Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesအပြောင်းအလဲလမ်းမှာလျှောက်လှမ်းသူများ

အပြောင်းအလဲလမ်းမှာလျှောက်လှမ်းသူများ

s

စာရေးတဲ့ အချိန်နဲ့ ပြော ရရင်တစ်နေ့ ကလို့ပဲ ပြောပါရစေ။ ၂၃.၆.၂ဝ၁၇ နေ့ကလေ။ အဲဒီနေ့က မုံရွာကမ္ဘာသစ်က ကျွန်တော့်တူ နဂါးလေး မောင်ဝင်းခိုင် ကိုဝင်းဖေ အိမ် ကို ရောက်နေတယ်။ ရန် ကုန်မှာပေါ့။ နဂါးလေးဝင်းခိုင် အစ်ကိုက ကိုဝင်းဖေဆီမှာ ပညာသင်နေလို့၊ တပည့်ရင်း အနီးကပ်လူ ဖြစ်နေလို့။

 မောင်ဝင်းခိုင်က ကျွန်တော် နဲ့ ကိုဝင်းဖေ စကားပြောနိုင် အောင် စီစဉ်ပေးလိုက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ကိုဝင်း ဖေနဲ့ ကျွန်တော်၊ ဘယ်လောက် ဝမ်းသာမလဲ စဉ်းစားသာကြည့် တော့။ “ရုပ်မြင်မှာ စာမျက်နှာ ပြင်မှာ ခင်ဗျားကို တွေ့ရတဲ့ အခါ  အဲဒါတို့နဲ့ ငယ်ကတည်းက အလုပ်အတူ လုပ်ဖက်ပဲလို့ ပြော ပြရတယ်ဗျာ” တဲ့။ ကိုဝင်းဖေက စကားစခဲ့တယ်။ နောက်အသက် တွေ မေးကြမြန်းကြတော့ သူက ၈၂ နှစ် ကျွန်တော်က ၈၃ နှစ်။ ပြော ကြဖြေကြသိရ။

 ပြောပြီးတော့ သတိရစရာလေး တွေနဲ့လွမ်း။ ကိုယ်လျှောက်တဲ့လမ်း ပြန်စူးစမ်းကြည့်။ ခမ်းနားတာတော့မ ဟုတ်။ စဉ်းစားမိတာကတော့ အတွေး မျှင်တန်းမိတာကတော့ကျွန်တော်တို့ တစ်တွေဟာ အပြောင်းအလဲတွေ လမ်းပေါ်မှာ လျှောက်လှမ်းနေကြ တာပါကလားပေါ့။
 ဝင်းဖေ
    ဝက်ရူးပြန်နေသည်
    ကင်းဗက်ပေါ်မှာ
    သတင်းစာ စာမျက်နှာပေါ်မှာ
    ရုပ်ရှင်ပိတ်ကားပေါ်မှာ
    ဖန်သားပြင်ပေါ်ကနေ

အခုမဂ္ဂဇင်းစာမျက်နှာပေါ်ထိ နယ်ချဲ့လာခဲ့တဲ့ ဆရာဝင်းဖေနဲ့ ရွှေဝတ်ရည်တို့ရဲ့ ဆုံစည်းဖို့ လွဲ ချော်မှုလေးတစ်ရပ်ပါ။ ရွှေဝတ်ရည်အက္ခရာစားလုံးက လည်း စက္ကူဖြူ ပေါ်မှာ စာလုံးမည်းတို့ တင်နေတဲ့ အချိန်အခိုက်မို့ ဆရာဝင်း ဖေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ လုပ်ခဲ့ ပေမယ်. လွဲချော်ခဲ့ပါတယ်

မေမြို့မှာကားရိုက်၊ မန္တလေးမှာ ခေတ္တတည်းခိုနေစဉ်ကာလ မတွေ့ခဲ့ ရပေမယ့် ရွှေဝတ်ရည်မဂ္ဂဇင်းက ဆက်သွယ်ရေးလွှတ်ခဲ့သူနဲ့ ဆရာဝင်း ဖေနဲ့ ရန်ကုန်မှာ တွေ့ဆုံဖြစ်ပါတယ်။ ရွှေဝတ်ရည်အတွက် စာမူပေးမယ်၊ ခေတ္တစောင့်ပါဦးလို့ ပြောပါတယ်။ လောလောဆယ်မှာ သူဝက်ရူးပြန် နေပါတယ်လို့ ရယ်သွမ်းသွေးပြီး ပြောပါတယ်။

လက်ညှိုးနဲ့ လက်ခလယ်ကို ဝိုင်းပြပြီး ” ဗီဒီယိုကားတွေ လက်ခံ ရိုက်ကူးနေတာနဲ့ မအားမလပ် ဖြစ် နေတယ်။ ဝက်နောက်ကို လိုက်နေရ တယ်” လို့ပြောပါတယ်။’မျက်မှန်’ ကနေ ‘ဥတုပျက်တဲ့နေ့’ အထိ တရှိုက် မက်မက် ဖတ်ခဲ့တဲ့ စာချစ်သူတို့လည်း ခဏစောင့်ကြည့်ရပါလိမ့်ဦးမယ်။

