Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalအွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း...

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း ၃၀၀ ကျော်ကို သိမ်းဆည်းကာ လူ ၄၂ ဦးကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံသည် ဒေသတွင်း အလိမ်အညာကွန်ရက်များကို ပြင်းထန်စွာနှိမ်နင်းနေရာ ဒေသတွင်း အဓိကစွမ်းအင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများအပါအဝင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး လူ ၄၂ ဦးကို ဖမ်းဝရမ်းများထုတ်ခဲ့ကြောင်း အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
           
သိမ်းဆည်းမှုများနှင့် ဖမ်းဝရမ်းများတွင် အမေရိက၏ ဒ-ဏ်ခတ်ပိတ်ဆို့ခံထားရသော Prince Group ကို ဦးဆောင်သည့် တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ချန်ရှီနှင့်နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း အာဏာပိုင်များက ပြောကြားထားသည့် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်သော ကော့ခ်အန်နှင့် ယင်လိခ်တို့ ပါဝင်ခဲ့သည်။
        
ယခုကိစ္စနှင့် ပတ်သက်၍ မေးမြန်းသောအခါ Prince Group က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်းမရှိသကဲ့သို့ အမေရိက၏ တရားစွဲဆိုခြင်းကိုလည်း ခံထားရသော ချန်ကိုလည်း ဆက်သွယ်၍ မရခဲ့ပေ။ ပြီးခဲ့သည့်လအတွင်းက Prince Group က ပြောကြားရာတွင်မူ ကုမ္ပဏီသည်လည်းကောင်း၊ ချန်သည်လည်းကောင်း တရားမဝင်လုပ်ငန်းများတွင် ဆက်စပ်ပတ်သက်ခြင်းမရှိဟု ငြင်ဆိုခဲ့သည်။
          
အမေရိကန်ဒေါ်လာ ၃၁၈ သန်းတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို မိမိတို့ သိမ်ဆည်းခဲ့ပြီး လူပုဂ္ဂိုလ် ၄၂ ဦးကို ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို ဒုတိယကော်မရှင်နာ မင်းကြီးဆော့ဖွန်း ဆာရာဖတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
       
“မနေ့ကအထိ လူ ၂၉ ဦးကို ဖမ်းဆီးထားပါတယ်” ဟု သူကဆိုသည်။
      
သိမ်းဆည်းခဲ့သည့် ပိုင်ဆိုင်မှုများထဲမှ အချို့သည် Prince Group အကြီးအကဲ ချန်နှင့် ပတ်သက်နေသည်။ စုံစမ်းစစ်ဆေးသူများသည် ချန်နှင့် ၎င်း၏ အပေါင်းအပါများနှင့် ဆက်စပ်နေသော အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် ငွေကြေးခဝါချမှုကွန်ရက်များဆိုင်ရာ အချက်အလက်များကို တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တို-က်ဖျ-က်ရေးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ၎င်းတို့က မပေးခဲ့ပေ။
        
ချန် တစ်ယောက် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသကဲ့သို့ ဝရမ်းထုတ်ခံရသူများထဲတွင် ၎င်းပါဝင်သည်၊ မပါဝင်ပါ ဆိုသည်ကိုလည်း လတ်တလောတွင် ရှင်းလင်းစွာ မသိရသေးပေ။

Ref: ချိုင်းနားဒေးလီး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071