တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ ဟောင်ကောင်သို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ယင်းဖြစ်ရပ်ကို တို-က်ရို-က်သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ အလားတူ ဘိုးရင်းအမျိုးအစားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်တွင် ပျ-က်ကျခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာမက်ဒါဘတ်ဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါ လူ ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ခဲ့သည်။
တနင်္လာနေ့တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့သော အဲရ်အိန္ဒိယ၏ ဒရင်းမ်လိုင်နာလေယာဉ် ခရီးစဉ်အမှတ် AI315 ကို ယခုအခါ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
AI315 သည် ဟောင်ကောင်မှ ည ၁၂း၁၆ နာရီတွင် စတင်ထွက်ခွာခဲ့ပြီး ယင်းနောက် တစ်နာကျော်အကြာတွင် ပြန်လည်ဆင်းသက်ခဲ့သည်ဟု လေယာဉ်လမ်းကြောင်းအချက်အလက် ခြေရာခံရေဒါအရ သိရသည်။
ဟောင်ကောင်-နူးဒေလီခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဘိုးရင်းနှင့် အဲရ်အိန္ဒိယတို့က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
Ref: စီအင်န်အေ