လတ်တလောမှာ ပြေတီဦးက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့’ကျူးကျူးကျော်ကျော်’ရုပ်ရှင်ဇာတ်ကားကြီးကို နေဒွေး၊ အိချောပို၊ သွန်း ဆက်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ်။ မကြာခင်မှာလည်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးပြီး ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခမ်း၊ ပတ်ထရစ် ရှာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ‘ရာဇဝင်ရိုင်း သူများ’ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအပေါ်မှာ ရင်ခုန်နေကြောင်း ပြေတီဦးက “ကျွန်တော်ဒီဇာတ် ကားလေးကို အရမ်းရင်ခုန်နေပါတယ်။ အိုက်တင်လည်း သေချာလုပ်ထား ကြတယ်။ ကြိုးလည်း ကြိုးစားထားကြတယ်။ ပရိသတ်တွေလည်း အကြိုက် တွေ့မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ပြေတီဦးကို သူတို့အနုပညာလောကအပေါ် အမြင်နဲ့ပတ်သက်ပြီး မေးကြည့်တော့ “ကျွန်တော့်အမြင်ပြောရရင် အနုပညာလောကက မင်းသား တစ်ယောက်တည်း ရပ်တည်လို့ရတဲ့ လောကမျိုးမဟုတ်ဘူး။ မင်းသားတွေ အများကြီးရှင်သန်နေမှ၊ ပရိသတ်တွေ အင်တိုက်အားတိုက် အားပေးမှ ကျွန်တော်တို့ အနုပညာလောကကြီးက ရှင်သန်မယ်။ သူ့ကိုလည်း ကိုယ်ပံ့ပိုး၊ ကိုယ့်ကိုလည်း သူပံ့ပိုး၊ ဒီလိုမျိုးချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့မှ ကျွန်တ်ာတို့လောကကြီးက ရှင်သန်နေမှာပါ” လို့ ပြောပါတယ်။
တွယ်တာ