(Unicode)
အ ရှေ့ တောင်အာရှပွဲအတွက် လေ့ကျင့် နေသည့် ကာယဗလမောင်/ မယ်များ၏ လက်ရည်စစ်ပြိုင်ပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ကာယဗလ မောင် /မယ်များ၏ လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီခွဲက မင်္ဂလာတောင်ညွန့်မြိုနယ် မြိုတော်စည်ပင်အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲချုပ် ကာယဗလ လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့သည်။
(၇၀)ကီလိုအောက် ကာယဗလမောင်ပြိုင်ပွဲ၊ (၇၀)ကီလိုအထက် ကာယဗလမောင်ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်ပြိုင်ပွဲ၊ အမျိုးသမီးကာယဗလမယ်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး စုံတွဲပြိုင်ပွဲများတွင် အားကစားသမားများက ကိုယ်ဟန်ခုနှစ်မျိုးနှင့် တစ်ဦးချင်း စိတ်ကြိုက်နောက်ခံ တေးဂီတဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါကာယဗလမောင်မယ်များသည် ဗီယက်နိုင်ငံ၌ ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် နေကြသူများဖြစ်ကြောင်း သိရသည်။
(Zawgyi)
အ ေရွ႕ ေတာင္အာရွပြဲအတြက္ ေလ့က်င့္ ေနသည့္ ကာယဗလေမာင္/ မယ္မ်ား၏ လက္ရည္စစ္ၿပိဳင္ပြဲက်င္းပ
ရန္ကုန္ ဇန္နဝါရီ ၄
(၇၄)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ အျဖစ္ ကာယဗလ ေမာင္ /မယ္မ်ား၏ လက္ရည္စစ္ၿပိဳင္ပြဲကို ယေန႔နံနက္၁၀နာရီခြဲက မဂၤလာေတာင္ၫြန႔္ၿမိဳနယ္ ၿမိဳေတာ္စည္ပင္အားကစားဝင္းရွိ ျမန္မာႏိုင္ငံကာယဗလႏွင့္ ကာယႀကံ့ခိုင္မႈ အားကစားအဖြဲခ်ဳပ္ ကာယဗလ ေလ့က်င့္ေရးစခန္း၌ က်င္းပခဲ့သည္။
(၇၀)ကီလိုေအာက္ ကာယဗလေမာင္ၿပိဳင္ပြဲ၊ (၇၀)ကီလိုအထက္ ကာယဗလေမာင္ၿပိဳင္ပြဲ၊ ကာယဗလေမာင္မ်ား အလြတ္ၿပိဳင္ပြဲ၊ အမ်ိဳးသမီးကာယဗလမယ္ၿပိဳင္ပြဲႏွင့္ အမ်ိဳးသား/အမ်ိဳးသမီး စုံတြဲၿပိဳင္ပြဲမ်ားတြင္ အားကစားသမားမ်ားက ကိုယ္ဟန္ခုႏွစ္မ်ိဳးႏွင့္ တစ္ဦးခ်င္း စိတ္ႀကိဳက္ေနာက္ခံ ေတးဂီတျဖင့္ ပါဝင္ယွဥ္ၿပိဳင္ၾကသည္။
အဆိုပါကာယဗလေမာင္မယ္မ်ားသည္ ဗီယက္ႏိုင္ငံ၌ ၂၀၂၂ ခုႏွစ္ ေမလတြင္ က်င္းပမည့္ (၃၁)ႀကိမ္ေျမာက္ အေရွေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ရန္ စခန္းသြင္းေလ့က်င့္ ေနၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။