ဒါက ၁၃.၅.၁၉၉ဝ မှာ ရွှေဝတ်ရည် မဂ္ဂဇင်းအမှတ် ၃ ထုတ် တော့ အဲဒီမဂ္ဂဇင်းမှာ ကိုဝင်းဖေနဲ့ ပတ်သက်လို့ ဖော်ပြလို့ရသေးတယ်။ ကိုဝင်းဖေ ခရီးထွက်တော့  ခရီးရှည် ခရီးရှည်။ အဲခရီးရှည်ထွက်တော့ သေသေချာချာ ပြောရရင် ကိုဝင်းဖေ လွယ်အိတ်ကြီး တလွယ်လွယ်နဲ့ လမ်းသလား လမ်းများ မပန်းမနား တခမ်းတနား သွားနေတဲ့ အချိန်ကျ တော့လာပြီး အပိတ်အဆို့ အဟန့် အတား ဝရမ်းတားသလို အတား ကြမ်းလိုက်ပုံများတော့ ဝင်းဖေ မရေး ရ၊ မဖော်ပြရ ဖြစ်ပါလေရော။ သ တင်းသမား သစ်လွင်တို့ နားရင်းပါး ရင်းများကို ထူလို့ပိန်းလို့ ခံစားရသလို ပါပဲ။

ဒါပေမဲ့ သတင်းသမားတို့နည်း နဲ့ ကိုယ်ပေးချင်တဲ့ သတင်းပေး နိုင်အောင် ကြိုးပမ်းအားထုတ်ကြစမြဲ မဟုတ်လား။ ဟုတ်ပေသပေါ့။ ၂ဝဝ၁ ခုနှစ်ဇွန်လထုတ် ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်းမှာတော့ ပန်းချီ ဆရာပေါ်ဦးသက် အကြောင်းရေး ရင်း ကိုဝင်းဖေအကြောင်းကို ဒီလို ရေးဖြစ်တယ်။

 ဦးလေးနဲ့ အဒေါ်တို့ … အ လိုက်ပုံက ကိုပေါ်ဦးတို့ တစ်နေ့လုံး လျှောက်သွားနေ၊ လက်ဖက်ရည်ဆိုင် ထိုင်၊ ဟိုသွား ဒီသွားနဲ့။ ပြီးတော့ အဲဒီအချိန်က ကိုပေါ်ဦးသက်က အ မြင်ကတ်စရာ ကောင်းတယ်။ ဆင် ယင်ထုံးဖွဲ့မှုက လုံချည်က ချက်ပြုတ်၊ အင်္ကျီကလည်း အပွကြီး။ ဦးထုပ် ကလည်း အဝိုင်းအကြီးကြီး၊ ဘောင်း ဘီဝတ်ရင်လည်း အကျပ်ကလေး၊ အရောင်ကလည်း ကြောင်ပေ့ဆိုတဲ့ အရောင်ဝတ်တာ။ သူ့အချိုးကြည့်၊ ရယ်စရာကြီး။

 ပြီးတော့ အဲဒီအချိန်က ဟိုသူငယ်ချင်း ပန်းချီဆရာ တစ် ယောက် ဟာလည်း ဘယ်လိုလဲ ဆို ဣနြေ္ဒကိုမရှိဘူး။ ခြေထောက်က လည်း အငြိမ်မနေဘူး။ ခါးကလှုပ်၊ ခြေထောက်ကလှုပ်နဲ့။ သူတို့နှစ် ယောက် ကြည့်ရတာကိုက မျက်စိ နောက်စရာကြီး။

 ဒီစကားလုံးတွေက ပန်းချီဆရာ မြန်မာမှုဆရာ ကိုအေးမြင့်ကို ကျွန်တော် တွေ့ဆုံမေးမြန်းတဲ့အခါ ကိုအေးမြင့်က ပြန်လည်ပြောကြားတဲ့ စကားလုံးတွေပါ။

 ပြောလက်စနဲ့ ဆက်ပြောရဦး မယ်။ ကိုဝင်းဖေ ခရီးမထွက်ခင် အမှတ်၃ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ”ဝင်းဖေ ဝက်ရူးပြန်နေသည်’ အနု ပညာသတင်း ကျွန်တော်ကိုယ်တိုင် ရေးပြီး ဖော်ပြပြီးတဲ့နောက် မီမီ ဝင်းဖေကို အင်တာဗျူး လုပ်ထား တာကိုတော့ ‘သမီးဝင်းဖေ မန္တလေး ရောက်ခိုက်’ ဆိုပြီး ရွှေဝတ်ရည် အမှတ် ၄ မှာ ဖော်ပြနိုင်ခဲ့တယ်။

ဒီကလေးကို ငယ်ငယ်ကတည်း က ကိုဝင်းဖေ သမီးတစ်ယောက် အနေနဲ့ ခင်မင်ရင်းစွဲ ရှိခဲ့တာမို့ နောင်အခါ အဆိုတော်ဖြစ်လာတဲ့ အချိန်မှာလည်း သူ့သီချင်း သူ့ သတင်းလေးတွေ ကြားရတော့ ဝမ်းသာပီတိ ဖြစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော် ၃ဝ နီးပါးက ရိုက်ခဲ့တဲ့ မှတ်တမ်းတင်ခဲ့တဲ့ သူ့ပုံလေးတွေကို ဖော်ပြလိုက်ပါတယ်။ သူဆိုခဲ့တဲ့ သီချင်းကလေးတွေ ဖန်တီးရှင် ကလည်း ကျွန်တော်နဲ့ စန္ဒရားအတူ သင်ခဲ့တဲ့ အဉ္ဇလီ မောင်မောင်လေ။ စန္ဒရား ဆရာက ကိုသိမ်းမောင်။

ဒီအကြောင်းကလေးတွေ ရှိခဲ့လို့ အခုဇွန်လ ၂၃ ရက်နေ့က ကိုဝင်းဖေနဲ့ ကျွန်တော် လေလှိုင်း ထဲမှာ စကားပြောရတော့ ‘မီမီ’ ကို လည်း သတိရကြောင်း ပြောပေးပါ ဗျာလို့ ပြောလိုက်ရသေးတယ်။

 မောင်သစ်လွင် (လူထု)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071