အမျိုးသမီး ၃၆ ဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်သည်ဟု သံသယရှိသော အင်ဒိုနီးရှားနိုင်ငံသား ၁၀၆ ဦးကို ကမ္ဘောဒီးယားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အွန်လိုင်းလိမ်လည်မှုများ တို-က်ဖျ-က်ရေး Ad-Hoc ကော်မတီက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖနွမ်ပင်မြို့ Tuol Kork ခရိုင်ရှိ အဆောက်အအုံတစ်လုံးကို သောကြာနေ့က ဝင်ရောက်စီးနင်းကာ သံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ စီးနင်းမှုအတွင်း တယ်လီဖုန်းဒါဇင်များစွာနှင့် ကွန်ပျူတာများအပြင် ကားနှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှု တို-က်ဖျ-က်ရေးစီမံချက်ဖြင့် တစ်နိုင်ငံလုံးရှိအာဏာပိုင်များသည် အွန်လိုင်းအလိမ်အညာများတွင်ပါဝင်သည့် ကြိုးကိုင်သူအားလုံးကို တရားဥပဒေအရခြွင်းချက်မရှိ ပြင်းပြင်းထန်ထန်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ လူမှုဘဝတည်ငြိမ်ရေးတို့ကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုက်ဘာလိမ်လည်မှုကွန်ရက်များကို မကြုံစဖူး ဖြိုခွင်းရေးစီမံချက်လုပ်ဆောင်နေသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေး ကော်မတီ၏အဆိုအရ ပြီးခဲ့သည့်လေးလအတွင်း နိုင်ငံပေါင်း ၂၀ မှ နိုင်ငံသား ၃,၄၀၀ ကျော်ကို အွန်လိုင်းလိမ်လည်မှု သံသယဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Ref: ရှင်းဟွာ
