အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့ နိုဝင်ဘာ ၁၈ ရက်ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ နိုဝင်ဘာ ၁၈ ရက်က ရွှေကုက္ကိုလ်နယ်မြေအ တွင်း ရှင်းလင်းဖော်ထုတ်မှုများပြုလုပ်ရာ ခွင့်ပြုချက် မရှိဘဲဆောက်လုပ်ထားသည့် အဆောက်အဦ(၃)ခုအ တွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား(၃၄၆)ဦး(စီစစ်ဆဲ)နှင့် အွန်လိုင်း လိမ်လည်မှုများကျူးလွန်ရာတွင်အ သုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုဖမ်း ဆီးရရှိခဲ့သဖြင့် ဆက်လက်ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် KK Park နယ်မြေအား ရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း လုံ ခြုံရေးအဖွဲ့ဝင်များဖြင့် အပြည့်အဝလုံခြုံရေးရယူပြီး ဆက်လက် ဖော်ထုတ်ရှင်းလင်းသွားမည်ဖြစ်ကာ အွန်လိုင်း လိမ်လည်မှုများကိုဖော်ထုတ်တွေ့ရှိပါက ထိရောက်စွာအရေးယူအမြစ်ပြတ်နှိမ်နင်းချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်း လိမ်လည်မှုကျူးလွန်သူများသည် မြန်မာနိုင် ငံအတွင်း နယ်မြေဒေသမတည်ငြိမ်မှုကြောင့် တရားဥပ ဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူ များ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့် သတ်ချက်များရှိသည့်ဒေသများ၌ အခွင့်ကောင်းရယူ၍ ဒုစရိုက်လုပ်ငန်းများကျူးလွန်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြဝတီ-မယ်ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခက်နယ်မြေတို့သည် KNLA ၊ KNU ကရင်လက်နက်ကိုင်အဖွဲ့များနှင့် PDF အ ဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက် နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်များလှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများသည် ၎င်းတို့နှင့်ဆက်စပ်ကာ အခြေခံအ ဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်း နေရာများ၌ လူနေထိုင်နိုင်ရန်လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အခြားအခြေခံအ ချက်အလက်များကိုလည်း တစ်ဖက်နိုင်ငံမှရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
