ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးတို့နဲ့ ဖုန်းကနေတစ်ဆင့် စကားပြောဆို ဆွေးနွေးကြမယ်လို့ ဥရောပကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီဆွေးနွေးပွဲမှာ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထရမ့်နဲ့ ဇလန်းစကီးတို့ လူချင်းတွေ့ဆုံဖို့ မတိုင်ခင် ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ ဒီဖုန်းခေါ်ဆိုမှုကို အရင်လုပ်ဆောင်ကြမှာပါ။
အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ အစီအစဉ်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဖလော်ရီဒါပြည်နယ်၊ Palm Beach မှာ တနင်္ဂနွေနေ့ (GMT ည ၈ နာရီ) မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
