Friday, May 23, 2025

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...
HomeCelebrities' Newsအနုပညာကို အသက်လောက် တန်ဖိုးထားပြီး...

အနုပညာကို အသက်လောက် တန်ဖိုးထားပြီး လုပ်နေတယ်ဆိုတဲ့သရုပ်ဆောင်ညီနန္ဒ

ညီနန္ဒရဲ့ အနုပညာသက်တမ်းက ၂၄ နှစ်ရှိနေပါပြီ။ သူ့မှာချစ်စရာ တအား ကောင်းတဲ့ သမီးလေး စနိုးဖြူစင် တစ်ယောက်ကိုလည်း လက်ရှိမှာ ပိုင်ဆိုင် ထားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူအနုပညာ လောကထဲကနေ ခဏပျောက် သွားခဲ့ပါသေးတယ်။ ပြန်ပေါ်လာ တော့ နေရယ်၊ လရယ်၊ အမှန် တရားရယ် -၂ ရုပ်သံဇာတ် လမ်းတွဲရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ဖို့ ရောက်လာတဲ့ အချိန်ဖြစ်တယ်။ သူပြန်ပေါ် လာတဲ့ အချိန်မှာတော့ သူ့မှာ ငွေကြေး အခက် အခဲနဲ့ အြေ<ွကးကိစ္စတွေ၊ လူမှုရေးကိစ္စပြဿနာတွေ အများကြီး ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတွေ၊ လောင်း ကစားလုပ်မိလို့ ဘဝပျက် ခဲ့ရတဲ့ အကြောင်းတွေကို မီဒီယာတွေရဲ့ စာမျက်နှာ ထက်မှာ မြ>ွခင်းမချန်ဘဲ ဖွင့်ဟခဲ့တယ်။ အဲဒီလိုနဲ့ပဲ သူ့ကို ချစ်မြတ်နိုးခင်တွယ်ကြ တဲ့၊ လက်ကမ်း ဖေးမကူခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ အားပေး စကား၊ တွန်းအားတွေနဲ့အတူ အနုပညာလျှောက်လမ်းထက်မှာ ညီနန္ဒဆိုပြီးတော့ ပြန်လည် ဦးမော့ လာနေပါပြီ။

ညီနန္ဒသရုပ်ဆောင်ထားတဲ့ နေ ရယ် လရယ် အမှန်တရားရယ်-၂ ဇာတ်လမ်းတွဲကတော့ မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားမှာ ပြသနေပြီ ဖြစ် ပါတယ်။ အဲဒီဇာတ်လမ်းတွဲ ပထမ ပိုင်းကတည်းက ညီနန္ဒက ခရိုနီကြီး တစ်ဦးနေရာကနေ သရုပ်ဆောင် ပီပြင်ခဲ့သူ ဖြစ်ပါတယ်။ အခုဇာတ် လမ်းတွဲက အဆက်ဖြစ်ပါတယ်။ ခရို နီဇာတ်ရုပ်နေရာကပါပဲ။ အခုတစ် ခေါက် ရိုက်ကူးတဲ့ ဒုတိယတွဲကိုတော့ ပထမတွဲတုန်းကထက် ပိုအားရခဲ့တယ် လို့ ညီနန္ဒက ပွင့်ပွင့်လင်းလင်းပြော ပြတယ်။ “ပထမတွဲနဲ့ အခု ဒုတိယတွဲ သရုပ်ဆောင်မှုတွေကတော့ ကွာခြား တယ်။ ဘာလို့လဲဆိုတော့ ပထမတွဲ တုန်းက ဒုတိယတွဲတုန်းကလောက် အားမရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ခံယူချက်ပေါ့။ ကျွန်တော်ပထမတွဲ ရိုက်ကူးတုန်းက အခုလောက်ကြီး လေးလေးစားစားနဲ့ တန်ဖိုးမထား ခဲ့ဘူးဆိုတာ ကျွန်တော်ဝန်ခံတယ်။ အခု ဒုတိယတွဲကို တအားအားရ တယ်။ လေးလေးစားစားနဲ့ တန်ဖိုး ထားလုပ်ကိုင်ခဲ့တယ်။ ဘာလို့လဲဆို တော့ ပထမတွဲရိုက်ကူးတဲ့ အချိန် တုန်းက အလုပ်က လုပ်တော့ လုပ် နေပေမယ့် အခုလောက်ကြီး လေး လေးစားစားနဲ့ တန်ဖိုးထားပြီး အလုပ် မလုပ်ခဲ့တာ သေချာတယ်။ ကြားထဲ မှာ ကျွန်တော့်ရဲ့ဘဝ အပြောင်းအလဲ တွေရှိခဲ့တယ်။ ၃ နှစ်လောက်ပေါ့။ အခုအနုပညာနဲ့ပတ်သက်ပြီး အခွင့် အရေးပြန်ရတဲ့အချိန်မှာ ကျွန်တော့် အသက်လောက် တန်ဖိုးထားပြီးတော့ ကို လုပ်နေတာဖြစ်ပါတယ်။ အခု အလုပ်ပြန်လုပ်ရတာ ပျော်ရွှင်လာ တယ်။ တကယ်ကို အားရကျေနပ်မိ လာတယ်ဗျာ” လို့ ညီနန္ဒက ပြောပြ ပေးတယ်။ ညီနန္ဒက သူအနုပညာ အလုပ်တွေ ပြန်လုပ်လာတဲ့ အချိန်မှာ လည်း အားပေးတဲ့ ပရိသတ်တွေ ရှိနေသေးတာကို တွေ့ရတဲ့အတွက် တအားကို ဝမ်းသာကြည်နူးမိတယ် လို့ ဆိုတယ်။

