Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' Newsအနုပညာကြေး ၃၄ သိန်းကို...

အနုပညာကြေး ၃၄ သိန်းကို စေတနာနဲ့ ပြန်ပေးခဲ့ဖူးတဲ့ ဇေရဲထက်

ဇေရဲထက် အနေနဲ့ အခုချိန်ထိလည်း သူ့ရဲ့အနု ပညာကြေးကို တိုးမြှင့် တောင်းခဲ့တာမျိုး၊ သူ့ကို အနုပညာ ကြေးဘယ်လောက်ပေး ပါဆိုပြီး တောင်း ဆိုခဲ့တာမျိုးတွေ မရှိခဲ့ကြောင်း သူက အခုလိုပြောပြပါတယ်။ ဇေရဲထက် အနေနဲ့ အခုချိန်ထိလည်း သူ့ရဲ့အနု ပညာကြေးကို တိုးမြင့် တောင်းခဲ့တာမျိုး၊ သူ့ကို အနုပညာ ကြေးဘယ်လောက်ပေး ပါဆိုပြီး တောင်း ဆိုခဲ့တာမျိုးတွေ မရှိခဲ့ကြောင်း သူက အခုလိုပြောပြပါတယ်။

“ကျွန်တော်ကိုယ်တိုင် ဘယ်တော့မှစပြီး အနုပညာကြေးတိုးမတောင်းခဲ့ ဘူး။ ကျွန်တော့်ရဲ့တန်ရာတန်ကြေးကို ပရိုဂျူဆာတွေသိမယ်။ အားလုံးလည်းသိ မှာပဲ။  ကျွန်တော်ကစပြီး ဒီကြေးပေးပါဆိုပြီး မတောင်းဆိုခဲ့ဘူး။ သူများ ပေးလာတဲ့အပေါ်မှာပဲ အဲဒီအပေါ် မူတည်ပြီး ကျွန်တော် ဖြတ်သွား တာပဲ ရှိတယ်။ မတောင်းတာက ကျွန်တော် သရုပ်ဆောင် ကြေးကိုနားမလည်ဘူး။ ကျွန်တော်ရိုက်ချင်တာရိုက် တယ်။ ကျွန် တော့်အတွက် အဆင်ပြေတယ်။ ပိုက်ဆံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ကတော့ ငါ ဘယ်လောက်ရမှ ဘယ်လောက်လုပ်မှဆိုတဲ့ ပုံစံမျိုး တော့ အခုချိန်ထိမရှိခဲ့ဖူးဘူး” လို့ ပြောပြပါတယ်။ သူ့ရဲ့အနုပညာကြေးကို သူကိုယ်တိုင်သတ် မှတ်ပြီး မတောင်းခဲ့တဲ့ ဇေရဲထက်က ဇာတ်ကားရိုက် ကူးရင်းနဲ့ အဲဒီဇာတ်ကားအတွက်ရရှိတဲ့ အနုပညာ ကြေး ၃၄သိန်းကို စေတနာနဲ့ ပြန်ပေးခဲ့ဖူးကြောင်းကို ဇေရဲထက်က…..

” ဟိုးအရင်တုန်းက ‘ရင်မှာစီးတဲ့ မေတ္တာရေ’ ဇာတ်ကားလေး။ တကယ့် ပညာပေး ကားလေး။ အဲဒီဇာတ်ကားလေးကို ရုပ်ရှင်ဇာတ် ကားလေး ဖြစ်စေချင်တာ။ တကယ့်ဒရာမာ အစစ်။ အဲဒီမှာ ကျွန်တော်က အခြောက်။ အခြောက်ကိုမှ ယဉ်ယဉ်လေးရူးနေတဲ့အခြောက်။ သူတောင်မှ မိခင် မေတ္တာစိတ်ရှိတာဘာလို့ မိန်းကလေးတွေက မိခင်မေတ္တာ စိတ်မရှိတာလဲဆိုတဲ့ အဲဒီပညာပေးကာလေး ကျွန်တော် ရိုက်ကူးထားတယ်။ အဲဒီကားမှာ တအားကျေနပ်ပြီး ကျွန်တော့်ကိုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် Actor ကြေး ၃၄သိန်းပြန်ပေးလိုက်တာ။အဲဒါကျွန်တော့်ရဲ့ စေတနာပေါ့။ သူကလည်း ပြောပါတယ်၊ ဘယ်သရုပ်ဆောင်မှ ကျပ်၂သိန်း၊ ၃ သိန်းပြည့်အောင် မပေးဖူးဘူးတဲ့ ။ ဒါကျွန်တော့်ရဲ့ အမှတ်တရပေါ့” လို့ သူ့ဘဝမှာ အမှတ်တရဖြစ်ခဲ့ရပုံကို ပြန်ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071