Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeCelebrities' Newsဥပဒေရေးရာနဲ့ပတ်သက်လို့ တရားရုံးတွေ ဘာတွေသွားရမယ်ဆိုရင်...

ဥပဒေရေးရာနဲ့ပတ်သက်လို့ တရားရုံးတွေ ဘာတွေသွားရမယ်ဆိုရင် လူတွေကရှောင်ကြတယ် ဆုပန်ထွာ

ဆုပန်ထွာကိုတော့ ပရိသတ်တွေက ရှေ့နေမလေးမေနှင်းဆီကာရိုက်တာနဲ့ နောက်ထပ်တစ်ကြိမ်ထပ်မံမြင်တွေ့ ရဦးမှာပါ။ တရားစီရင်ရေး၊ ဥပဒေတွေနဲ့ပတ်သက်ပြီး အသိပညာပေးရိုက်ကူးတဲ့ ‘နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ဇာတ်လမ်းတွဲရဲ့Season 2 ရိုက်ကူးမှုမှာတော့ ဆုပန်ထွာနဲ့အတူ ဘုန်းသိုက်၊ နေယံတို့က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရင်းနဲ့လည်း ဝမ်းသာပျော်ရွှင်တဲ့ ခံစားမှုတွေရရှိခဲ့တယ်ဆိုတဲ့ ဆုပန်ထွာက …

”နေရယ်၊ လရယ်၊ အမှန်တရားရယ် (၂)ဇာတ်လမ်းတွဲက မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးပြုတဲ့ ဇာတ်လမ်းတွဲလေးပါ။ အပြင်မှာက ဥပဒေရေးရာနဲ့ပတ်သက်လို့ တရားရုံးတွေ ဘာတွေသွားရမယ်ဆိုရင် လူတွေကရှောင် ကြတယ်။ တချို့ဆိုရင် ပိုက်ဆံမရှိတဲ့အခါမှာ အမှုလိုမျိုးကို ရင်မဆိုင်တော့ဘူးဆိုပြီးဖြစ်တာမျိုးလည်းရှိတယ်။ ဒါတွေကို ပြည်သူတွေ သိရအောင်ဆိုတဲ့အနေနဲ့ ဇာတ်လမ်းမှာ မပန်ကဆင်းရဲချို့တဲ့သူများအတွက် တရားမျှတမှု စင်တာကအခမဲ့ ရှေ့နေလိုက်ပေးတဲ့ ရှေ့နေမလေး မေနှင်းဆီအဖြစ်ပါဝင်ထားတယ်။ အပြင်မှာလည်း ဒီလိုစင်တာတွေ မြို့တော်တော်များ များမှာရှိနေပါပြီ။ မပန်လည်း ဒီဇာတ်ကားရိုက်တော့ အပြင်မှာ မပန်ကိုယ်တိုင်ကူညီနေရ သလိုမျိုးခံစားရပါတယ်။ အမှန်တရားတစ်ခုသာရှိရင် မပန်လက်ကိုဆွဲလိုက်ဆိုတဲ့ ပုံစံ မျိုးလေးပါ။ တကယ်ကို ပြည်သူတွေအတွက် ဗဟုသုတရဖွယ်ရာ ဇာတ်လမ်းလေး ကလည်း တိုက်ဆိုင်မှုရှိတဲ့လူတွေ ကြည့်မိရင်ပြဿနာကို ဘယ်လိုကိုင် တွယ်ဖြေရှင်းရ မလဲဆိုတာ သိသွားတာပေါ့”လို့ ပြောပြပါတယ်။

ဆုပန်ထွာက မြန်မာဆန်တဲ့ မျက်နှာကိုပိုင်ဆိုင်ထားတဲ့အတွက် ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ တချို့သော ကာရိုက်တာတွေအတွက်တော့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

”မပန်မျက်နှာကတော့ မြန်မာဆန်တဲ့ မြန်မာမျက်နှာပေါက်လို့ပြော ရမှာပဲ။ နောက်ပြီး မပန်က အသားလည်းညိုတော့ မျက်လုံးတွေကလည်း ကုလားဆင်ရုပ်ပုံစံလေးဖြစ်တယ်လို့တောင်ပြောကြတယ်။ ဒါကြောင့် မြန်မာလိုလေးတွေ ရိုးရိုးလေးတွေနဲ့လည်း ပိုလိုက်တယ်လို့ ကိုယ့်ကိုယ် ကိုယ်ခံစားရတယ်။ မပန်တို့ သရုပ်ဆောင်ရင်တောင်မှ တအားဟော့ တဲ့ ပုံစံဆိုရင် ဘယ်လိုမှ အိုက်တင်လုပ်လို့ မရဘူးဖြစ်တတ်တယ်။ Mood ဝင်အောင် တော်တော်လေးလုပ်ယူရ တာမျိုးတွေရှိတယ်။ အခုတော့ မပန်က အန်တီဝါရိုက်တဲ့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ် မြတ်ကြီးရဲ့ ထေရုပ္ပတ္တိဇာတ်ကားမှာ အသောကမင်းကြီးရဲ့ ဇနီး မိဖုရားခေါင်ကြီးနေရာက သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးတော့ လည်း မပန်ကို အန်တီဝါက သူ့စိတ်ကြိုက်စီစဉ်ပေးပါတယ်။ ဒိုင်ယာ လော့ကတော့ နည်းနည်းထောက်တယ်။ မပန်လည်းအမှားအယွင်းမရှိ အောင်လို့ လေယူလေသိမ်းကအစ တော်တော်လေးကြိုးစားလိုက်ရတယ်။ အန်တီဝါရဲ့ သင်ကြားမှုကလည်း ဒိုင်ယာလော့တစ်ခုချင်း၊ အိုက်တင်တစ် ခုချင်းကို စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်”လို့ ဆုပန်ထွာက ပြောပြပါ တယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071