Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeCelebrities' Newsအနုပညာသက်တမ်း ၁ဝနှစ်အတွင်းမှာ...

အနုပညာသက်တမ်း ၁ဝနှစ်အတွင်းမှာ ကြိုးစားပြီး ရုန်းကန်နေရဆဲပါပဲ ဟန်လေး

လတ်တလောမှာ သရုပ်ဆောင် ဟန်လေးက ‘ချူဆီ’ ရုပ်ရှင်ဇာတ် ကားထဲမှာ ပါဝင်သရုပ်ဆောင်ထား ပြီး သူ့အနေနဲ့ ဇာတ်ကားရိုက် ကူးမှု ကျဲချင်ကျဲပါစေ၊ ကာရိုက်တာ တစ်ခု အနေနဲ့ သရုပ်ဆောင်ဖို့ နေရာရမှပဲ လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပါ တယ်။ အနုပညာကို ချစ်မြတ်နိုး သူ တစ်ဦးဖြစ်တဲ့ ဟန်လေးက အနုပညာ က သူ့ရဲ့ဘဝပဲ ဖြစ်ကြောင်းကို …

“ညီမက ကျောင်းပြီးသွားက တည်းက ရွေးချယ်ခဲ့တာက ဒီအနု ပညာအလုပ်ပါ။ ကိုယ်တကယ်တမ်း ဒီအလုပ်နဲ့လည်း ဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ ငါဘာလုပ်မလဲလို့ ကိုယ့် ကိုယ်ကိုယ် ပြန်စဉ်းစားတဲ့အခါ ငယ် ငယ်ကတည်းက အနုပညာဆိုတာ ဘာမှန်းမသိဘူး။ ဒါပေမဲ့ အနုပညာ ဆိုတာကြီးက ကိုယ့်စိတ်ထဲမှာ ရှိ နေတယ်။ တကယ်တမ်း ကျောင်းပြီး လို့ အနုပညာအလုပ်ကို ရွေးချယ်ဖြစ် သွားတယ်။ Studio 35 ကနေ သရုပ်ဆောင် သင်တန်းခေါ်တယ်။ သရုပ်ဆောင်အဖြစ် သင်တန်းတက် တယ်။ ပင်လယ်ထက်ကနေဝန်းနီ ရုပ်ရှင်ဇာတ်ကားကြီးကို ခေါင်းဆောင် အဖြစ် ရိုက်ကူးခဲ့ရတယ်။ ကိုယ် တကယ်ကို ရွေးချယ်လိုက်တာက ဘဝ ဖြစ်သွားတယ်။

ညီမရဲ့မှတ်ပုံတင်မှာ တောင် အနုပညာလို့ပဲ ရေးထားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနုပညာနဲ့ပဲ အသက်ဆက်သွားမယ်။ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ရတဲ့နေရာ က ဝင်လုပ် တယ်။ ရအောင်လည်း လုပ်တယ်။ ဒီ အနုပညာက ညီမရဲ့ ဘဝပါပဲ” လို့ ဆို ပါတယ်။  အခုဆိုရင် အနုပညာသက်တမ်း ၁ဝနှစ်အတွင်း ရောက်ရှိနေပြီး ဒီ ကာလအတွင်းမှာ အနုပညာလောက ထဲမှာ ကြိုးစားပြီး ရုန်းကန်နေရဆဲ ဖြစ်ကြောင်းကို ဟန်လေးက.. .

ဘဝအစကတည်းက ခက်ခက် ခဲခဲပါ။ ညီမတို့က နယ်ကလာတဲ့ လူ တွေလေ။ ရန်ကုန်မှာနေဖို့က အခက် အခဲပဲ။ အခုဆိုရင် ၁ဝနှစ်ဆိုတဲ့ အတိုင်းအတာ တစ်ခုထိရောက် သွား ပြီ။ ဒီ ၁ဝ နှစ် အတွင်းမှာလည်း ဒီလို ပဲ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ရုန်း ကန်နေတာ။ ဘာဖြစ်ချင်လဲဆို တော့ အနုပညာသမားတစ်ယောက် ဖြစ်ချင် တာ။ သရုပ်ဆောင်ကောင်း တစ် ယောက် ဖြစ်ချင်တာ။ အဲဒီစိတ် တစ်ခု တည်းနဲ့ပဲ ငါအနုပညာ အလုပ်လုပ်ရ မယ်။ အိမ်ကလည်း ဒီStudio 35 က ၅နှစ် စာချုပ်ချုပ်တဲ့အခါမှာ ဒီ ၅နှစ် စာချုပ်အတွင်းလုပ် ဖြစ်အောင် လုပ်။ မလုပ်နိုင်ရင် အိမ်ပြန်လာ။ မရ ဘူး ဒီဟာပဲလုပ်တော့မယ်။ ကျန်တာ လည်း လုပ်ချင်စိတ်မရှိဘူး။ လုပ်လို့ လည်း မရဘူး။ ရှုတင်ဆိုရင် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ အနုပညာနဲ့ ပတ်သက် ပြီး ရအောင်သင်ယူတယ်။ ကျန်တဲ့ အလုပ်ဆိုရင် စိတ်ဝင်စားတာ မှန် တယ်။ တကယ်တမ်း လုပ်မလားဆို လုပ်လို့မရဘူး။ ကိုယ် လုပ်မယ်လို့ စိတ်တွေက ယိုင်သွားလိမ့်မယ်ဆိုရင် ငါဇာတ်ကား ရိုက်တော့မယ်ဆိုပြီး အဲဒီလိုမျိုးနဲ့ ကြိုးစားနေဆဲပါ” လို့ လို့ပြောပါတယ်။ ဟန်လေးက ရုပ်ရှင်ဇာတ်ကား ကြီးတွေများစွာလည်း ပါဝင်သရုပ် ဆောင် ရိုက်ကူးထားတာမို့  ပရိသတ် တွေအနေနဲ့ ကာရိုက်တာမျိုးစုံ မြင် တွေ့ရမှာဖြစ်ပြီး ကိုယ့်ကိုယ် ရွေးချယ် တဲ့ ကာရိုက်တာအတိုင်း သရုပ် ဆောင်ရတဲ့အတွက် ပရိသတ်တွေ အနေနဲ့ နားလည်ပြီး ကြည့်ရှုပေးစေလို ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင် 

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071