Monday, June 16, 2025

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...

မြန်မာ့လယ်ယာနည်းပညာကုန်စည်ပြပွဲရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၅ မြန်မာ့စိုက်ပျိုးရေးကုန်စည်ပြပွဲ Agri-Tech Myanmar 2025 ကို ဇွန်လ ၂၇ ရက် နေ့မှ ၂၉ ရက်...
HomeCelebrities' Newsအနုပညာအလုပ်ကို ဝါသနာပါပြီး အားပေးတဲ့သူမျိုးကိုပဲချစ်သူအဖြစ်...

အနုပညာအလုပ်ကို ဝါသနာပါပြီး အားပေးတဲ့သူမျိုးကိုပဲချစ်သူအဖြစ် ရွေးချယ်မယ်ပိုးကြာဖြူခင်

‘ဝင်္ကပါစံအိမ်’၊ ‘မမထိပ်နဲ့ အ မွှေစံအိမ်’၊ ‘ဥယျာဉ်မှူးဖြစ်ဖူးချင် တယ်’ဇာတ်လမ်းတွဲများနဲ့ ပရိသတ် တွေ သတိထားမိလာတဲ့ သရုပ် ဆောင်ပိုးကြာဖြူခင်က သူ့ရဲ့ စတုတ္တ မြောက်ဇာတ်လမ်းတွဲဖြစ်တဲ့ ‘မိုး ကောင်းကင်အိပ်မက်’ ဇာတ်လမ်းတွဲ မှာတော့ ဆိုင်းမိုင်အဖြစ်နဲ့ ပရိသတ် အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ အ ရင်ဇာတ်လမ်းတွဲတွေထက် ပရိသတ် ရဲ့ အားပေးမှုပိုမိုရရှိခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာလို့နေပါတယ်။ အထူးသဖြင့် နယ်ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို ရရှိခဲ့တာပါ။ နယ်ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ပတ်သက်ပြီး ပိုးကြာဖြူခင်က …

”ဒီဇာတ်လမ်းတွဲ လွှင့်နေတဲ့အ ချိန်မှာ ပရိသတ်ရဲ့အားပေးမှုက တ အားကြမ်းတယ်လို့ ပြောရမှာပေါ့။ မျှော်လင့်ထားတာထက်ကို ပိုပြီး ပရိ သတ်တွေ အားပေးကြတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ် လောက်က ညီမမန္တလေးကို သွား တယ်။ မြင်းခြံဘက်တွေကို သွား တယ်။ ရန်ကုန်က ပရိသတ် တွေထက် ပိုပြီး အားပေးကြတယ်။ တွေ့တာနဲ့ကို ဇာတ်လမ်းထဲမှာ စီးမျောပြီးတော့ ကိုယ့်ကို တွေ့တာနဲ့ ဆွဲပြီးပြောကြ တယ်။ ည ၇ နာရီထိုးရင် နင်ငါတို့ကို အရမ်းဒုက္ခပေးတယ်၊ ငါတို့မှာထမင်း တောင် မစားနိုင်ဘူး၊ ကိုယ့် ယော က်ျားကိုလည်း ကိုယ်မကြည့်နိုင်ဘူး၊ ကလေးလည်း မကြည့်နိုင်ဘူးတဲ့။ ဒီဇာတ်လမ်းတွဲထဲမှာ စိတ်ဝင်စားမှု တော်တော်ကြီး ရောက်ပြီးတော့ သောကများရတယ်။ အဲဒီလောက် ထိကို စီးမျောသွားကြတယ်။ ကိုယ် ကိုယ်တိုင် နယ်ဘက်တွေ ရောက်တဲ့ အချိန်မှာ သူတို့ပြောတဲ့စကားတွေကို အနီးကပ်ကြားခဲ့ရတာပါ။ ပီတိဖြစ်ရ ပါတယ်”လို့ပြောပါတယ်။ ပိုးကြာဖြူ ခင်ကိုအပြင်မှာ ရဲသွေးအဖြစ် သရုပ် ဆောင်တဲ့ စည်သူဝင်းနဲ့ ချစ်သူတွေ ဖြစ်နေပြီဆိုပြီး ပရိသတ်တွေက ထင် မြင်နေကြပါတယ်။ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြခဲ့တဲ့ ပိုးကြာဖြူခင်က …

