Home News Local News အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဗြိတိန်နှင့်ယူအက်စ်က ပိတ်ဆို့အရေးယူ

အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဗြိတိန်နှင့်ယူအက်စ်က ပိတ်ဆို့အရေးယူ

0
154

လူကုန်ကူးခံရသူများကို အသုံးချကာ ကမ္ဘာတစ်ဝန်းရှိလူများကို လိမ်လည်လှည့်ဖြားမှုများလုပ်နေသည့် အကြီးစား အွန်လိုင်းငွေလိမ်စင်တာများကို လုပ်ကိုင်ဆောင်ရွက်နေသော အရှေ့တောင်အာရှဒေသအခြေစိုက် နိုင်ငံစုံကွန်ရက်တစ်ခုကို ဗြိတိန်နှင့် အမေရိကန်ပြည်‌ထောင်စုတို့က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပိတ်ဆို့အရေးယူလိုက်သည်။

ကမ္ဘောဒီးယား၊ မြန်မာနှင့် ဒေသတစ်ဝန်းတွင်တည်ရှိသော အဆိုပါစတင်တာများသည် အတုအယောင်အလုပ်အကိုင်ကြော်ငြာများဖြင့် အလုပ်သမားများကို သွေးဆောင်ခေါ်ယူကြပြီးနောက် နှိပ်စက်ညှင်းပန်းခံရမည်ဟု ၎င်းတို့ကို ခြိမ်းခြောက်ကာ အွန်လိုင်းမှတဆင့် လိမ်ညာလှည့်ဖြားမှုများကို အတင်းအကြပ်ခိုင်းစေကြသည်ဟု ဗြိတိန်အစိုးရက ပြောသည်။

အဆိုပါ အလိမ်အညာများတွင် သားကောင်များကို ဟန်ဆောင်အချစ်ဇာတ်လမ်းများဖြင့် မြှူဆွယ်သိမ်းသွင်းပြီးနောက် ၎င်းတို့ကို အတုအယောင် cryptocurrency ပလက်ဖောင်းများတွင် ပမာဏများစွာ ရင်းနှီးမြှုပ်နှံလာကြစေရန် ဆွဲဆောင်သည်။

“ဒီကြောက်စရာကောင်းတဲ့ ငွေလိမ်စင်တာတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ အယုံလွယ် အသိပညာအားနည်းသူတွေရဲ့ ဘဝတွေကို ဖျ-က်ဆီးပစ်နေပြီး သူတို့ရဲ့ငွေတွေကို လန်ဒန်အိမ်တွေဝယ်ကာ သိမ်းဆည်းကြပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ကွန်ရက်၏ နိုင်ငံဖြ-တ်ကျော် ခြိမ်းခြောက်မှုကြီးထွားလာခြင်းကို တို-က်ဖျ-က်ရန်နှင့် မသန့်ရှင်းသော ငွေများကို မိမိတို့လမ်းများပေါ်မှ ရှင်းထုတ်ရန် ရည်ရွယ်ကြောင်း သူက ပြောကြားခဲ့သည်။

နိုင်ငံဖြ-တ်ကျော် လိမ်လည်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကြောင့် အမေရိကန်နိုင်ငံသားများ သည် ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စန့်က သီးခြားသတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here