အဆိုတော် မီမီဝင်းဖေရဲ့ Single Song ဖြစ်တဲ့ “ဝင်းဖေရဲ့ ဘချယ်” သီချင်းကို Myanmar Music Store ကနေ အွန်လိုင်းပေါ်ကို အခမဲ့ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒီသီချင်းကို မီမီဝင်းဖေရဲ့ ဖခင်ဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေက လွန်ခဲ့တဲ့နှစ်၎ဝကျော်လောက်က ရေးစပ်ထားခဲ့တာ ဖြစ်ပါတယ်။
” ဒါမျိုးက သီချင်းကာတွန်းပေါ့ဗျာ။ ရယ်စရာသီချင်းပေါ့။ လွန်ခဲ့တဲ့ အနှစ်၎ဝကတော့ ရယ်စရာ သီချင်းတွေ သိပ်ခေတ်မစားသေးဘူး။ ဒီဘက်ကျတော့ ရယ်စရာသီချင်းတွေ တော်တော်များတယ်။ ဒီအချိန်ကျမှ ဒီသီချင်းကို ပြန် သွင်းမယ်ဆိုတာ ပိုပြီးတော့ လူတွေနဲ့ နီးစပ်လိမ့်မယ်၊ ခံစားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ဦးဝင်းဖေက ပြောပါတယ်။
မီမီဝင်းဖေတို့ သားအဖနှစ်ယောက်ရဲ့ ပထမဆုံးအနုပညာ အမှတ်တရဖြစ်တဲ့ ဒီသီချင်းကို Single Song အနေနဲ့ စီစဉ်ဖြစ်တာနဲ့ပတ်သက်ပြီး မီမီဝင်းဖေက ” ဒီသီချင်း Single အနေနဲ့ ထွက်ဖြစ်သွားတဲ့အကြောင်းက ဖေဖေက တေးရေးဆရာ တစ်ယောက်မဟုတ်တဲ့အခါကျတော့ သူ့တင်ပြပုံတင်ပြနည်းက ကျွန်မစိတ်ထဲမှာ တခြားသီချင်းတွေနဲ့ မတူဘူးဖြစ်နေတဲ့အတွက် တစ်ပုဒ်တည်းဆိုပြီး စဉ်းစားလိုက်တာပါ။ ဖေဖေ ဒီသီချင်းကို ရေးထားတာ နှစ်လေးငါးဆယ်ဖြစ်နေပြီဆိုတော့ ခေတ်နဲ့ကွာဟနေတဲ့ အသုံးအနှုန်းတွေပါပါတယ်” လို့ ဆိုပါ တယ်။
ဒီသီချင်းလေးကို မိသားစုမှတ်တမ်းတစ်ခုအနေနဲ့ ရှိချင်တာရော၊ အနုပညာတစ်ခုအနေနဲ့ ကြည့်မယ်ဆိုလည်း ဒီလို အနုပညာ သမားကြီးတစ်ယောက် ဖန်တီးထားတဲ့ အရာလေးကို မှတ်မှတ်ထင်ထင်သီချင်းတစ်ပုဒ်ဖြစ်လာစေချင်တဲ့ စိတ်နဲ့ ဒီသီချင်းလေးကို ဖန်တီးဖြစ်တာဖြစ်ပြီး ပရိသတ်တွေအတွက် မိသားစုလက်ဆောင်အနေနဲ့ ဒီသီချင်းကို Free Download ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထူးရွှေရည်ဝင်း