Friday, December 6, 2024

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့်...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ...

တောင်ကြီးမြို့တွင် စစ်‌ဘေးရှောင်ကလေးငယ်များအတွက် ကလေ-းပျော် စင်တာ(၂)ခု...

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြိုသို့ လာရောက်ခိုလှုံနေထိုင်ကြရသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာ (၂)ခု ကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ မှ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ မှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စီမံကိန်း နှစ်ခုကို စတင်ဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ်...
HomeInternationalဥရောပ၏ရုရှားအပေါ်ပိတ်ဆို့မှု မအောင်မြင်ဟု ဟန်​ဂေရီဝန်ကြီးချုပ်...

ဥရောပ၏ရုရှားအပေါ်ပိတ်ဆို့မှု မအောင်မြင်ဟု ဟန်​ဂေရီဝန်ကြီးချုပ် ဆို

ဥရောပ၏ရုရှားအပေါ်ပိတ်ဆို့မှု မအောင်မြင်ဟု ဟန်​ဂေရီဝန်ကြီးချုပ် ဆို

မော်စကိုအပေါ် ဒဏ်ခတ်အရေးယူမှုများသည် မ‌​အောင်မြင်သဖြင့်ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းစစ်ပွဲအတွက် မဟာဗျူဟာအသစ်တစ်ခုလိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာ‌​အော်ဘန်ကပြောကြားခဲ့သည်။

“စစ်ပွဲကိုအနိုင်ရအောင်လုပ်မယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အာရုံစိုက်ပြီး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ရေးဆွဲဖို့ မဟာဗျူဟာသစ်လိုအပ်ပါတယ်” ဟု‌ ​အော်ဘန်က ရိုမေးနီးယား၌စနေနေ့က မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဧပြီလက စတုတ္ထမြောက်ဝန်ကြီးချုပ်သက်တမ်းအတွက် ပြန်လည်အရွေးခံရသောဗစ်တာ က နေတိုးအဖွဲ့ဝင်ဟန်ဂေရီသည် အိမ်နီးချင်းယူကရိန်းစစ်ပွဲမှကင်းကင်း‌နေမည် ဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

ရုရှားဓာတ်ငွေ့တင်သွင်းမှုအပေါ် အဓိကမှီခိုနေရသည့်အတွက် အီးယူ၏ပိတ်ဆို့ကန့်သတ်မှုများကို ဟန်ဂေရီကပံ့ပိုးကူညီရန် ဆန္ဒမရှိကြောင်းလည်းသူ ကပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံ၏မဟာဗျူဟာသည် မဏ္ဍိုင်လေးရပ်ပေါ်တွင် တည်ဆောက်ထားပြီး ထိုလေးရပ်မှာ _ ယူကရိန်းက ရုရှားကိုနေတိုးလက်နက်တွေနဲ့ စစ်ပွဲမှာအနိုင်ယူနိုင်လိမ့်မယ်လို့ယူဆထားချက်၊ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုရှားကို အားပျော့စေပြီး ၎င်း၏ခေါင်းဆောင်မှုကို မတည်မငြိမ်ဖြစ်စေမည်ဟုယူဆချက်၊ပိတ်ဆို့အရေးယူမှုများသည် ဥရောပထက် ရုရှားကို ပိုမိုထိခိုက်စေလိမ့်မည်ဟူသောယူဆချက် နှင့် ကမ္ဘာကလည်းဥရောပကိုထောက်ခံရန် တန်းစီနေမည်ဟူသောယူဆချက် စသည်တို့ဖြစ်ကြောင်း၎င်းကဆိုသည်။

သို့သော်ဥရောပရှိ အစိုးရများသည် “ဒိုမီနိုများ” ကဲ့သို့ပြိုကျကာ စွမ်းအင်စျေးနှုန်းများမြင့်တက်လာသဖြင့် မဟာဗျူဟာအသစ်ကိုလိုအပ်လာပြီးဤမဟာဗျူဟာမှာ မအောင်မြင်ခဲ့ကြောင်းအော်ဘန် ကပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘီးလေးဖက်လုံးပေါက်နေတဲ့ ကားထဲထိုင်ပြီးခရီးဆက်နေသလိုပါပဲ၊အရာမရောက်ပါဘူး၊ခရီးမတွင်ပါဘူး၊ခုလိုဟိုပိတ်ဒီဆို့လုပ်နေရုံနဲ့လဲ စစ်ပွဲကအနိုင်မရသွားဘူးဆိုတာ အားလုံးလည်းရှင်းရှင်းလင်းလင်းမြင်နေတာပဲမဟုတ်လား” ဟု အော်ဘန်က၎င်းအားထောက်ခံအားပေးသူများကိုပြောခဲ့သည်။

ယူကရိန်းသည်လည်း ဤနည်းဖြင့် စစ်ပွဲကို အောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။၎င်းအနေဖြင့် အမေရိကန်နှင့်ရုရှားတို့အား စစ်ပွဲရပ်တန့်သွားစေရန် စေ့စပ်ဆွေး‌နွေးစေလို‌ကြောင်းတောင်းဆိုခဲ့သည်။

ရုရှားလိုချင်နေတဲ့လုံခြုံရေး အာမခံချက်ကိုဝါရှင်တန်ကပဲ ပေးနိုင်တာမို့ “ရုရှား-အမေရိကန် ဆွေးနွေးပွဲကသာ ပဋိပက္ခကို အဆုံးသတ်နိုင်မှာပါ” ဟု၎င်းကဆိုသည်။မကျူးကျော်မီက ရုရှား၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို လျစ်လျူရှုခြင်းအတွက်လည်း အနောက်နိုင်ငံခေါင်းဆောင်များအားဝေဖန်ခဲ့သည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ် တို့နဲ့သာဆို ရင်ဒီစစ်ပွဲဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” ဟု လည်း၎င်းကပြောကြားခဲ့သည်။

Source – Aljerzeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖီဖာမှ မြန်မာကလေ-းများကို ဘောလုံးပညာသင်ကြားပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့် (၂၀၂၅) ခုနှစ်၌ စတင်မည်ဖြစ်ကာ အခြေခံပညာကျောင်းများရှိ ကလေ-းများကို ဘောလုံးပညာ သင်ကြားခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ အထက်ပါ ပရိုဂရမ် စီမံကိန်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ ယင်းအစီစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း...

တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား (၄၅)ဦးကို ဒီဇင်ဘာ ၂ ရက်နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေး ရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ နေအိမ်အတွင်း၌ Online အ သုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၁၈)ဦးနှင့် မြန်မာနိုင်ငံသား အမျိုး သား၊...

တောင်ကြီးမြို့တွင် စစ်‌ဘေးရှောင်ကလေးငယ်များအတွက် ကလေ-းပျော် စင်တာ(၂)ခု ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြိုသို့ လာရောက်ခိုလှုံနေထိုင်ကြရသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင် ကလေ-းငယ်များအတွက် ကလေ-းပျော်စင်တာ (၂)ခု ကို မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကလေ-းပျော်စင်တာများသည်မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသော ကလေ-းငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံချက်တစ်ခုအရ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို ကလေ-းပျော်စင်တာသို့ ကလေ-းငယ် (၁၃၀)ဦး လာရောက်ကစားလျက်ရှိပြီး၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာအတွက် အားပေးကူညီပေးနိုင်ရန်၊ ကျန်းမာရေး၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်နှင့် လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071