
လတ်တလောမှာတော့ သရုပ် ဆောင်စိုးနန္ဒာကျော်ကခေါင်းဆောင် မင်းသမီးနေရာမှ ပါဝင်ကာဗီဒီယို ဇာတ်ကားများ ရိုက်ကူးလျက်ရှိပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုနဲ့အတူ သီချင်းသစ်များလည်း ထပ်မံဖန်တီး နေတယ်လို့  သိရပါတယ်။’အပြင်းစား နှောင်ကြိုး’ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုလည်း ထွက်ရှိထားတဲ့ သူမ က အွန်လိုင်းကတစ်ဆင့် သီချင်း တစ်ပုဒ်စီ တင်သွားဖို့ လည်းရှိတယ် လို့ သိရပါတယ်။
“ညီမ ဒီလကုန်ဖြစ်ဖြစ် နောက် လ ထဲဖြစ်ဖြစ် အွန်လိုင်းက တစ်ဆင့် တစ်ပုဒ်ချင်း တင်သွားဖို့ ရှိပါတယ်။တစ်လကို တစ်ပုဒ်တင်ဖြစ်မလား၊ မတင် ဖြစ်မလားတော့ မသေချာ ဘူး။ တချို့ပရိသတ်တွေကလည်း သီချင်းမဆိုတော့ဘူးလား ဆိုပြီး မေး ကြတဲ့အတွက် အွန်လိုင်းကနေ သီ ချင်းလေး တစ်ပုဒ်ကို လောလော ဆယ် တင်နိုင်ဖို့ ကြိုးစား နေပါတယ်” လို့ စိုးနန္ဒာကျော်က ပြောပါတယ်။
စိုးနန္ဒာကျော် က အွန်လိုင်း ကတစ်ဆင့်လည်း ပရိသတ်တွေနဲ့ Live စကား ပြောဖြစ် ပြီး ခုလို Live စကားပြောဖြစ်ခြင်းကလည်း အဝေး ကပရိသတ်တွေနဲ့အဆက်အ သွယ်ရ စေတယ်လို့ဆိုပါတယ်။
“အပြင်မှာ ဆုံကြရင်တော့ ပရိသတ်တွေနဲ့ အပြန်အလှန် စကား တွေ ပြောလို့ရတာပေါ့။ တချို့ ကျ တော့လည်း အဝေးက ပရိသတ်တွေ ကျတော့ အွန်လိုင်းက တစ်ဆင့် ကိုယ့်လှုပ်ရှားမှုလေးတွေကို Live အနေနဲ့ ပြောဖြစ်ပါတယ်။ အဲ့ဒီတော့ ပရိသတ်နဲ့လည်း အဆက်မပြတ်တော့ ဘူးပေါ့လို့စိုးနန္ဒာကျော်က ပြောပြပါ တယ်။ နောက်ပိုင်းမှာလည်း ရုပ်ရှင်နဲ့ ဂီတကို မျှပြီးလုပ်ဆောင် ဖြစ်သွား မယ်လို့ ဆိုပါတယ်။
“ညီမက အဓိကကတော့ သရုပ် ဆောင်ပါပဲ။ ဒါပေမဲ့ အဆိုပိုင်းကို လည်း အားလပ်ချိန်တွေမှာ သေချာ အချိန်ပေးပြီး လုပ်သွားမှာပါ။အဲ့ဒီ အတွက်လည်း ပရိသတ်က စောင့် ကြည့်ပြီး အားပေးစေချင်ပါတယ်။ညီမမှာ အမှားတွေရှိခဲ့တယ် ဆိုရင် လည်း မရည်ရွယ်တဲ့ အမှားတွေ ဖြစ်တဲ့အတွက် ခွင့်လွှတ်နားလည် ပေးစေလိုပါတယ်။ ပရိသတ်တွေ ရှိ လို့သာ စိုးနန္ဒာကျော်ဆိုတဲ့ နာမည်လေးနဲ့ ရပ်တည်နေ နိုင်တာပါ” လို့သူမကပြော ပြခဲ့ပါတယ်။
ရဲရဲ
ဓာတ်ပုံ-
အောင်ဇော်မင်း
