Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeCelebrities' Newsအနုပညာကြေး ၃ဝဝဝ နဲ့...

အနုပညာကြေး ၃ဝဝဝ နဲ့ စခဲ့ရတဲ့ အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ အနုပညာငယ်ဘဝ

‘စိတ်ညစ်စရာတွေကို ခေါင်းထဲ သိပ်မထည့်ဘူး၊ ပျော်ပျော်ပဲနေတတ်တယ်’ဆိုတဲ့ အကယ်ဒမီ ခိုင်သင်းကြည်က သူမပျော်ပျော်နေတတ်လို့ လားမသိ၊ လွန်ခဲ့တဲ့ ၁ဝနှစ်က ခိုင်သင်းကြည်နဲ့ အခုလက်ရှိ ခိုင်သင်းကြည် သိပ်အပြောင်းအလဲမရှိဘဲ အရွယ် တင်နုပျိုနေတာ ဖြစ်မှာပါ။ သူမဖြတ်သန်းခဲ့ရတဲ့ ရုပ်ရှင် သက်တမ်းကလည်း ကာလ တစ်ခုတော့ တိုင်ခဲ့ပါပြီ။ လက်ရှိအချိန်မှာ ဘာတွေပြောင်းလဲသင့်ပြီထင်လဲလို့ဆို တော့ သူမကအများကြီး ပြောပါတယ်။ အဲဒီထဲကမှ သရုပ်ဆောင် တစ်ယောက်နဲ့ ဆိုင်တဲ့ ကဏ္ဍတစ်ခုကို ခွဲထုတ်လိုက်တဲ့အခါမှာ…

“ရိုက်ကွင်းဆိုရင်လည်း မခိုင် တို့ဆိုရင် ကိုယ်ရိုက်ကူးမယ့်ဇာတ် ကားအတွက် အဝတ်အစားကအစ စီးတဲ့ဖိနပ်ကအဆုံး အကုန်လုံးကို အခု ချိန်ထိစီစဉ်နေရတုန်းပဲ။ အမှားအယွင်းဖြစ်သွားမှာစိုးတဲ့အတွက် သေ သေချာချာလိုက် စီစဉ်ရတယ်။ အရမ်းပင်ပန်းတယ်။ နိုင်ငံတကာမှာက တော့ မင်းသမီးက ဘာမှလုပ်စရာမလိုဘူး။ အဆင်သင့်လာရုံပဲ။ ဒါက တော့လည်း ကိုယ်နေတဲ့တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး တော့လည်း ရှိမှာပါပဲ။ သိပ်ပြီးတော့ လောဘကြီးလို့ မရဘူးလေ။ မခိုင်ကတော့ သိပ်လောဘမကြီးပါဘူး။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အဆင့် အတန်းနဲ့ ကိုယ်အခုလိုရိုက်ကူးနေရ တာလေးကိုပဲ အဆင်ပြေအောင်  ရိုက်ကူးတတ်ပါတယ်” လို့ သူမက ပြောပြပါတယ်။ ဒါဆို တချို့ဇာတ် ကားတွေမှာ ကိုယ်ရတဲ့အနုပညာ ကြေးနဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစားဖိုး မကာမိတာတွေ ကြုံရဖူးလားလို့ဆိုတော့…

“ငယ်ငယ်လေးတုန်းက တော့ ရှိတာပေါ့နော်။ ၁၉၉၂-၁၉၉၃ ခုနှစ်လောက်ကဆိုရင် ကိုယ် ကလည်း ဘာမှမဟုတ်သေးဘူး။ နာမည်လည်း မရှိသေးဘူးလေ။ အသစ်ပဲ။ ဓာတ်ပုံရိုက်ချင်တယ်ဆိုပြီးခေါ်ရိုက်တော့ မုန့်ဖိုးပေါ့။ ၃ဝဝဝ ပေးတယ်။ မိတ်ကပ်ဖိုးက ပြန်ပေးလိုက်တော့ ကုန်သွားရော။ အဝတ်အစားဖိုးက ၃ဝဝဝဝ ဖိုးလောက် ဝယ်ရတယ်။ အဲဒီလိုပေါ့။ ဖြစ်ချင်တာကိုး။ ဒါပေမဲ့လည်း ကိုယ်တွေက အရမ်းဝါသနာပါပြီး လုပ်ချင်နေတော့ အဲဒါတွေကိုလည်း မတွက်ဘူး။ အခုနောက်ပိုင်း အလုပ် ရယ်လို့ဖြစ်လာတော့လည်း ကိုယ့်ဘာသာကိုယ်ချိန်လည်းချိန် တတ်လာတာပေါ့လေ။ အရင်တုန်းက ကြော်ငြာတစ်ခု ရိုက်ကူးပြီဆိုလို့ရှိရင် ရိုက်ကူးတာက မိတ်ကပ်ကြော်ငြာ၊ ကိုယ်ကခြေသည်းနီကအစ၊ ဖိနပ်ကအဆုံး အကုန်ဝယ်တာ။ အခုတော့မိတ်ကပ်ကြော် ငြာဆို အပေါ်ပိုင်းလေးပဲဝတ်တော့တယ်။ အောက်ပိုင်းတွေဆို ဈေးကြီးတာတွေ သိပ် မဝယ်တော့ဘူး။ အဲဒီလိုမျိုး လုပ်တတ်သွားတာပေါ့”လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071