Tuesday, May 20, 2025

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂)...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေး အပြီးသတ်လုပ်ငန်းဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ...

ပဋိပက္ခဖြေရှင်းရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်း ဇယ်လင်စကီးအတည်ပြု

ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်းနှင့် ၎င်း၏အမြင်ကို တင်ပြရန် ရုရှားဖက်မှ အဆိုပြုချက်များကို စောင့်မျှော်နေကြောင်း သမ္မတဗလာဒီမီဇယ်လင်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်...
HomeCelebrities' NewsCover News၅၂ နှစ်ပြည့် မွေးနေ့ရှင်...

၅၂ နှစ်ပြည့် မွေးနေ့ရှင် သရုပ်ဆောင်အဆိုတော် စိုးသူအတွက် ထူးထူးခြားခြား မွေးနေ့ဆုတောင်းများ

 

မင်္ဂလာ ဒီဇင်ဘာပါ မိတ်ဆွေ များ။ ဒီတစ်ပတ်မှာတော့ အွန်လိုင်း ပေါ်မှ တွေ့မိတဲ့သတင်းတွေက တော့ Soe Myat Nandar ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျကနေ တက်လာ တဲ့ သရုပ်ဆောင်၊ အဆိုတော် ကိုစိုး သူအတွက် မွေးနေ့ဆုတောင်းဗီဒီယို လေးနဲ့အတူ “သုံးဆယ်/ဆယ့်တစ် /နှစ်ထောင့်ဆယ့်ခွန် ၅၂ နှစ်ပြည့် မွေးနေ့ သက်ရှည်ကျန်းမာစိတ်ချမ်း သာ လိုရာဆန္ဒပြည့်ပါစေဘဘ” ဆိုတဲ့ ဆုတောင်းစကားလေးက ကြား သိရသူအပေါင်းအတွက် ဝမ်းသာ ပျော်ရွှင် ကြည်နူးရပါတယ်။ ပရိသတ် တွေကလည်း ၅၂ နှစ်ပြည့် မွေးနေ့ရှင် ကိုစိုးသူအတွက် Aye Lee က “အရမ်းကြိုက် နှစ်သက်ခဲ့ရတဲ့ မင်းသားပါ၊ သက်ရှည် ကျန်းမာပြီး ဒီထက်မကနုပျိုနိုင်ပါစေ”

 

U Than Chit အကောင့်ပိုင်ရှင် က “၅၂ နှစ်တောင်ရှိ လာပြီ။ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအ ကျိုး၊ အကောင်းအဆိုး၊ လောကဓံ တရား ကို မုန်းတီးနာကြည်း၊ အာဃာ တ စိတ်တွေမထားဘဲ ရှေ့ဆက်ရမည့် ခရီး အေးချမ်းစွာ ဖြတ်သန်းကျော် လွှားနိုင်စေရန် တရားအလုပ်လုပ်၍ နေနိုင်ပါစေ”ဆိုတဲ့ မွေးနေ့ ဆု တောင်းလေးတွေကလည်း မွေးနေ့ ရှင်အတွက် ဝမ်းသာကြည်နူး စေမှာ အမှန်ပါ။ မွေးနေ့ရှင် ကိုစိုးသူ သက် ရှည်ကျန်း မာပြီး ဘာသာ သာသနာ အကျိုး ထမ်းရွက်နိုင်ပါစေ၊ ပရိသတ် တွေမျှော်လင့်နေတဲ့အနုပညာ အလုပ် တွေ ပြန်လုပ် ကိုင်နိုင်ပါစေလို့ ကိုကိုပွကျယ်ကဆုတောင်းပေးပါ တယ်။

နောက်သတင်းတစ်ပုဒ်ကတော့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “နံနက် ခင်းမေး၍ ဇင်ဝိုင်းဖြေသည်
ပီတိထုတ်လုပ်ရေးက ၃၅ဝ ပရီစံနစ် ရပ်ဆိုင်းသွားလို့ ဘယ်သူတွေအကျိုး ရှိလည်း ကျွန်တော်မသိပါ။ အကျိုးမဲ့ သွားသူများကိုတော့ သိပါတယ်။

၁။ လက်ရှိရောင်းအား
တစ်လဆင်ဆာကတ် (၃)သိန်းကျော်
၃ဝဝဝဝဝ x ၁ဝ = ကျပ် ၃ဝ သိန်း
တစ်နှစ်ကျပ်သိန်း ၃၆ဝ နိုင်ငံတော် နစ်နာပါတယ်။

