Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeCelebrities' Newsဦးကျော်သူ ဒါရိုက်တာ...

ဦးကျော်သူ ဒါရိုက်တာ လုပ်ပြီး ရိုက်မယ့် ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ အတွက် ရင်တွေခုန်နေတဲ့ မေမြင့်မိုရ်

ဇာတ်လမ်းတွဲတွေ သရုပ်ဆောင်ရိုက်ကူးမှုများနေတဲ့ မေမြင့်မိုရ်က အခုတစ်ခါမှာလည်း ကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် ‘ပုဂံမြို့သူ’ ဇာတ်လမ်းတွဲမှာ ဒေါင်းနဲ့အတူ ပါဝင်သရုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ အောင်မြင်မှုရရှိပြီးသား ဇာတ်လမ်းမှာ ခင်စောမူဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်သွားမယ့်အပေါ် မေမြင့်မိုရ်ရဲ့ စိတ် ခံစားချက်က. . .

“ဒီပုဂံမြို့သူ ဝတ္ထု က ဟိုးအရင် အချိန်ထဲက အောင်မြင်ပြီးသားပါ။ အခုလည်း ဇာတ်လမ်းတွဲ အနေနဲ့ ညီမ ပါဝင် ပြီးရိုက်ကူးခွင့်ရတော့လည်း တအား စိတ်လှုပ်ရှားပါတယ်။ အားလုံးပေါင်း အပိုင်း ၂ဝလောက်ပါပါမယ်။ ဝတ္ထုကို ညီမဖတ်တဲ့ အချိန်တုန်းကလည်း တကယ်ကို မျက်ရည်ကျခဲ့ရတယ်။ ပုဂံမှာ အခြေတည်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ် တယ်။ ဒရာမာတွေ၊ ဟာသတွေများနေတဲ့ အချိန်မှာ ဒီဇာတ်လမ်းတွဲ လေးက အချစ်ကို ရိုမန့်ဆန်ဆန်ပုံ ဖော်မှာဖြစ်တဲ့အတွက် အားလုံး လည်းကြိုက် ကြမယ်လို့ ညီမထင်တယ်။ ညီမလည်း ကိုယ်ချစ်တဲ့ ပုဂံမြို့ မှာသွားရောက်ရိုက်ကူးရမှာဖြစ်တဲ့အတွက် တအားလည်းပျော်တယ်။ ဒီဇာတ်လမ်းတွဲလေးမှာ ညီမက နှစ်ဘဝ ပုံစံလေးပါဝင်မှာပါ။ ပုဂံမြို့သူ ခင်စောမူဆိုတဲ့ ဇာတ်ကောင်နေရာပါ။ အရင်ဘဝကတော့ ခင်စောလဒ် ပေါ့။ နှစ်ဘဝလုံးမှာ မင်းသားကို ချစ်ခဲ့ တယ်။ အချစ်ကို ဦးစားပေးတဲ့ ပုံစံမျိုးလေးပါ။ ဝတ္ထုထဲက အတိုင်းပဲ မြင်း စီးတာတွေ လည်းပါတော့ ညီမအခု မြင်းစီးလည်း သင်နေပါတယ်။ ညီမလည်း ဒီဇာတ်ကားနဲ့ ပက်သက်ပြီး မျှော်လင့်ထားတာတွေအများကြီးပါ။

ဦးမောင်က လည်း ဒါရိုက်တာလုပ်ပြီးရိုက်မယ့် ဇာတ်ကားဖြစ်တဲ့အတွက် ရင်တွေလည်း ခုန်နေပါတယ်” လို့ ပြောပြပါတယ်။ မေမြင့်မိုရ် အတွက်တော့ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးချိန်မှာ တော်တော်များများက အောင်မြင်ပြီးသား ဇာတ်ကား များကို ပြန်လည် ရိုက်ကူးရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ပန်းဖြူရဲ့ အောင်မြင်ခဲ့တဲ့ ‘အရိပ်’ဇာတ်ကားကို ပြန်လည်း ရိုက် ကူးချိန်မှာ လည်း ဆေးသမားတွေရဲ့ အပြုအမူတွေကို လေ့လာခဲ့ရတယ် ဆိုတဲ့ မေမြင့်မိုရ်ရဲ့ ရိုက်ကွင်းပေါ်က အတွေ့အကြုံတွေ အကြောင်းပြောပြာက…

“ညီမကိုယ်တိုင်လည်း အောင်မြင်ပြီးသားဇာတ်ကားတွေ၊ အောင်မြင်ပြီးသား ဝတ္ထု တွေကို ပြန်ရိုက်ရလေ့ ရှိတာများတယ်။ ဒါကြောင့် ညီမအတွက် စိတ်ဖိအားတွေလည်း များတယ်။ ညီမကတော့ တစ်ရာရာခိုင် နှုန်းအကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ ပရိတ်သတ်တွေဘယ်လို မြင်မလဲဆိုတာကိုလည်း ထည့်ပြီးတော့ စဉ်းစားတယ်။ အရိပ်မှာလည်း ညီမရဲ့ ကာရိုက်တာက မပန်းဖြူရဲ့ အောင်မြင်တဲ့ အကယ်ဒမီဆု ရခဲ့တဲ့အတွက် တကယ်ကို စိတ်နှစ်ပြီးကြိုးစားရတယ်။ ဒီဇာတ်ကား မရိုက်ခင်ကတည်းက မပန်းဖြူရဲ့ သရုပ်ဆောင်ပုံတွေကို ပြန်ကြည့် တယ်။ ဆေးသမားတစ်ယောက်ရဲ့ ပုံစံတွေ၊ ဆေးသုံးတဲ့ သူတွေ ဘယ်လို ပြုမူနေထိုင်သလဲဆိုတာတွေကို သေချာလေ့လာပြီးမှ သရုပ်ဆောင်ပါတယ်။ ညီမရဲ့အဖေက ကိုရန်လေး၊ အမေက မကြီး စိုးဆိုတော့ သူတို့ကလည်း ညီမကို ဝိုင်းဝန်းသင်ပြကြပါတယ်” လို့ မေမြင့်မိုရ်က ပြောပြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071