Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsအနုပညာလောကမှာ လင်းလက်လာဦးမယ့် ဒေါ်ခင်လေးဆွေနဲ့...

အနုပညာလောကမှာ လင်းလက်လာဦးမယ့် ဒေါ်ခင်လေးဆွေနဲ့ စမိုင်းတို့ရဲ့ အနုပညာ မျိုးဆက်ဧကရီစုစံ

ဗီဒီယိုဇာတ်ကားပေါင်း ၃ဝ ကျော် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တဲ့ ဧကရီစုစံက ကိုယ်တိုင်ခေါင်းဆောင်မင်းသမီးအနေနဲ့ လည်း ဇာတ်ကား၂ဝလောက်ကိုပါဝင်ရိုက်ကူးခဲ့ပါ တယ်။ သူဟာရုပ်ရုပ်အစည်းအရုံး ၁/၂ဝဝ၈သင်တန်း ဆင်းတစ်ဦးလည်းဖြစ်ပြီး သရုပ်ဆောင် သင်တန်းဆင်းပြီး ပြီးချင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူး ဖြစ်သေးဘဲကျောင်း ပဲပြန်တက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ကျောင်းတက်   ရောက်ပြီးသွားတဲ့အချိန်ကျကာမှသာသရုပ်ဆောင်လောကထဲကို ဝင် ရောက်ဖြစ်ကြောင်းသိရပါတယ်။

သူကမင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ တူမတစ်ဦးလည်း ဖြစ် ပြီးသရုပ်ဆောင်စမိုင်းရဲ့ ညီမဝမ်းကွဲ တစ်ဦးလည်း ဖြစ်ပါတယ်။ကြီးကြီး ဖြစ်တဲ့ ဒေါ်ခင်လေးဆွေနဲ့ အစ်မဖြစ်တဲ့စမိုင်းတို့ကို အားကျလို့ အနုပညာ လောကထဲကိုဝင်ရောက်ဖြစ်ခဲ့တာလို့လည်းပြောလို့ရတယ်ဆိုတဲ့ဧကရီစုစံကဗီဒီယိုဇာတ်ကားပေါင်း ၃ဝ ကျော် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တဲ့ ဧကရီစုစံက ကိုယ်တိုင်ခေါင်းဆောင်မင်းသမီးအနေနဲ့ လည်း ဇာတ်ကား၂ဝလောက်ကိုပါဝင်ရိုက်ကူးခဲ့ပါ တယ်။