၂။ လက်ရှိရောင်းအား
တစ်လဆင်ဆာကတ် (၃)သိန်းကျော်
၃ဝဝဝဝဝx ၇=ကျပ် ၂၁ သိန်း
တစ်နှစ်ကျပ် ၂၃၂ သိန်းကျော်
ရုပ်ရှင်အစည်းရုံးလောကသားများရဲ့
သာရေးနာရေး၊ ပညာရေးထောက်ပံ့ ငွေနစ်နာပါတယ်။

၃။ ပီတိမှဖြန့်ချီသော ဇာတ်ကား များကို ထုတ်လုပ်ရိုက်ကူးကြတဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ စက်မှုပညာရှင်စတဲ့ လောကသားများ အလုပ်အကိုင် ရပ် ဆိုင်းသွားပါတယ်။

၎။ ပီတိအချပ်များကို ကူးယူခြင်း တာဝန်ယူလုပ်ပေးနေတှဲု့ည်သ ၉ မှာ ရှယ်ယာပါဝင်ကြတဲ့ ရုပ်ရှင်ဗီဒီယို လောကသား ၄ဝဝကျော် ဆုံးရှုံး နစ်နာပါတယ်။

၅။ ပီတိ ၃၅ဝ အချပ်များကို အောက် ခြေမှာဖြန့်ချိရောင်းချပေးနေတဲ့ ပုဂ္ဂိုလ်များနစ်နာပါတယ်။

၆။ ၆ ရက်တာစရိပ်ကို တနင်္ဂနွေ တစ်ရက် ပီတိခွေငှားပြီး ပြန်ဖြည့် တင်းနေရှာတဲ့ ငှားရမ်းလုပ်ငန်းရှင် လေးများနစ်နာပါတယ်။

၇။ ကာယကံရှင်၊ ပီတိထုတ်လုပ်ရေးကြီးစွာနစ်နာပါတယ်။

၈။ အနစ်နာဆုံးကတော့ အရည်အ သွေးကောင်း မြန်မာဗီဒီယိုဇာတ် ကားများကို သက်သာတဲ့ ကျပ် ၃၅ဝ နဲ့ ကြည့်ရှုခွင့်မရတော့တဲ့ ပရိသတ် ကြီးပဲဖြစ်ပါတယ်။” ဆိုတဲ့ စကားလေး ဖတ်ရတော့ မြန်မာဗီဒီယိုဈေးကွက် အကြောင်းသိရတော့ စိတ်မကောင်း ဖြစ်မိရပါတယ်။ အဲဒီပို့စ်အောက်မှာ သရုပ်ဆောင်ဇာဂနာ Maung Thura က “တခြားဘက်က ဆင်ခြင် ကြည့်ရင် ကိုဌေးခရီးသွားတုန်းဖြစ် ရတယ်ဆိုတဲ့အချက်က လက်ခံ နိုင်ဖွယ်မရှိပါဘူး။ ဥက္ကဋ္ဌဆေးရုံ တက်နေတုန်းမို့လို့တို့၊ နယ်ရောက် နေလို့တို့ဆိုတာ မသင့်တော်တဲ့ ဆင်ခြေသက်သက်သာဖြစ်ပါတယ်၊ ကိုဌေးမှာသာ တာဝန်ရှိပါတယ်။ win win ရှာနိုင်အောင်လုပ် စေချင် ပါတယ်” ဆိုတဲ့စကားက အားလုံး အဆင်ပြေပြေဖြစ်သွားပြီး win win ရှာနိုင်ရင် ပိုကောင်းပါတယ်။ ခိုးကူး နှိပ်စက်နေတဲ့ ဗီဒီယိုလောက၊ ဂီတ လောကမှာ ပရိသတ်တွေအတွက် ဈေးသက်သာစွာ ဝယ်နိုင်အောင် ဈေးကွက်တစ်ခု အမြန်ဆုံး ဖော် ဆောင်နိုင်ပါစေလို့ ကိုကို ပွကျယ် ဆုတောင်းနေမိပါတယ်။ နောက်ထပ်ဝမ်းသာစရာ သတင်းတစ်ခုကတော့ အကယ်ဒမီ ဦးကျော် သူ ရုပ်ရှင်အစည်းအရုံးဝင်၊ အမှတ် ၃၂၇၆နဲ့ အသင်းဝင် ဖြစ် လာတာပါ။ ရုပ်ရှင်လောက ကောင်း ကျိုးအတွက် ပူးပေါင်းပါဝင် ဆောင် ရွက်နိုင်ပါစေဦးမောင်ရေ..။ အားလုံးကျန်းမာချမ်းသာကြပါ စေ။

ကိုကိုပွကျယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071