“ကျွန်တော့်ရဲ့ဘဝ တစ်ဆစ်ချိုး မှာ ပရိသတ်တွေရဲ့ အားပေးမှု၊ ဦး အောင်ကိုလတ်၊ အန်တီဂရေ့စ် (ဆွေ ဇင်ထိုက်)တို့ရဲ့ အားပေးမှုတွေကြောင့် ကျွန်တော် ဆက်လက်ရှင်သန်နေပါပြီ။ အရင်ကထက်လည်း ကျွန်တော် အလုပ်အပေါ်တန်ဖိုးထားပြီး ကြိုးစား နေပါပြီ။ ပရိသတ်ကို ကတိပေး ချင်တာ တစ်ခုက ကျွန်တော်သည် ပရိသတ်အပေါ် အမူအရာနဲ့သော် လည်းကောင်း နှုတ်နဲ့သော်လည်း ကောင်း ဘယ်တော့မှ မစော်ကားမိ အောင် ထိန်းသိမ်းကြိုးစားသွားပါ မယ်လို့ ကတိပေးပါတယ်” လို့ ညီနန္ဒ က သူချစ်တဲ့ ပရိသတ်တွေကို တန်ဖိုး ထားတဲ့အကြောင်း ပြောပြသွားခဲ့ပါ တယ်။

ထက်လူ

Ads Space Available


Continue reading

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅ ဦး ပျေ-ာက်ဆုံးနေသေး

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် နောက်ထပ် စက်ယန္တရားကြီးတစ်စင်းကို အခင်းဖြစ်ရာ၌ ထပ်မံအသုံးပြုခဲ့ပြီး စုစုပေါင်းနှစ်စီးဖြင့် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုခဲ့သော်လည်း အဆိုပါဒေသသည် ဆက်သွယ်ရေးစနစ်အလွန်ညံ့ဖျင်းသဖြင့် ကယ်ဆယ်ရေးသမားများထံ သတင်းရောက်ရန် ကြန့်ကြာခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှအကြီးအကဲက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချန်ရှီမြို့မြေပြိုမှုကြာင့် လူနှစ်ဦးပိ-တ်မိနေခဲ့ကာ ဂါဝါမြို့မြေပြိုမှုကြောင့် လူ ၁၉ ဦးပိ-တ်မိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကြာသပတေးညကိုးနာရီအထိ အဆိုပါမြို့နှစ်မြို့ရှိ ပိ-တ်မိနေသူများအနက် ချန်ရှီ၌‌ေ-သဆုံးသူနှစ်ဦးနှင့်ဂါဝါ၌‌ေ-သဆုံးသူနှစ်ဦးရှိလာကာ စုစုပေါင်း လေးဦး‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးကြိုတင်ကာကွယ်လျှော့ချရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတော်ကော်မရှင်က ပြင်းထန်သည့်ရေကြီးမှုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ အထူးသဖြင့် မြေပြိုမှုများအတွက် အဆင့် ၄ ရှိသည့် ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုတစ်ရပ်ကိုလည်းစတင်ခဲ့သည်။ အဆိုပါကော်မရှင်သည် ရေဘေးသင့်ဒေသများသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ကိုစေလွှတ်ထားပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက ‌ေ-သဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ အထက်တန်းကျောင်းသူသည် မိခင်ဖြစ်သူနှင့် နေထိုင်သူဖြစ်ပြီး မတ် (၁၉)ရက်၊ နံနက်ပိုင်းက အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မိခင်ဖြစ်သူ အပြင်သွားနေစဉ် အဓမ္မပြုကျင့် သ-တ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ‌ေ-သဆုံးသူ၏ နေအိမ်နှင့် ကျောချင်းကပ် နေထိုင်သည့် အိမ်နီးချင်း အမျိုးသားကို မင်္သကာမှုဖြင့် ရဲတပ်ဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071