Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeMoviesအခြေခံ လူ တန်းစားနဲ့...

အခြေခံ လူ တန်းစားနဲ့ ပိုက်ဆံရှိ ခရိုနီလူတစ်စုတို့ ရဲ့ ပဋိပက္ခဖြစ်ရပ်အကြောင်း ရိုက် ကူး မယ့် ရုပ် ရှင် ဇာတ် ကား ကန် တော့ ပွဲ

rsquare

R Square ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး  ဒါရိုက်တာ စတီးလ်  (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်မယ့်  ‘သခင်ကြီးနှင့် ငါးပိတို့ စရာ’ ရုပ်ရှင် ဇာတ်ကားကန်တော့ပေးပွဲကို သြဂုတ် လ ၂၄ ရက်နေ့ မနက် ၇ နာရီက ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ် ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ထွန်းကိုကို ၊ ထူးခြား၊ ရဲရင့်ထူး၊ မင်းခ၊ နေရဲ၊ သိန်းလင်းစိုး၊ ဇင်ဝိုင်း၊ နိုင်လူ၊ သက်မွန်မြင့် ၊ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားက အခြေခံ လူ တန်းစားနဲ့ ပိုက်ဆံရှိတဲ့ ခရိုနီလူ တစ်စုရဲ့ ပဋိပက္ခဖြစ်ရပ် အကြောင်းအရာလေးတွေကို အခြေခံပြီး ရိုက် ကူးသွားမှာပါ။ ဒီဇာတ်ကားက မင်းသမီးဇာတ်ဆိုပေမယ့်  မင်းသားထွန်းကိုကို ကိုခေါင်းဆောင်အနေနဲ့ ရိုက်ကူးပြီး ကျန် တဲ့လူငယ် လေးတွေပါမယ်။ မင်းသမီးဇာတ်ဆိုတော့ အပြောင်း အလဲ လည်းဖြစ်ချင်တယ်။ ဇာတ်နဲ့လိုက်ဖက်မယ့် သက်မွန်မြင့်နဲ့ ရွှေသမီးကို ရွေးလိုက်ပါတယ်။ ဒီဇာတ်ကားကနေ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက မိန်းကလေးတွေပေါ့နော်။ ဥပမာပြောရရင်  အများ နဲ့တော့ မဆိုင်ပါဘူး။ တချို့မိန်းကလေးတွေပေါ့။ အမှိုက်ကစ မီးလောင်တတ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခု နိုက်ကလပ်တွေ ဖွင့်ထားတယ်။ အဲဒီကနေစတဲ့ ပြဿနာလေးတွေ ဖြစ်လာတယ်။ အဲဒီလိုကနေ နိုက်ကလပ်ဆိုတာ မကောင်းဘူးဆိုတဲ့အကြောင်းလေးတွေကို ချပြကာ အသိပညာပေးထားပါတယ်” လို့ ပြောပြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ -မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071