အွန်လိုင်းလောင်းကစား ကြေညာများ လက်ခံကြေညာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူနိုင်ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင်သတင်းစာက တဆင့် အသိပေးထားသ ည်။
လက်ရှိ Facebook လူမှုကွန်ရက်စာမျက်နှင့် နှင့် တယ်လီဂ ရမ် ချန်နယ်များတွင် အွန်လိုင်းလောင်း ကစားကြေညာများကြေညာနေမှုများကို အများပြားတွေ့ရှိနေရကြောင်း ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“အခုဆို အွန်လိုင်းကတင်မဟုတ်ဘူး ဂိမ်းပေါင်း (၅၀၀) ကြေ ညာတွေကို Mobile ဖုန်းတွေထိပါ SMS ပေးပို့တဲ့ထိကို ဆိုးနေပြီ ၊ လိုင်းပေါ်မှာက ကြေညာတွေ တွေ့မှာပါ”လို့ ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ဆိုက်ဘာလုံခြုံရေး ဥပဒေကို ၂၀၂၅ ခုနှစ် က ပြဌာန်းထားပြီး မည်သူမဆို အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် (၆)လမှ တစ်နှစ်၊ငွေဒဏ် ကျပ်သိန်း(၅၀)မှ အများဆုံး ကျပ်သိန်း(၂၀၀)ထိ ချ မှတ်မည်ဟု ထည့်သွင်းပြဌာန်းထားသည်။
ထို့ပြင် အင်တာနက်ပေါ်တွင် သတင်းတုသတင်းမှားများ လွှ င့်တင်ခြင်း၊ မြန်မာရိုးရာယဉ်ကျေးမှု နှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာ မှတ်တမ်းပုံများ၊ ဗီဒီယိုများကို ဖြန့်ဝေခြင်း နှင့် အခကြေးငွေဖြင့် ရောင်းချခြင်းသည်လည်း အရေးယူခံရနိုင်ကြောင်း အသိပေးထားသည်။
မည်သူမဆဆို အများပြည်သူကြည့်ရူရန် မသင့်လျော်သည့် သတင်းအချက်အလက်များကို အီလက်ထရောနစ်နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြ စ်ကြောင်း ဆိုက်ဘာလုံခြုံရေး ဥပဒေတွင် ပြဌာန်းထားသ ည်။
