးမြင့်ပေးခဲ့တယ်။လက်ဆောင်လည်းထည့်ပေးခဲ့သေးတယ်။အခုလို အသိမှတ်ပြုပြီး ဆုချီးမြင့်ပေးတဲ့အတွက် အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် မြန်မာနိုင်ငံ မြန်မာပြည်သူပြည်သားများအတွက် Vero ဒီထက်မက ပိုကြိုးစားပါ့မယ်ရှင့်”လို့ သူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ရက် စာမျက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Vero Nika က ကြေးစား မွေထိုင်း လက်ဝှေ့ကစားသမားတစ်ယောက် ဖြစ်ပြီး Thai Fight လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားနေသူလည်းဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပျက်စီးခဲ့သည့် ဝန်ကြီးရုံးများပြန်လည်ဆောက်ရာတွင် ငလျင်နှင့်ဆောက်လုပ်ရေးပညာရှင်များ၏အကြံဥာဏ်များရယူမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၈ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမားဝန်ကြီးဌာနရုံး၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခဲ့မှု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်နှင့် ဝန်ထမ်းများအားယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ ရုံးအဆောက်အဦများအတွင်းရှိအရေးကြီးသည့် စာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် ရွှေ့ပြောင်း၍ရနိုင်သည့် ပစ္စည်းများကို အမြန်ဆုံးရွှေ့ပြောင်းရန်၊ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများဖြစ်စေရေးအတွက် ငလျင်ပညာရှင်များ၊...

ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်–တရုတ်

ပေကျင်း၊ဧပြီ ၁၈ ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။ လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက ပြင်းပြင်းထန်ထန်ရှုံ့ချမည်ဖြစ်သည်ဟုလည်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံစုံမူဝါဒကိုကာကွယ်နိုင်ရန်အတွက် ကျန်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရန်ကြိုးပမ်းနေပြီး အမေရိက၏ ကိုယ်ကျိူးစီးပွားကာကွယ်ရေး မူဝါဒကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။ “အမေရိကဟာ နိုင်ငံတွေကို အပြင်းအထန်ဖိအားပေးနိုင်ဖို့ အခွန်ကိစ္စကို လက်နက်တစ်ခုလိုအသုံးချနေခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ဘက်စုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်” ဟုလည်းတရုတ်ကဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းကမူ ပေကျင်းသည် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာပလက်ဖောင်းအမျိုးမျိုးကိုအသုံးပြုကာ တစ်ဖက်သတ်ဝါဒနှင့်အနိုင်ကျင့်ခြင်း၏အန္တရာယ်များကိုဆွေးနွေးသွားမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။ Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို သတိပြုကြရန်လို

ငလျင်နှင့် ပက်သက်၍ ကောလဟာလသတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေခြင်း ၊ ထပ်ဆင့်ကူးယူဖော်ပြခြင်းများ လုပ်ဆောင်နေကြသည့်အတွက် သတိပြုကြရန်လိုအပ်လာကြောင်း မိုး/ဇလက အသိပေးထားသည်။ ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သည့်အတွက် ကောလဟလများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမဖြစ်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်အသိပေးထားခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ခဲ့ရသော ဒေသများမှ လူထုကြားတွင် မည်သည့်ရက်၌ အင်အားမည်မျှရှိသော ငလျင်တခုထပ်လာမည်ဟုဆိုကာ ပျံ့နှံ့မှုများ ရှိနေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071