နာမည်ကျော် အနုပညာရှင် ဒွေး ကွယ်လွန် သွားခဲ့တာ ၁ဝနှစ်ပြည့် ပြီဖြစ်ပေမယ့် သူ့ကိုဘယ်တော့မှ မမေ့ဘဲ အမြဲသတိတရ ရှိနေသူတွေ ထဲမှာ သရုပ်ဆောင် ဇွဲနိုင်ဝင်းလည်း ပါဝင်ပါတယ်။ သရုပ်ဆောင် ဇွဲနိုင်ဝင်းက သူ့ရဲ့ အနုပညာ ငွေကြေးနဲ့ သူချစ်ခင် လေးစားရတဲ့ ဒွေးရုပ်တု တစ်ခုကို ချောင်းဝ ကျောင်းမှာ ထားရှိဖို့အတွက် ပန်းချီပန်းပု ပညာ ရှင်ကိုအောင်ကျော်ထွန်း ဆီမှာ အပ်ထား တယ် လို့သိရပါတယ်။
ဒီရုပ်တုကိုတော့ ဇူလိုင်လ ၁၁ရက်နေ့မှာ ကျရောက် မယ့် ဒွေး ကွယ် လွန်ခြင်း ၁ဝနှစ်ပြည့်အမီ ပြုလုပ် ခိုင်းထားတယ် လို့ ဇွဲနိုင်ဝင်း က ပြောပါ တယ်။ “အခုရုပ်တုက ဒါရိုက်တာ ဦးဗေဒါ ရိုက်ကူးတဲ့ “သွေးမျက်ရည်” ဇာတ်ကားထဲက အရုပ်၊ ကိုသားကြီး အရုပ်လိုချင် တယ်ဆိုလို့ ဦးဗေဒါက ပေး ထားလိုက်တာ။ ကိုသား ကြီး ရှိစဉ်အခါက တည်းက ရုပ်တု၊ ဒီအတိုင်း ထားတဲ့ အခါ ကျတော့ နှာခေါင်း တွေပဲ့၊ နားတွေပဲ့နဲ့ ဖြစ်နေတဲ့ တာကြောင့် ကျွန်တော့် ဘာသာ ကျွန် တော် ကိုအောင်ကျော် ထွန်းဆီမှာ အပ်ပြီး ပြန် လုပ်ထား တာ။ အစ်မဆီ မှာ လည်း ခွင့်တောင်း ထား ပါတယ်။ ကိုယ် တစ် ယောက်တည်း ကိုယ်ရ တဲ့အနုပညာ ကြေးလေး တွေ နည်းနည်း ချင်းစုပြီး သွားအပ်ထားတာပါ။ ကိုအောင်ကျော်ထွန်း ကလည်း အများကြီး လျှော့ပေးထားပါတယ်။ ကြေးနဲ့ လုပ်ရင် အများကြီးပေး ရမှာလေ။ အခုလောလောဆယ် ကိုယ်တတ်နိုင် သလောက် ဆီလီကွန်နဲ့ ထုလုပ်ထားတာပါ” လို့ပြော ပါတယ်။
ဇွဲနိုင်ဝင်းကတော့ သူလေးစားရတဲ့ အစ်ကိုဆရာ တစ်ဦးဖြစ်တဲ့ ဒွေး အတွက် အမြဲတမ်း ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ပေးနေသူပါ။ ဒီနှစ်ဒွေး ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်မှာလည်း အရင်လိုပဲ ဒွေးအတွက် ကုသိုလ် ကောင်းမှု တွေ လုပ်သွား မယ့်အကြောင်း ကိုတော့ ဇွဲနိုင်ဝင်း က “ကျွန်တော် အတွက်ကတော့ ၁ဝနှစ်ပြည့်မှ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင် သလောက် အမြဲတမ်း အလှူလုပ်ဖြစ်တယ်။ ပထမဆုံး လှူ တာက အဖေ အမေနာမည် နဲ့ လှူဖြစ်တယ်။ ပြီးတော့ ကိုသားကြီး နာမည် နဲ့လှူဖြစ်တယ်။ ပြီးရင် ၇ ရက် သားသမီး၊ ရာဟု အတွက် လှူဖြစ်တယ်။ အလှူငွေ ၃သောင်း ထည့် မယ်ဆိုရင်တောင် တစ်သောင်းစီ အဲဒီလို နာမည်တပ်ပြီး လှူလိုက် တယ်။ တစ်သိန်းခွဲ လှူမယ် ဆိုရင်တောင် ၅သောင်းစီခွဲပြီး လှူတယ်။ ကျွန်တော့် အလှူတိုင်းမှာ ပါနေတော့ တခြားသိပ်ပြီး ထွေထွေထူးထူး မလုပ်ဖြစ်ဘူး။ အဲဒီနေ့ကျရင် ကျွန်တော် ထုခိုင်းထားတဲ့ ရုပ်တပြီးတဲ့အချိန်ုမီပါစေလို့ ဆုတောင်းတယ်။ ၁ဝနှစ် ပြည့်လည်းဖြစ်တော့ မီရင်တော့ ပိုကောင်းတာပေါ့။ နောက်ပြီး ဘုရားသွားပြီးတော့ ပဋ္ဌာန်း ရွတ်တာမျိုးတော့ ရွတ်ဖြစ်မှာပါ” လို့ပြောပါတယ်။
ခိုင်ဝေလွင်