”အခုကျတော့ ရဲသွေးနဲ့တင် မဟုတ်ဘူး။ ကာရန်ဟိန်းနဲ့ပါ ပေး စားနေကြတယ်။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလားမသိဘူး။ ဒီဇာတ် လမ်း တွဲလွှင့်နေတဲ့ အချိန်မှာ Wedding ကာလ ဖြစ်နေတော့ Wedding Show လျှောက်လည်း အတူ တူပဲ။ သတို့ သား၊ သတို့သမီး ဓာတ်ပုံ ဆိုင်ရိုက် လည်း အတူ တူပဲ။ အဆိုးဆုံး က ပြက္ခဒိန် တွေက သူတို့နဲ့တွဲ တွဲပြီး ရိုက်ရတဲ့ အခါကျတော့ ပရိသတ်တွေ က သူကရဲသွေးနဲ့ တွဲနေတာလား၊ ကာ ရန်ဟိန်းနဲ့ တွဲနေတာလားဆိုပြီး ထင် ကြတယ်။ မိုးပန်းပွင့်ရဲ့သင်္ကေတ ပရက်ရှိုးကို သွားလိုက်တဲ့အခါကျ တော့လည်း ရဲသွေးနဲ့က အတွဲလိုက် ကြီးလို ဖြစ်သွားတယ်။ သူတို့က ပွဲ တောင်အတူတူတက်နေပြီလား၊ ဓာတ်ပုံတွေလည်း အမြဲတမ်းအတူတူ ရိုက်တယ်ဆိုပြီး ပြောကြတာပေါ့။ အမှန်ကPersonal အရ သီးသန့် ကြီးတွေ့တာ မဟုတ်ဘဲနဲ့ အလုပ်နဲ့ ပတ်သက်လို့ တိုက်ဆိုင် သွားတာပါ။ ဇာတ်လမ်းထဲမှာ ဆိုင်းမိုင်က ရဲသွေး ကိုချစ် တာပေါ့။ အပြင်မှာသာ ရဲသွေး နဲ့ ကာရန်ဟိန်း ကိုယ့်နားမှာ နှစ် ယောက် ရှိနေ ကြေး ဆိုရင် ညီမဘယ် သူ့ကိုမှ မ ကြိုက် ဘူး။ ကိုယ့်ကို တအား လာချစ်ပြတာကို မကြိုက်ဘူး။ အချစ် မခံနိုင်ဘူး။ အာရုံ နောက်တယ်။ ချစ် ပြီဆို ရင်နောက်ဆက်တွဲမှာ ဘာ တွေပါလာမလဲဆိုရင် သဝန် တိုတာတို့၊ ဟို လူနဲ့ မရိုက် ရဘူးတို့၊ စာမပို့ဘူး၊ ဖုန်း မဆက်ဘူး၊ အချိန် မပေးဘူးတို့ လာတော့ မယ်။ အဲဒါမျိုးတွေမခံ နိုင်ဘူး” လို့ ပြောပါတယ်။


ပိုးကြာဖြူခင်က အနုပညာအ လုပ်တွေကို လုပ်နေရတာဖြစ်တဲ့ အ တွက် အချစ်ရေး အ တွက်အချိန်မပေး နိုင်သေးပါဘူး။ အခု လက်ရှိမှာ ချစ် သူမရှိပါဘူးဆိုတဲ့ ပိုးကြာဖြူခင်က သူရွေးချယ်မယ့် ချစ်သူပုံစံနဲ့ ပတ်သက်ပြီး ”ညီမက အနုပညာသမားဖြစ် တဲ့အတွက် သူကိုယ်တိုင်က ဒီအလုပ်ကို ဝါသနာပါပြီး အားပေးမှ ဖြစ်မယ်။ သဝန်တိုပြီး ဒီအလုပ်ကို ဆက် မလုပ်ရဘူး အဲဒီလိုမျိုးတွေ မကြိုက် ဘူး။ အချိန်မပေးနိုင်တဲ့အပေါ်မှာ လည်း ပွစိပွစိသိပ်မလုပ်တတ်တဲ့ လူ မျိုး။ လူကြီးဆန်တဲ့ပုံစံမျိုး။ အခုထိ တော့ မတွေ့သေးပါဘူး” လို့ ပြော ပြခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ ဟောင်ကောင်သို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ယင်းဖြစ်ရပ်ကို တို-က်ရို-က်သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ အလားတူ ဘိုးရင်းအမျိုးအစားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်တွင် ပျ-က်ကျခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာမက်ဒါဘတ်ဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါ လူ ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ခဲ့သည်။တနင်္လာနေ့တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့သော အဲရ်အိန္ဒိယ၏ ဒရင်းမ်လိုင်နာလေယာဉ် ခရီးစဉ်အမှတ်...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ ဦးစီးဌာန (ရန်ကုန်)က အသိပေးထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ကာ လာမည့် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့လည်းကောင်း၊ လာမည့် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အတွင်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း ဆိုသည်။ ထိုသို့‌သော အခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေဖြင့် ယနေ့မှစ၍...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆို လိုက်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလာလားရှိသော စစ်ဖက်လက်နက်တို-က်များတွင်ရှိနေကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။ တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071