ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဗဟိုကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