ကိုယ်က အဲဒီတုန်းကကြည့်ပြီးတော့ အားကျရတဲ့အဆင့်ပဲရှိသေးတယ်။ အိမ်တွေဘာတွေ သွားလည် ရင်လည်း ရှုတင်တွေဘာတွေနဲ့ အစ်မကအမြဲတမ်း အလုပ်ရှုပ် နေတာ။ ဒါပေမဲ့ ကိုယ်သရုပ်ဆောင်လုပ်တဲ့ အချိန်ကျတော့ မမက မလုပ်တော့ဘူး။သူကအိမ်ထောင်ကျပြီး နိုင်ငံခြား ထွက်သွားတဲ့ အချိန်နဲ့တိုးတာပေါ့။ သူနဲ့တော့ဇာတ်ကား တွေမရိုက် ကူးဖြစ်လိုက်ရဘူး။ မမက တော့လူအများနဲ့ ပေါင်းသင်းဆက်ဆံတာလေးတွေ ပြောပြ တယ်။ ကြီးကြီးက ကျတော့ မိတ်ကပ်နဲ့ ပတ်သက်တာ တွေ ပြောပြတယ်။ မိတ်ကပ်ဆိုရင်ဘယ်လိုမျိုးကမလိုက်ဘူး။ ဘယ်လိုမျိုးကလိုက် တယ်။ ကြီးကြီးနဲ့ကျတော့ ကားရိုက် ကခဏခဏဆုံတယ်။ ဆုံတဲ့ အခါကျတော့ ကြီးကြီးက အမြဲ တမ်းဆူတယ်။ ဆူလည်း ဆူတယ်။ သင်လည်းသင်တယ်။ အခုထိလည်း ဆူတုန်းသင်တုန်းပဲ။ ကြီးကြီး ဆီကနေ အတုယူမယ်ဆိုရင်တော့ အတုယူစရာတွေက အများ ကြီးပါ ပဲ။ သူတို့ဈာန်ဝင်စားတာနဲ့ ကိုယ်တွေ ဈာန်ဝင်စားတာက တအားကို ကွာခြားတယ်။ သူတို့ဆိုရင် ကာရိုက်တာတစ်ခုခုကို ဈာန်ဝင်စားပြီဆိုရင် တခြားဘာမှမသိတော့ဘူး။ ကိုယ်တွေကျတော့ ရိုက်နေတဲ့အချိန်ပဲရိုက်ကူး ပြီးသွားရင် ဟီးဟီးဟားဟား ပြန်ဖြစ်သွားရော။ ကြီးကြီးနဲ့အတူဆုံတဲ့ ရိုက်ကွင်းဆိုရင် အမြဲတမ်းအဆူခံရ တယ်။ အဲဒီလိုမျိုးမလုပ်ရဘူးပေါ့နော်။ အလုပ်အပေါ်မှာစိတ်ပါဝင်စားမှု အမြဲတမ်းအပြည့်အဝထားရမယ်။ အများကြီးသင်ပေးပါတယ်” လို့ပြောပြပါတယ်။

ဒေါ်ခင်လေးဆွေနဲ့ စမိုင်းတို့ရဲ့ မျိုးဆက်ဖြစ်နေပေမယ့်လည်း အနုပညာလောကထဲ ဝင်ရတာလွယ် ကူတာမျိုး တော့မရှိဘူးလို့ သူကဆိုပြန်ပါတယ်။

“ကြီးကြီးက ကိုယ့်အားကိုယ် ကိုးစေချင်တယ်။ မမလက်ထက်တုန်းကလည်း ကြီးကြီးကအများကြီးလုပ်ပေးခဲ့တာမျိုးမရှိဘူး။ ဒေါ်ခင်လေးဆွေမြေးလေးဆိုပြီး အဲဒီ့စကားနဲ့ပဲ သူ့ဘာသာသူ ကြိုးစားခဲ့တာပါပဲ။ ကိုယ့်အလှည့်ကျတော့လည်း ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့နော်။ ဒါပေမဲ့ လိုအပ်တာတွေကိုတော့ ဘေးကနေ အမြဲတောက်လျှောက် ပြောပေးတယ်။ ကြီးကြီး တို့၊ မမတို့ ကိုတော့ ဘယ်လိုမှလည်း မမီနိုင်ပါဘူး။ ကြီးကြီးကကျတော့လည်း တအား ကိုအောင်မြင်ခဲ့တာကိုး။ မမစမိုင်းဆိုရင်လည်း ဒီလိုပဲလေ။ မမကအခုဆိုရင် တစ်ကျော့ပြန်တောင် ရိုက်ကူးမယ်လို့ လုပ်နေပြီလေ။ အဲဒီတော့ သူတို့ကို မီဖို့ ကတော့ မလွယ်ပါဘူး။ ကိုယ်လည်းကိုယ်တတ်နိုင်သလောက်လေးတော့ ကြိုးတော့ကြိုးစားတာပေါ့လေ” လို့ဧကရီစုစံကပြောပြပါတယ်။လက်ရှိမှာတော့ဧကရီစုစံကထုတ်လုပ်ရေး တစ်ခုနဲ့ စာချုပ် ချုပ်ဆိုထားတာ ပြီးစီးသွားခဲ့ပြီဖြစ်တဲ့ အတွက် တခြား ထုတ် လုပ်ရေးတွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေပြီလို့ လည်း သိရပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071